(U) Extra 1 _ Chapter (12) ထာဝရအချစ်

Start from the beginning
                                    

"နင် နေမကောင်းဘူးလား!"

သူမက သူ့ကို တိတ်တဆိတ်နှုတ်ဆက်လိုက်သည်။

ကျိုးယွင်ရှန့်က သူမကို အေးစက်စွာကြည့်လိုက်ပြီး သူ့ကိုယ်ပိုင် အကျိုးစည်းပွားကို တွေးကာထွက်သွားသည်။

ဟိုတယ်ကိုပြန်ရောက်တော့ သူက စန္ဒယားရှေ့မှာထိုင်ပြီး ပြိုင်ပွဲမှာ သူ တီးခဲ့တဲ့ သီချင်းကို ပြန်တီးလိုက်ကာ ဒေါသတကြီးနှင့် သူက ပြောလိုက်သည်။

" ကျွန်တော်က ဘယ်လိုလုပ် မကောင်းရတာလဲ။ စန္ဒယားသံက ဝိညာဉ်ရှိလို့လား။ ကျွန်တော် အဲဒါကိုမယုံဘူး။ တေးသွားမှာ အမှားမပါသရွေ့ ဘယ်သူတီးတာဘဲဖြစ်ဖြစ် အတူတူဘဲ မဟုတ်လား။ "

" မဟုတ်ဘူး၊ မင်း မှားတယ်။ ဝိညာဉ်မပါတဲ့ တေးဂီတနှင့်ဝိညာဉ်ပါတဲ့ ဂီတက အလွန်ကွဲပြားခြားနားလိမ့်မယ်။ "

ရွှယ်ဇီရွမ်သည် သူ့အနားသို့လျှောက်လာပြီး ပြောလိုက်သည်။ ထိုစကားသံကိုကြားတော့ ကျိုးယွင်ရှန့်၏ မျက်လုံးများက မှေးစင်း သွားခဲ့သည်။

"ငါ မင်းအတွက် သီချင်းတစ်ပုဒ်တီးပြမယ် ဆိုရင် ဘယ်လိုလဲ"

ကျိုးယွင်ရှန့်ကခေါင်းညိတ် သဘောတူလိုက်သည်။ ရွှယ်ဇီရွမ် စန္ဒယားတီးသည်ကို သူ တစ်ခါမှမကြားဖူးပေ၊ သူက တီးဖို့ ရွှယ်ဇီရွမ့်ကို ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး။ လူတိုင်းက ရွှယ်ဇီရွမ်ဟာ ဒီရာစုနှစ်တွေရဲ့အကြီးမြတ်ဆုံး စန္ဒယားပညာရှင်တစ်ယောက်လို့ပြောပြီး သူ့ရဲ့အောင်မြင်မှုတွေက သူ့နည်းပြ Olsen's ထက်တောင်ကျော်လွန်ခဲ့ပေမယ့် ရွှယ်ဇီရွမ်က စန္ဒရားကိုသိပ်မကြိုက်ဘူးလို့ ကျိုးယွင်ရှန့် ခံစားခဲ့ရတယ်။

"ခင်ဗျားက ဘာ သီချင်းကို တီးမှာလဲ.... "

သူက စူးစမ်းစွာမေးလိုက်သည်။

"" ငါ့ရဲ့ထာဝရ" လို့ခေါ်တဲ့ ငါ့ကိုယ်ပိုင်ဖန်တီးမှု တေးသွားအပိုင်းအစတစ်ခုကို ငါတီးမယ်။"

ရွှယ်ဇီရွမ်ကခေါင်းကိုမော့ပြီး ကောင်လေးကို ငေးကြည့်လိုက်ပြီး " တရုတ်နာမည်ကို " ထာဝရအချစ်" လို့ စကားလုံးတစ်လုံးစီ ပြောင်းပြခဲ့သည်။

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now