Flash Back.....

Mr အခန်းကနေအချက်အလက်တွေ
ကိုကူးပြီး ဂျွန်ဟော့ ဆယ်ဟွန်းရဲ့
အခန်းကိုတန်းသွားလိုက်သည်...။
အခန်းဝရောက်တော့ အထဲကအသံ
ကိုအရင်ဆုံးနားစွင့်ကြည့်သည်...။
ရေသံသဲ့သဲ့လေးကိုကြားလိုက်ရ
သည်...။
ဆယ်ဟွန်းရေချိုးနေသည့်အတွက်
ကြောင့်သူအခန်းထဲကိုဝင်သွား
လိုက်ကာ...ကုတင်ပေါ်တင်ထား
သည့်ဆယ်ဟွန်းရဲ့အင်္ကျီအိတ်ကပ်
ထဲကို..ယူအက်စ်ဘီနှစ်ခုရှိသည့်
အထဲမှတစ်ခုကိုထည့်လိုက်သည်...။
ထို့နောက် သူသုတ်သုတ် သုတ်သုတ်
နှင့်ထွက်လာလိုက်သည်...။

ဒီလောက်နှင့်သူလုပ်ရမှာကမပြီးသေး။
ကျန်တဲ့ယူအက်စ်ဘီတစ်ခုနှင့်
ဂိုဏ်းရဲ့တည်နေရာအပြည့်အစုံကို
သူ့နည်းသူ့ဟန်နဲ့ ရဲစခန်းဆီကို
အမြန်ဆုံးရောက်အောင်ပို့လိုက်
သည်....။

သူအကွယ်တစ်နေရာကနေစောင့်
ကြည့်နေခိုက်ဆယ်ဟွန်း ကခုနက
ကုတင်ပေါ်ကအင်္ကျီကိုဝတ်၍
ထွက်သွားသည်ကိုတွေ့လိုက်ရ
သည်....။

ထိုအချိန်မှာပဲ Mr ကသူ့အား
အခန်းထဲသို့လာရန်ခေါ်၏...။

Flash back end...

°°°••°°°••°°°••°°°••°°°••°°°••

ဘာလို့မှန်းမသိ...ဒီနေ့မှဂျွန်မြောင်
စိတ်လေးနေမိလို့ ဆယ်ဟွန်း
ဆီကိုဖုန်းခနခနခေါ်နေပေမယ့်
တစ်ဖက်ကကိုင်မည့်သူမရှိခဲ့...။
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
ပြန်လည်ဖြေကြားခြင်းမရှိသေးပါ
ဆိုသည်ကိုပဲအပ်ကြောင်းထပ်အောင်
ကြားနေရတော့ ဂျွန်မြောင်စိတ်တို
ချင်လာသည်....။

ခါတိုင်းဆိုရင် အမြဲဖုန်းစခေါ်တတ်
တဲ့ဟွန်းက ခုနေ့ကျမှဘာဖြစ်နေ
လို့များလဲ...။
ခရီးတစ်ခုခုသွားနေရပြန်လို့လား...။
အဲဒီလိုဆိုဦးတော့သူ့ကို အရင်ပြော
တဲ့ဟွန်း ကတစ်ခုခုတော့လွှဲနေ
သလိုပဲ...။

ဖုန်းကိုကိုင်ကာ အခန်းထဲမှာ
ဘယ်နှခေါက်မှန်းမသိတော့အောင်ကို
ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိ
ပြီးပြီဖြစ်သည်...။
စိတ်ထဲလေးလံနေတာကလည်း
တစ်စက်ကလေးမှလျော့မသွား...။
ဟွန်း တစ်ခုခုဖြစ်နေတာတော့မဟုတ်
လောက်ဘူးမလား....။

မင်း!...[COMPLETED]Where stories live. Discover now