၂၂

13.2K 1.8K 164
                                    


Zawgyi

အစ်ကိုက ဘာစားရတာကို ကြိုက်တာလဲ!?
ရိုးသားစမ်းပါဗျာ~

ချန်းကျင်းသည် အဘယ်ကြောင့် မိမိ၏ယဲ့မင်ကျူးက လုထောင်၏ရုံးခန်းထဲတွင် ရှိနေမှန်း နားမလည်နိုင်တော့ပါပေ။ ထို့အပြင် ယခုအချိန်၌ လုထောင်က အတိတ်မေ့နေသည်ဖြစ်ရာ ၎င်းအကြောင်းအား သူ့ဆီ မေးလျှင်တောင် ဘာမျှပြန်သိရမည် မဟုတ်။

ချန်းကျင်းက အတန်ကြာသည်အထိ ဘာမှပြန်မပြောဘဲ ငြိမ်နေသောအခါ လုထောင်သည် မျက်ခုံးတို့ကို တွန့်ကွေးလျက် အနည်းငယ် စိတ်မကျေမနပ် ဖြစ်လာရတော့၏။

"ဘာလဲ။ ကိုယ်ယူလာတာကို သဘောမကျဘူးလား"

သူ၏စကားကြောင့် ချန်းကျင်းသည် အသိစိတ်ပြန်ဝင်လာကာ အလျင်အမြန် ပြန်ဖြေလေသည်။

"မဟုတ်ပါဘူး။ သဘောကျတယ် ကျွန်တော် အရမ်းသဘောကျတယ်!"

သူသည် လုထောင်၏လက်ထဲမှ ယဲ့မင်ကျူးကို ယူ၍ အနီးကပ် သေချာကြည့်လိုက်ရာ ၎င်းမှာ အတိတ်အခါက သူ၏ပစ္စည်းနှင့် တစ်ပုံစံတည်းဖြစ်ကြောင်း တွေ့ရပေသည်။ အထဲတွင် တန်ဆာဆင်ထားသော ကြယ်ပွင့်လေးများ၏ တည်နေရာမှအစ တစ်ခုနှင့်တစ်ခုအကြားရှိ အကွာအဝေး သတ်မှတ်ချက်မှာလည်း သူကိုယ်တိုင် ဖန်တီးခဲ့သည့်အတိုင်းပင်။ ၎င်းယဲ့မင်ကျူးကို အခါခါ ကြည့်ရှုလေ သူ၏ပစ္စည်းဖြစ်ကြောင်း ပို၍သေချာလေ ဖြစ်ရကာ အတော်လေး စိတ်ရှုပ်နေမိတော့၏။

တစ်ဖက်မှ လုထောင်ကမူ ချန်းကျင်း၏ အတွင်းစိတ်ကို မမြင်နိုင်ခဲ့ပါပေ။ သူသည် ချန်းကျင်း၏တုံ့ပြန်ပုံနှင့် ပတ်သက်၍ မကျေနပ်သဖြင့် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လာကာ လက်တွဲဖော်လေး၏ မျက်နှာပြင်ကို ဖျစ်ညှစ်၍ အသာအယာ ဆွဲဆိတ်လာလေ၏။

"ဒါက သဘောကျတဲ့ မျက်နှာထားလား"

ချန်းကျင်းသည် ခဏမျှ ကြောင်သွားမိပြီးနောက် လုထောင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ခြေဖျားထောက်ရင်း သူ့နှုတ်ခမ်းလွှာအား အနမ်းတစ်ပွင့် ပေးလာသည်။

"ကျွန်တော် သဘောကျတယ်။ အရမ်း အရမ်း သဘောကျပါတယ်။ ဒါလင့်ကို ကျေးဇူးတင်တယ်နော်"

Application For Divorce  [ 离婚申请 ] Where stories live. Discover now