1.1K 145 29
                                    

Uni

And even if I run away
အကယ်၍ ကိုယ်အဝေးကိုထွက်ပြေးခဲ့မိရင်

And give my heart a holiday
ကိုယ့်နှလုံးသားလေးကို လွတ်လပ်ခွင့်လေးပေးပါ

Still Strawberrys and Cigarettes
စတော်ဘယ်ရီတွေနဲ့စီးကရက်တွေကတော့

Always taste like you
အမြဲတမ်းမင်းလိုချိုမြိန်တယ်

ရေဒီယိုကနေ ခပ်တိုးတိုးလွင့်ပျံ့လာတဲ့သီချင်းသံကြားမှာ ဆော့ဂျင် မောဟိုက်နေမိသည်။

မောင် သိပ်သဘောကျတဲ့ သီချင်းမဟုတ်ပေလော။

အခုလောက်ဆို မောင် ဘာလုပ်နေမလဲ။

သူ့ကိုလွမ်းနေမလား။မုန်းသွားမယ်ထင်တယ်။

" မောင် ကျွန်တော် စပြီး ပြိုလဲချင်နေပြီ "

ဆော့ဂျင် ဆိုဖာမှာ ခပ်လျောလျောဝင်ထိုင်ပြီး မလှမ်းမကမ်းမှာရှိတဲ့ ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူလိုက်သည်။

.............
၂၀၁၇ ခုနှစ် ဧပြီ ၁၂ရက်

ခြစ်ခြစ်တောက်အောင် ပူတဲ့ နွေ နေ့လည်ခင်းမှာ မောင်နဲ့တွေ့ဆုံခဲ့တယ်။

မောင်ဟာ ပေတေတေ ကျောင်းသားတစ်ယောက် ဖြစ်ဟန်တူပါသည်။

မောင့်ရဲ့ ငွေရောင်ဆံနွယ်တွေက နေပူပူထဲမှာ တစ်လက်လက်တောက်ပလို့နေသည်။

" ဆောရီးပါဗျ ကျွန်တော်ပြန်လျော်ပေးပါ့မယ် "

မောင့်ကြောင့် မှောက်ကျသွားတဲ့ ကော်ဖီကို ဆော့ဂျင် စိတ်မဝင်စားတော့။

သူ့အာရုံသည် အရှေ့က အရပ်ရှည်ရှည် နဲ့ လူငယ်ထံ၌သာ ရစ်ဝဲနေသည်။

" မင်း နာမည်ဘယ်လိုခေါ်လဲ "

ရည်ရွယ်ခြင်းမပါ ပါဘဲ
အကြောင်းပြချက်မရှိ ပါဘဲ
ဒီတိုင်း လွှတ်ကနဲထွက်သွားခြင်းသာဖြစ်သည်။

မထင်မှတ်ထားတဲ့ မေးခွန်းကြောင့် မောင်ဟာ ခဏတာ ကြောင်အသွားရသည်။ ထို့နောက်တွင်မှ

" Nature ကျွန်တော်က Nature လို့ခေါ်တယ် "

" အော် အင်း "

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now