745 141 57
                                    

သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ဆိုပေမဲ့ အခြားသူတွေနဲ့ တွဲတွေ့မိတိုင်း

မပိုင်ဆိုင်တော့တာတောင် သဝန်တိုမိပါသေးတယ်။
...............
တစ်လ။ အလုပ်လုပ်တဲ့ တစ်လအတွင်း သူနဲ့ဂျင်ဝူးရဲ့ ဆက်ဆံရေးက သိသိသာသာတိုးတက်လာသည်။

ဂရုတစိုက်နဲ့ ရှိပေးတဲ့ ဂျင်ဝူးက သူ့အတွက်တော့ အယုံကြည်ရဆုံး သူငယ်ချင်းတစ်ယောက်သဖွယ်။

" ကွန်ကရက်ကျူလေးရှင်းပါ ဆော့ဂျင် "

လက်ထဲရောက်လာတဲ့ နီရဲရဲ နှင်းဆီပန်းစည်းနဲ့ အတူ ဌာနတစ်ခုလုံးဆီက လက်ခုပ်သံတွေ။

" ဆော့ဂျင်ကြောင့် တို့အဖွဲ့ မျက်နှာတက်ရပြီ ဆော့ဂျင် စောစောရောက်မလာတာတောင် နှမြောမိတယ် "

" ဟားဟား အဖွဲ့မှူးကမြှောက်နေပြန်ပါပြီ ဒီ variety show အောင်မြင်သွားတယ်ဆိုတာ အကုန်လုံးကြိုးစားကြလို့ဖြစ်လာတာပါ "

ပန်းစည်းအရောင်ဟပ်၍ပဲလားမသိ။ ဂျင်ဝူးမျက်လုံးထဲ အလှလေးမျက်နှာက ပန်းရောင်ဖျော့ဖျော့သန်းနေသည်။

စကားပြောလိုက်တိုင်း လှုပ်ခါနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ။ချယ်ရီဖူးတို့ထက်တောင် လှပသည်ဟု ဆိုနိုင်သေးသည်။

" ဆော့ဂျင် ဒီညနေ အလုပ်ဆင်းရင် တစ်ပွဲလောက်လုပ်ကြတာပေါ့ ကိုယ်ကျွေးပါ့မယ် "

" ဒါဆိုရင်တော့ အဖွဲ့မှူးစေတနာကို အားရဝမ်းသာနဲ့ လက်ခံပါ့မယ်ဗျာ "

ရီမောလိုက်သဖြင့် လှုပ်ခါသွားသော ဆော့ဂျင်၏ နောက်ကျောပြင်ကို ငေးမောနေသည့် လူတစ်ဦးလည်းရှိသည်။

" သိပ်ပျော်နေတာပဲ မောင့်အချစ်က "

တိုးတိုးတိတ်တိတ်ရေရွတ်ကာ ထွက်သွားသော ထိုလူသားကို မည်သူမျှ သတိထားမိလိုက်ခြင်း မရှိပါပေ။

...........
သပ်သပ်ရပ်ရပ်ရှိတဲ့ ဟန်မြစ်ကမ်းအနီးက လမ်းဘေးအရက်ဆိုင်လေးမှာ ဆော့ဂျင်တို့ အဖွဲ့ကျသည်။

လူသိပ်မများတဲ့ အဖွဲ့လေးမှာ အရက်မသောက်နိုင်တာက ဆော့ဂျင်တစ်ယောက်ထဲ။

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Waar verhalen tot leven komen. Ontdek het nu