Alfronite

434 40 52
                                    

" အမြဲတမ်း အဲ့လိုဖြစ်နေတာကြီးကတော့ မဟုတ်သေးဘူးမို့လား "

စိတ်ပျက်လက်ပျက် ညည်းညူသံနဲ့ အဲလစ်က ကိုယ့်ကိုကိုယ်မေးလိုက်မိတယ်။ အဲလစ်ထိုင်နေတဲ့ မှန်တင်ခုံရှေ့မှာ ရက်လွန်ပြီးတဲ့ ရေမွှေးတွေနဲ့ အရောင်ပျက်ပြယ် နေတဲ့ မိတ်ကပ်ဘူးဟောင်းတွေ ရှိတယ်။ အသက်ဆယ့်သုံးနှစ်နဲ့ မလိုက်အောင် အိုစာနေတဲ့ကလေးမလေး အဲလစ်ရဲ့ ပုံစံဟာ စိတ်ကျရောဂါကို အရှုံးပေးချင်နေသလိုမျိုး ပုံစံပေါက်တယ် ။ လပေါင်းများစွာသောက်ရတဲ့ ဆေးဒဏ်ကြောင့် ဝိတ်တက်လာတဲ့ အခါ အတန်းထဲက တချို့သော ကောင်လေးတွေက စနောက်ကြတယ် ။ နစ်နာ​စေလိုစိတ်မရှိတာသိပေမယ့် လေတိုက်ရင် ဆပ်ပြာပူဖောင်းပေါက်သလိုမျိူး ဖြစ်ရပ်နဲ့ ဆင်တူတယ်။ ပူ​ဖောင်းလေးပေါက်ပါစေလို့ ရည်ရွယ်ချက်နဲ့ လေတိုက်တာမဟုတ်ပေမယ့် ၊ လေတိုက်လိုက်တဲ့ အရှိန်ကြောင့် ပူဖောင်းမျက်နှာပြင်ပေါ်က ဆပ်ပြာရည်တွေက ဆန့်ကျင်ဘက်ကိုသွားစုပြီး နောက်ဆုံးအမြှုပ်လေး ပေါက်သွားသလိုပေါ့ ။

ခပ်ပါးပါးရယ်သံကြားလို့ လှည့်ကြည့်တော့ ဆူဇန်က အခန်းတံခါးဝကနေဖြည်းဖြည်းချင်း ဝင်လာတယ် ။ ဆူဇန်က အဲလစ်နဲ့ မတူဘူး ၊ လူငယ်ကိုမှ အဲလစ်ထက် အနှစ်နှစ်ဆယ်ကျော်ပိုကြီးတဲ့ အမျိူးသမီးတစ်ယောက် ၊ ချောမောတယ် ၊ အရပ်ရှည်တယ် ။ ပြီးတော့ ပိန်ပါးပြီး သွက်လက်တယ် ။ ပြီးတော့ အဓိက ကွဲပြားချက်က တက်ကြွတယ်။

"အဲ့လိုဖြစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ၊ ပင်ပန်းနေတာလား၊ အချစ်လေးရဲ့ ? ဟင် ဖြေပါအုန်း"

အနားကပ်လာတဲ့ ဆူဇန်ဆီက ဒီဇိုင်နာရေမွှေးနံ့ ဟာ ချယ်ရီပန်းနံ့ကိုမှ အနည်းငယ် ရှတတဖြစ်နေတဲ့ အနံ့ရတယ် ၊ ဆူဇန်က သူ့ရဲ့ ရှည်လျားတဲ့ လက်သည်းတုတွေကပ်ထားတဲ့ လက်ချောင်းရှည်ရှည်ရှိတဲ့ လက်တွေနဲ့ အဲလစ်နဲ့ နားနှစ်ဖက်လုံးကိုပိတ်ထားလိုက်တယ် ။

"ကဲ အခုတော့ မင်းရဲ့အတွေးတွေကိုရော ၊ မင်းရဲ့ နားတွေကိုရော ပိတ်ထားလိုက်ပါကောင်မလေး "

ဆူဇန်ရဲ့ စကားသံက အဲလစ် ခန္ဓာကိုယ်တွင်းတစ်နေရာရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကနေ ထွက်လာတယ်။ သူတို့ နှစ်ယောက်ရဲ့ အကြီးမားဆုံး မတူညီမှုကတော့ အဲလစ်က သက်ရှိလူသားဖြစ်ပြီး ဆူဇန်က တကယ်မရှိဘူး ။ ရှင်းရှင်းပြောရရင် ဆူဇန်က လူလည်း မဟုတ်ဘူး ၊ သရဲဝိဉာဉ်လည်း မဟုတ်ဘူး ၊ အဲလစ်ရဲ့ alter ပဲ ။

Alfronite (One Shot) Where stories live. Discover now