အခန်း - ၂၉ (U+Z)

1.3K 157 0
                                    

(Unicode)

အခန်း - ၂၉

        မိဖုရားကြီး၏ ဘက်မှ တပ်မှူးသူရက စစ်မြေပြင်သို့ ရောက်သည့်အခါ အဝေးဆီမှ ကျားစစ်တပ်ကို ကြည့်လိုက်သည်။ လက်ရှိ စစ်မြေပြင်သည် မဏိဟေဝန် တောစပ်နှင့် နန်းမြို့ရိုး၏ အကြား၌ ရှိသည့် မြေကွက်လပ် ဖြစ်သည်။ စစ်မြေပြင်၏ အကျယ်မှာ ဧကနှစ်ရာခန့်ရှိပြီး အတော်ကလေး အလှမ်းဝေးသည်။ ထို့အတွက် ကြောင့်လည်း တပ်မှူးသူရက လှမ်းကြည့်လိုက်သည့်အခါ တစ်ဖက်မှ စစ်တပ်ကို မှုန်ဝါးဝါး ကလေးသာ မြင်ရသည်။

ထို့နောက် သူက စစ်တပ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး စစ်မြေပြင်၏ အလယ်၌ ရှိနေသည့် စစ်တပ်နှင့် ပေါင်းစည်းလိုက်သည်။ နှစ်ဖက်စလုံးသည် အတော်ကလေး အလှမ်းဝေးသည့် နေရာ၌ ရပ်လိုက်ကြသည်။ ထို့နောက်တွင် တစ်ဖက်စီမှ ခေါင်းဆောင်တစ်ဦးစီ စစ် မြေပြင်၏ အလယ်သို့ ထွက်လိုက်ကြသည်။

        တစ်ဖက်မှ ထွက်လာသူက တပ်မှူး သူရပင်ဖြစ်သည်။ ယခုတစ်ကြိမ် စစ်ကြောင်းကို သူက ဦးဆောင်ရမည်ဖြစ်လေရာ ယခုသူက ပထမဦးစွာ ထွက်လိုက်သည်။

ဒိဗ္ဗသည် တစ်ဖက်မှ စစ်ကြောင်းချီလာသူကို ဝါးဆစ်ပိုင်းများဖြင့် ပြုလုပ်ထားသည့် အဝေးကြည့် ကရိယာဖြင့်ကြည့်လိုက်သည်။ တစ်ဖက်မှ ထွက်လာသည့်သူမှာ တပ်မှုးသူရ ဖြစ်ကြောင်း သေချာသည်နှင့် လှံရှည်ကို တစ်ချက် တင်းကျပ်စွာ ကိုင်ကာ မြင်းကို ခြေဖြင့်ကန်လိုက်သည်။ ထိုအခါ မြင်းသည် အလန့်တကြား ဟီလိုက်ပြီးရှေ့သို့ ပြေးတက်သွားလေသည်။ ယခု စစ်မြေပြင်၏ အလယ်၌ တပ်မှူးသူရနှင့်တပ်မှူးဒိဗ္ဗတို့က ထိပ်တိုက်တွေ့ဆုံ ပေတော့မည်။

" သူရ မတွေ့ရတာတောင်ကြာပြီ တစ်ချိန်က မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးတာကို ထောက်ချင့်ပြီး တောထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ငါက မေ့ထားလိုက်မယ် မင်းက အမြင်မှန် မရသေးဘူးလား "

" ဟားဟား...ဒိဗ္ဗ ငါက အမြင်မှန်မရဘူး ဟုတ်လား၊ အခုချိန်မှာ အာဏာကို လက်ကိုင်ထားတာက ဘယ်သူလဲ မင်းရဲ့ မင်းသားလား မိဖုရားကြီးလား "

" မဟုတ်တမ်းတရားတွေ တော်စမ်းသူရ မင်းက ငါဘယ်လိုပြောပြော ရမယ့်ပုံလည်းမပေါ်ဘူး မင်းက အမှောင်ဖုံးသွားပြီသူရ အခုမှတော့ ငါတို့က တိုက်ခိုက်ဖို့ပဲ ရှိတော့တာပေါ့ "

The Story Of A Prince (Complete - BL)Where stories live. Discover now