၁၁

14.8K 2.1K 67
                                    

Unicode

ကွန်ဒုံးများ

လုထောင်၏ပစ္စည်းတစ်ခုလုံးသည်ကား တစ်ဖက်လူ၏ နှုတ်ခမ်းဝအတွင်းမှ ထုတ်ယူပြီးသွားသည့်တိုင် ထိပ်ဖျားပိုင်း၌ အဖြူရည်အကြောင်းတစ်ခုက ရှိနေသေးရာ ၎င်းပုံစံသည် အတန်ပင် ညစ်ညမ်းသည့်ပုံ ပေါက်နေလေတော့၏။ သူ၏အသက်ရှုသံတို့ ပုံမှန်မဖြစ်သေးခင်မှာပင် ချန်းကျင်းသည် အရှေ့သို့အနည်းငယ်တိုးလာ၍ သူ၏လျှာဖျားနှင့် ပစ္စည်း၏ထိပ်ဖျားတွင် ကျန်ရစ်နေသော ၎င်းအရည်တို့ကို ညင်သာစွာ လျက်လာခဲ့ပေသည်။ လည်ဇလုပ်ကလည်း အထက်အောက်ရွေ့လျားလျက်ရှိရာ သူသည် ၎င်းအဖြူရည်အားလုံးကို မြိုချပစ်လိုက်ကြောင်းက သိသာအသာ။

လုထောင်သည် မိမိ၏အရှေ့မှ မြင်ကွင်းကြောင့် အထိန်းအကွပ်မဲ့လာရကာ နောက်တစ်ဖန်ပြန်ပြီး မာချင်သလိုပင် ခံစားမိလေ၏။ သူသည် မိမိ၏လက်ချောင်းထိပ်များနှင့် ချန်းကျင်း၏နှုတ်ခမ်းလွှာတို့ကို ပွတ်သပ်ပေးလိုက်ရင်း တိုးတိုးလေး ဆိုလာခဲ့သည်။

"အဆင်ပြေရဲ့လား"

"ကျွန်တော်အဆင်ပြေပါတယ်"

ချန်းကျင်းသည် ခပ်လျော့လျော့လေး ပြုံးပြလာရင်း သူ၏လျှာဖျားနှင့် နှုတ်ခမ်းအစွန်းမှာ ကျန်ရစ်နေသော အရည်အချို့ကို လျက်လာပုံမှာ အစာဝလင်အောင်စားရသဖြင့် ကျေနပ်နေသော ကြောင်လေးတစ်ကောင်ကဲ့သို့ပင်။ လုထောင်သည် စိတ်မထိန်းနိုင်တော့ပါဘဲ အလျင်အမြန်ပင် သူ့ကို အပေါ်သို့ဆွဲထူလိုက်ပြီး နှုတ်ခမ်းလွှာတို့ကို ဖိကပ်၍ နမ်းရှိုက်လာခဲ့ပေ၏။ ရုတ်တရက် သူသည် တစ်ဖက်လူ၏ပါးစပ်အတွင်းမှ စွဲညိနေသော အရသာတချို့ကို ခံစားမိလိုက်သောအခါ မသိလိုက်ဘာသာနှင့် လွှတ်လိုက်မိ၍ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။

"ဒါကြီးက လုံးလုံးအရသာမရှိဘူး"

ချန်းကျင်းသည် ကပျာကယာနှင့် မိမိ၏နှုတ်ခမ်းလွှာတို့ကို လက်ဖြင့်အုပ်လိုက်မိ၏။ သူ၏မျက်ဝန်းများကမူ အနည်းငယ် ကသိကအောက်ဆန်စွာ ပြုံးရယ်နေလျက်။

"နည်းနည်းလေး ညှီနံ့နံတယ်မလား"

"အင်း"

Application For Divorce  [ 离婚申请 ] Where stories live. Discover now