" မောင် အဆင်ပြေရဲ့လား "
" ရေသောက်ချင်တယ် "
" အာ ဟုတ်ပြီ ဟုတ်ပြီ ခဏ ကျွန်တော် ခပ်ပေးမယ် "
အခန်းထောင့်ကစားပွဲပေါ်မှာရှိတဲ့ ရေဘူးဆီဆော့ဂျင်လျှောက်သွားလိုက်သည်။
ဆော့ဂျင်ရေဖြည့်နေတုန်း နောက်ကျောဘက်ဆီကမောင့်ရဲ့အပွေ့အဖက်နုနု။
" မောင် တောင်းပန်ပါတယ် ပြီးတော့ မောင်ကြောက်တယ် တိမ်ငယ်မောင့်ကိုထပ်ပြီးထားသွားမှာကိုမောင်သေမလိုကြောက်တယ် မောင့်ကိုခွင့်လွှတ်ပါ "
"တကယ်တော့ ကျွန်တော်ကတောင်းပန်သင့်တဲ့သူမလား"
ဆော့ဂျင်မောင့်ဘက်ကိုလှည့်လိုက်သည့်တိုင်မောင်က သူ့ကိုပွေ့ဖက်လျက်။
" ကျွန်တော်သာ တစ်လွဲမာနတွေမကောက်ခဲ့ အရူးလိုမတွေးခဲ့ရင်မောင်အခုလိုဖြစ်နေမှာမဟုတ်ဘူးလေ အဲ့တော့မောင်ကပဲကျွန်တော့်ကိုခွင့်လွှတ်ပါ "
" မနေ့က တိမ်ငယ်က မောင့်ကိုအော်တယ် မောင်တကယ်လန့်သွားခဲ့တာ တိမ်ငယ်ကအရမ်းဆိုးတာပဲ"
" ဟုတ်ပနော် ကျွန်တော်ကအရမ်းဆိုးတာပဲ မောင့်ကိုဝမ်းနည်းသွားအောင်လုပ်မိပြီ"
" တိမ်ငယ် မွေးနေ့မှာ ဘာလိုချင်လဲ "
" ဟန်မြစ်ကမ်းနဲ့မောင်နဲ့ "
" ဟားဟား မောင်က တိမ်ငယ့်အပိုင်ပေမဲ့ ဟန်မြစ်ကမ်းကတော့အများပိုင်တဲ့ဘယ်လိုလုပ်မလဲ"
" ကျွန်တော်လိုချင်ရင် ကျွန်တော်သာတန်ဖိုးထားမယ်ဆို ကျွန်တော့်အပိုင်ပဲပေါ့မောင်ရဲ့ "
" အတတ်လေး "
ထို့နောက် မောင်က သူ့နားသယ်စပ်ကို နှုတ်ခမ်းထူတို့ဖြင့် နမ်းရှိုက်ေးသည်။
" တိမ်ငယ်အတတ်လေးကိုမောင်ချစ်လိုက်တာ "
" လျှောက်သွားကြမယ်လေ မောင် ကျွန်တော့်မွေးနေ့အမှတ်တရ "
"အိုကေ မောင်ပြင်ဆင်လိုက်မယ် "
" ဟင့်အင်း suprise ဘာညာမလုပ်နဲ့မောင် ကျွန်တော်က ကျွန်တော့်ရဲ့ Nature ကိုပဲလိုချင်တာ ကျွန်တော်ရဲ့ ကောင်ဆိုးလေးအဖြစ်နဲ့ပဲနေပေး "
YOU ARE READING
တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete
FanfictionUni ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်ချစ်ခဲ့တာပေါ့...... Zawgyi ဖမ်းဆုပ်ဖို့မတတ်နိုင်တဲ့တိမ်စိုင်ငယ်လို မင်းကို ကိုယ်က သိပ်ချစ်ခဲ့တာပေါ့......