835 123 61
                                    

Uni
စားပွဲပေါ်က ဆန်ပြုတ်ပန်းကန်နဲ့ ဆေးအချို့ကြောင့် ဆော့ဂျင် အံ့သြသွားရသည်။

မောင်များလား။ အခန်း password သိတာ က မောင်တစ်ယောက်ပဲရှိတာလေ။

မောင်ရောက်လာခဲ့တာပေါ့။

ဆော့ဂျင် ခုံမှာ ဝင်ထိုင်ရင်း ဆန်ပြုတ်လေးကို ဒီတိုင်း ခပ်သောက်လိုက်သည်။

အေးစက်နေတဲ့ ဆန်ပြုတ်သည် ထူးခြားစွာ နွေးထွေးနေသယောင်။

ဆော့ဂျင်မျက်နှာလေး ပြုံးယောင်သန်းသွားသည်။

" အဲ့လိုခဏခဏလုပ်နေရင် ကျွန်တော်တော့ နောင်တရနေတော့မှာပဲ မောင်ရယ် "

ဆန်ပြုတ်ပန်းကန်ကို ဘယ်ဘက်သို့တွန်းပို့ရင်း

စားပွဲခုံကို ခေါင်းအုံးအိပ်တော့ မောင့်အကြောင်းတွေဟာ ခေါင်းထဲရောက်လာပြန်သည်။

အတွေးတွေကို နှင်ထုတ်ဖို့ မကြိုးစားမိသည်က အမှားတွေထဲက အမှားတစ်ခု။

အပြင်မှာ နေသာနေသည်။ မောင့်အကြောင်း တွေးဖို့ အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

...............
၂၀၁၇ ခုနှစ် ဂျူလိုင် ၂၉ ရက်နေ့

တိုက်ခန်းရှေ့က လူခေါ်ခေါင်းလောင်းထံမှ အသံအဆက်မပြတ်ထွက်လာနေခဲ့သည်။

ရေချိုးပြီးခါစ စိုစွတ်နေတဲ့ ခေါင်းတွေကို သဘတ်နဲ့ သုတ်ရင်း အခန်းတံခါးကို ဖွင့်ပေးမိခဲ့သည်။

အို မောင်ပါလား ။

" မောင် "

ချစ်သူတွေ ဖြစ်ပြီးနောက်မှာ ဆော့ဂျင်သည် မောင် ဟူသော နာမ်စားကို တရားဝင်သုံးစွဲခွင့်ရသည်။

" အဆောင်ကနေ ကန်ချခံရတာ ဟိဟိ "

" ဘယ်လိုဖြစ်လို့တုန်း "

" အဆောင်လခ မတတ်နိုင်တော့လို့လေ "

" ဖြစ်ရမယ် မောင်ရယ် "

မောင်သည် သူ့ဆီကို ဗရုတ်သုတ်ခ ပုံစံနဲ့ ဝင်ရောက်လာခဲ့သည်။

အင်း ပြန်ထွက်သွားတော့လည်း ဝရုန်းသုန်းကား ပါပဲ။

..............
ဒီနေ့လည်း ဟန်မြစ်ကမ်း ဘေးကို သူရောက်လာခဲ့သည်။

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Tempat cerita menjadi hidup. Temukan sekarang