686 110 38
                                    

Uni
" အဖေ့ "

" အေး ပြော "

" သားချစ်သူနဲ့ သူ့တပည့်နှစ်ယောက်ကို အိမ်ပေါ်ခဏခေါ်တင်ထားမလို့ "

" ငါ့အိမ်ကို လုပ်ချင်သလို လုပ်နေတာ မျောက်လောင်း "

" သားက မျောက်ဆို အဖေက မျောက်အဖေပေါ့ အဲ့လိုလား "

" ငါ ဒီ... မွေးရကျိုးမနပ်တဲ့ဟာလေး တင်ထား တင်ထားဟေ့ အိမ်ပေါ်တင် မဟုတ်ဘူး ငါ့ခေါင်းပေါ်ပါလာတင်ထားလိုက် "

" မတင်ပါဘူး သားငရဲတော့ အကြီးမခံနိုင်ဘူး ဒါပဲအဖေ ဖုန်းချပြီ သင့်ယူ "

အကိုကြီးကင်မ် တကယ်ကို ခေါင်းမီးတောက်နေပြီဖြစ်သည်။

သူရည်းစားလေးတစ်ခါထားတာ ငါ့ကုမ္ပဏီဒေဝါလီခံလုနီးပါပဲ။

အမယ် ငါပြောတာအပိုတွေလိုမင်းတို့မတွေးလိုက်နဲ့။

ငါ့ရဲ့ချစ်လှစွာသော ဒူးနာသားလေးကလေ သူ့တိမ်ငယ်ဆိုတဲ့ဟာလေး မျက်နှာကိုပဲကြည့်ပြီး စာချုပ်တွေလဲလက်မှတ်မှားထိုးတယ်။

အလုပ်ကိုလဲ လုပ်ချင်မှလုပ်ပြီး ကုမ္ပဏီထဲ love sence တွေချည်း ထိုင်ရိုက်နေတာတဲ့။

ကဲမင်းတို့ပြော ဒီအဖေမှမမွဲရင် ဘယ်အဖေမွဲမလဲ။

ဒါတောင် ငါ့ဆီကနေဘတ်ပြီး သူ့ဘဲလိုချင်တာတွေ လိုက်လျှောက်ဝယ်ပေးတာ မပါသေးဘူး။

မွေးရကျိုးနပ်လွန်းလို့ တိုင်နဲ့ခေါင်းနဲ့သာဆောင့်ပြီးဆူဆိုက်လိုက်ချင်တော့တယ်။

" အဖေ သားတို့ရောက်ပြီ "

ဟဲ့ စောက်ပလုတ်တုတ် ဖိုးဝရုပ်
ဆုန်းဂျီဟိုနဲ့ ငါနဲ့ဟုတ်

ဆောတီး အကျင့်နည်းနည်းပါသွားလို့

" မင်းဟာက မမြန်လွန်းဘူးလား အခုလေးတင်ဖုန်းချလိုက်တာလေ "

" အော် ဖုန်းဆက်တုန်းက အိမ်ရှေ့ရောက်နေပြီလေ ဒါတောင် တိမ်ငယ်က ဖုန်းဆက်ပြီးခွင့်တောင်းလိုက်ဦးဆိုလို့ ဆက်တာ "

" အော် အော် ချစ်စရာသားလေးကိုပိုင်ဆိုင်ထားတာပဲ အိမ်တော်ထဲကိုကြွမြန်းတော်မူပါဗျ "

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now