774 135 53
                                    

Uni
အတ္တစိတ်နဲ့ အချစ်ရှိနေသ၍ လူတိုင်းသည် လိမ်လည်တတ်ကြသူများဖြစ်နေဦးမည်။

ချစ်လွန်းလို့ညာသည်။
​ပိုင်ဆိုင်ချင်လွန်းလို့ ညာကြသည်။

တိမ်ငယ်သည် လိမ်ညာတတ်သည်။
Nature နဲ့ Poem မှာလည်း ထို့အတူပင်ဖြစ်သည်။

နူးညံ့သောချစ်ခြင်းနဲ့အတူ ကြမ်းရှသော အတ္တကို ရင်ဝယ်ပိုက်ကာ သူတို့ လိမ်ညာခဲ့ကြသည်။

...................
"Talking to the Moon ~~ Tryna get to You "

ခပ်ရှရှနှင့် မောင့်အသံသည် သူ့အနောက်နားတစ်ဝိုက်ဆီမှ လွင့်ပျံလာသည်။

အားလပ်ချိန်တိုင်းမှာ မောင်သည် သီချင်းတစ်ပုဒ်ကို ညီးနေတတ်လေ့ရှိသည်။

ဆော့ဂျင် ပန်းကန်တွေ ဆေးနေရင်း ပြုံးလိုက်မိသည်။

နီးကပ်လာတဲ့ သစ်ရွက်စိမ်းသဖွယ် အနံ့အတူ ခါးတစ်ဝိုက်မှာ တင်းကျပ်လာတာမို့ မောင် ဖက်လိုက်မှန်း သူသိသွားခဲ့သည်။

" ပန်းကန်တွေ မောင် ဆက်ဆေးပေးမယ် တိမ်ငယ် နားတော့ "

" ကြွေပန်းကန်တွေနော်မောင် စိတ်ချလို့ဖြစ်ပါ့မလား "

" မောင့်ကိုယုံ "

မောင့်ကိုယုံပြီး ချီးပုံတော့ တက်မနင်းသင့်မှန်း မီးဖိုခန်းထဲက ထွက်လာတဲ့ ပန်းကန်ကျကွဲသံက သက်သေပြုသည်။

" မောင် ကျွန်တော့်ပန်းကန်တွေ ခွဲပြစ်ပြန်ပြီလား "

" မိုးကောင်းကင်ကိုတောင် ခလုတ်တိုက်မိရင် ငွေနဲ့ပေါက်ပြီး ဖျောက်လို့ရတဲ့ခေတ်မှာ ပန်းကန်လေးခွဲမိတာလောက်နဲ့တော့ မောင့်ကို မဝေဖန်စေချင်ဘူးတိမ်ငယ် "

ပြောင်စပ်စပ်နဲ့ပြောတဲ့ မောင့်ကို ကြည့်ရင်း ဆော့ဂျင် ခေတ္တ ဆွံ့အသွားသည်။

" သူ့ဟာသူ နေတဲ့ ကောင်းကင်ကိုတော့ ခလုတ်တိုက်ပြီး ဒုက္ခမပေးပါနဲ့ မောင်ရယ် နော် "

စိတ်ပူဟန် ရင်ဘက်ကိုလက်နဲ့ ဖိရင်းပြောတဲ့ သူ့ကိုကြည့်ရင်း မောင်သည် တဟားဟား အော်ရီကာ ပွေ့ဖက်သည်။

မိုးပြာရောင် ဟူဒီလက်ရှည် အပွကြီး တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော တိမ်ငယ်သည် မောင့်လက်ထဲတွင် သက်ရှိလူသားအရုပ်လေးသဖွယ်ဖြစ်လို့နေသည်။

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now