၅၈ (side couple)

Start from the beginning
                                    

ထို့အပြင် ရန်းချီ၏ နှုတ်ခမ်းလွှာများမှာလည်း ယခင်ကကဲ့သို့ တုန်ရီနေခြင်း မရှိတော့။ ထိုအစား သူသည် ကျွမ်းကျင်စွာဖြင့်ပင် ချန်းရွှီ၏ နှုတ်ခမ်းအစုံထက်သို့ အနမ်းတစ်ပွင့်အား ညင်သာစွာ ခြွေလာသေးလေသည်။ ထို့နောက် သူက ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ရင်း ချန်းရွှီ၏မေးခွန်းအား အဖြေပြု၏။

"သေချာပေါက် အစ်ကိုရွှီနဲ့ ချစ်တင်းနှောဖို့ ကြိုးစားနေတာပဲပေါ့"

ရန်းချီသည် ပြောရင်းဆိုရင်း သူ၏အောက်ပိုင်းကိုယ်ထည်အား အသုံးပြု၍ ချန်းရွှီ၏လျှို့ဝှက်တစ်နေရာထံသို့ တွန်းထိုးလာခဲ့လေသည်။

ချန်းရွှီကမူ ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်အား ချမိလျက်။ ယခုလက်ရှိ အခြေအနေမှာ သူထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပါကြောင်း သူကိုယ်တိုင်လည်း နားလည်ပြီး ဖြစ်ရ၏။ ထို့အပြင် သူ၏ဘောင်းဘီရှည်များမှာ ဆွဲချွတ်ခံထားရပြီး ဖြစ်၍ ကျန်ရှိနေသည်မှာကား အောက်ခံဘောင်းဘီတစ်ထည်တည်းသာ ဖြစ်ရသည်ပင်။

ရန်းချီက သူ၏တစ်နေရာထံသို့ ပွတ်တိုက်လာသည့် အခိုက်တွင် ချန်းရွှီသည် တစ်ဖက်လူ၏ပစ္စည်းက မည်မျှအထိ မာထောင်၍ ပူပြင်းနေပြီ ဖြစ်ကြောင်းကိုလည်း ခံစားမိရပြန်သေး၏။ ၎င်းပစ္စည်းမှာ ဘောင်းဘီအကာတစ်ခု ခြားထားခြင်းခံရသည့်တိုင် လွန်စွာမှ ထိတ်လန့်စရာကောင်းအောင် တက်ကြွနေဆဲ။

ထို့ကြောင့် ချန်းရွှီသည် ဦးစွာပထမ မိမိကိုယ်ကို စိတ်ငြိမ်အောင် ထိန်းချုပ်လိုက်ကာ တစ်ဖက်လူအား အသာအယာ ဖြောင်းဖြလာရတော့လေသည်။

"မင်းက ငါ့ကို ဆေးခတ်ရုံမကလို့ အခု အလိုမတူဘဲ အနိုင်ကျင့်ဖို့ပါ ကြံနေပြန်ပြီပေါ့လေ!? ဒါက ပြစ်မှုမြောက်တယ်ဆိုတာ မင်းသိရဲ့လား။ ဒီနေ့ပါတီပွဲကို ဥပဒေဌာနချုပ်က အကြီးအကဲတစ်ယောက်လည်းလာပြီး အမှန်တရား ဘတ်တော်သား ရှေ့နေတစ်ယောက် ဖြစ်တဲ့ မင်းရဲ့တတိယအစ်ကိုကလည်း ရှိနေသေးတယ်။ သူတို့ရဲ့မျက်နှာကိုမှမထောက် ဒီလိုလုပ်ဦးမလို့လား? မင်းက တည်ထောင်သူမျိုးနွယ်ဝင် ဖြစ်နေရင်တောင် အပြစ်မလွတ်နိုင်ဘူး! အဆိုးဆုံးအနေနဲ့ အဆင့်နိမ့်ကမ္ဘာအထိ နှင်ထုတ်ခံရနိုင်တယ်"

Application For Divorce  [ 离婚申请 ] Where stories live. Discover now