၂၅

12.9K 1.9K 132
                                    

Unicode

သူ့မှာ နောက်တစ်ယောက်ရှိတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား!?

ချန်းကျင်းသည် ရန်းချီ၏အပြုအမူများက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိ၏။ ၎င်းမှာ တစ်ဖက်လူက သူ့အား တမင်သက်သက် ပစ်မှတ်ထားနေသလိုမျိုးပင်။

တစ်ဖက်မှ ရန်းချီကမူ မီးဖိုချောင်ထဲမှ ညီအစ်ကိုနှစ်ယောက်၏ စကားဝိုင်းအား စိတ်မဝင်စားဟန်ဖြင့် တစ်လျောက်လုံး ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့အားလုံး တစ်စားပွဲတည်းထိုင်၍ အစာစားနေချိန်မှာမှ သူက ရုတ်တရက် စကားစလာလေ၏။

"လက်ထပ်တဲ့အကြောင်းပြောခါမှ အမှတ်ရတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက ရှောင်ကျင်းနဲ့ စေ့စပ်ခဲ့ဖူးသေးတာပဲနော်"

သူ၏စကားကြောင့် စားပွဲဝိုင်းရှိ လူအားလုံး၏ လှုပ်ရှားမှုများမှာ ရပ်တန့်လို့သွားရ၏။ တစ်ချိန်လုံး ချန်းရွှီအနားတွင်ကပ်၍ ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေသော ချန်းချန်းသည်ပင် သူတို့၏မူမမှန်မှုကို သတိထားမိသဖြင့် ချက်ချင်းငြိမ်ကျလာသည်ပင်။ ယခုအချိန်တွင် စိတ်အရှုပ်ရဆုံးလူမှာ ချန်းကျင်းသာ ဖြစ်လိမ့်မည်။ သူသည် အလွန်အမင်း အံ့ဩသွားမိ၍ ရန်းချီကို ဘာပြန်ပြောလို့ ပြောရမှန်းလည်း မသိတော့ပါပေ။

သူတို့နှစ်ယောက်ဟာ ငယ်ငယ်က စေ့စပ်ခဲ့ဖူးသည်တဲ့လား!? ဘာကြောင့် သူကိုယ်တိုင်တောင် ထိုအကြောင်းအား မသိခဲ့ရပါလိမ့်? ထို့အပြင် ရန်းချီက သူ့ကို ရှောင်ကျင်း ဟုပင် ခေါ်ဆိုလာသေးသည်!?

သူနှင့်ရန်းချီမှာ ငယ်စဉ်ကတည်းကစ ဆော့ဖော်ဆော့ဖက်များ ဖြစ်ခဲ့ကြသည် မှန်သော်ငြား ထိုသူသည် သူ့အားတစ်ခါမျှ ယခုကဲ့သို့ ချစ်စနိုး မခေါ်ဆိုခဲ့ဖူးပါပေ။ ထို့အပြင် ယခုအချိန်၌ သူက လူလွတ်တစ်ယောက်လည်း မဟုတ်တော့သည့်အပြင် ဘေးနား၌ အမျိုးသားဖြစ်သူကလည်း ရှိနေသေးသည် မဟုတ်ပါလား။ ရန်းချီဟာ ဘာကြောင့်များ သူ့ကို အနေရခက်စေသည့် စကားမျိုး ပြောရပါသနည်း။

ယခုကဲ့သို့ အေးစက်နေသည့် အခြေအနေမှ ပထမဆုံး နိုးထလာသူမှာ အိုက်ရွှယ် ဖြစ်သည်ပင်။ သူက ညင်သာစွာပြုံးရင်း အမေးစကားပြုလာ၏။

Application For Divorce  [ 离婚申请 ] Where stories live. Discover now