721 108 14
                                    

Uni
" သြစီ သွားဖို့ရှိတယ် "

" ဘာကိစ္စ အတွက်လဲ "

" ကျောင်းကိစ္စနဲ့ဆော့ဂျင် ကျွန်တော်
စကော်လာရသွားတယ်"

"အိုး ကောင်းတာပေါ့ သေချာကြိုးစားခဲ့ ဂျင်ဝူး "

" အင်း ကျွန်တော်သိချင်တာက ကျွန်တော်ကအဲ့ကိုတစ်ခါမှမရောက်ဖူးတော့ အဲ့မှာကျောင်းတက်မယ်ဆိုဘာတွေပြင်ဆင်သွားသင့်လဲ "

ဂျင်ဝူး မေးသင့်ပါသည်။ဆော့ဂျင်က မောင်နဲ့မတွေ့ခင် သြစီမှာကျောင်းသွားတက်ဖူးသေးသည်မဟုတ်လား။

" အဓိက ကတော့ ကိုရီးယားလူမျိုးတွေကို ဖင်ပေးပြီးလိုက်မပေါင်းဖို့ပဲဂျင်ဝူး ကိုယ့်ဘာသာကိုယ်နေ ဖင်ခေါင်းလဲမကျယ်နဲ့ ။

ဟို ကျွန်တော်ပြောတဲ့စကားက ကြမ်းသွားရင်တော့တောင်းပန်ပါတယ်။အဲ့လိုမပြောရင် နားမဝင်ကြလို့လေ။"

" ရတယ် ဆော့ဂျင် ကိစ္စမရှိပါဘူး "

" နောက်ပြီး ကျန်းမာရေးအတွက် သြစီက ပတ်ပတ်လည် ရေတွေလိုဖြစ်နေတော့ ရာသီအကူးအပြောင်းတအားဆိုးတယ် ။

နေပူပူမိုးရွာရွာ ထီးဆောင်းဖို့မပျင်းနဲ့။မရှက်နဲ့။ ဖျားရင် အသားကုန်ဖြစ်မှာ။

အဲ့လောက်ပါပဲ။ အပျော်အပါးသိပ်မမက်နဲ့ပေါ့။ ဝင်ငွေနဲ့ထွက်ငွေမမျှရင် သြစီမှာတင်ခွေးဖြစ်လိမ့်မယ်။ "

" ဟားဟား စိတ်ချပါကျွန်တော်အဲ့လောက်အပျော်အပါးမမက်ပါဘူး "

ဆော့ဂျင် သတိထားမိသလောက် ဂျင်ဝူးနဲ့စကားပြောရင် ပေါ့ပေါ့ပါးပါးရှိသည်။ငယ်ပေါင်းကြီးဖော်တွေလိုပြေယလို့ ဆိုလို့ရတယ်။

" တိမ်ငယ် မောင်နဲ့လိုက်ခဲ့ "

ရုတ်တရက်ကြီး ရုပ်ရှင်တွေထဲကမင်းသားတွေလို ရောက်ချလာတဲ့မောင်။

သဝန်တိုပြီးအရစ်ခံရတော့မယ်ဆိုတာသိတော့ ဆော့ဂျင် နားထဲဂွမ်းဆို့ထားဖို့ အကြံရလာသည်။

" တိမ်ငယ် မောင့်စကားနားထောင်လို့ အဲ့ကောင်နဲ့ မျက်နှာချင်းတောင်မဆိုင်ပါနဲ့ဆိုတာကို "

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now