အပိုင်း (၇၀၆) - စာချုပ်ချုပ်ခြင်း၊ အဆင့်တက်ခြင်း

3K 319 0
                                        

Zawgyi


အဘိုးစွန်းနှင့် တခြားသူများ ဘုရင်မကြီးကိုခေါ်လာသည်ကို တွေ့ သောအခါ ရှီမာယူယူ အနည်းငယ် အံ့သြမိသည်။ သူမ တက်လာမည်ကို အလောင်းအစားလုပ်ထားသော်လည်း ဒီလောက်မြန်မြန်ဆုံးဖြတ်လိမ့်မည် ဟု မထင်ထားပေ။

ဆုလီသည် သူမထင်ထားသည်ထက် ကလေးကို ပိုဂရုစိုက်သည့်ပုံပင်။

အဒေါ်၃သည် ဆုလီတက်လာသည်ကိုမြင်သောအခါ လျင်မြန်စွာ လျှောက်သွားပြီး စိုးရိမ်တကြီးမေးလေသည် "ဆုလီ ဘယ်လိုနေလဲ"

ဆုလီသည် အားနည်းသည်ကို ခံစားရဆဲဖြစ်သော်လည်း အရင်က ထက်စာလျှင် ပိုသက်သာလာသည်။ သူမသည် အားဖျော့စွာဖြေလေသည် "မဆိုးပါဘူး အခုငါ့ကိုကယ်တာ မင်းလား"

"အခုထိကယ်တယ်လို့ပြောမရပါဘူး၊ ခက်ခဲနေတဲ့အခြေအနေကို ဖြတ်ကျော်အောင်လုပ်ပေးတာပဲရှိတာပါ" ရှီမာယူယူသည် တင်ပါးတွင် ပေနေသော မြက်များကိုခါရင်း ပြောလိုက်သည်။ ရှီမာယူယူလျှောက်သွားကာ သူမ၏ လုံးဝန်းနေသော ဗိုက်ကိုဖိကြည့်သည်။ မာနေသေးသည် "မဆိုးဘူး"

"ကျေးဇူးတင်ပါတယ်" ဆုလီသည် ကျေးဇူးတင်စကားပြောလေသည်။ သူမကြောင့်သာမဟုတ်ရင် သူမ ပြန်သတိရလာမည်မဟုတ်ကာ ကလေး၏ နှလုံးခုန်သံကိုထပ်ကြားရတော့မည်မဟုတ်ပေ။ "စာချုပ်က တကယ်ပဲ ငါ့ကလေးကိုကယ်နိုင်မှာလား"

"စာချုပ်က ဒဏ်ရာတွေကိုကုသနိုင်မယ့်အပြင် ကလေးကိုလည်း တည်ငြိမ်သွားစေမယ်" ရှီမာယူယူ ပြော လိုက်သည် "ကလေးက ထိခိုက်ထား သော အန္တရာယ်ကိုခံစားမိပြီး ပတ်ဝန်းကျင်က ဝိဥာဉ်စွမ်းအင်တွေကို စုပ်ယူ လို့လေ၊ ပုံမှန်ပြန်ဖြစ်သွားရင်တော့ ငြိမ်သွားမှာပါ"

"အခုတော့ မမွေးသေးဘူးမလား"

"ရက်မကျသေးဘူး အခုမွေးလိုက်ရင်လည်း မကောင်းဘူး၊ မဟုတ်ရင် အရင်ကလိုပြန်ဖြစ်သွားလိမ့်မယ်၊ သားအိမ်ပြန်ပြီး ဖြည်းဖြည်းချင်းကောင်း လာတဲ့အခြေအနေမှပဲ ကောင်းမှာ" ရှီမာယူယူ ပြောလိုက်သည် "ဘုရင် မကြီးရဲ့ ဗိုက်ထဲက ကလေးကမူကွဲဖြစ်နေတယ် ဘုရင်မကြီးတို့အားလုံးထက် ပိုပြီးအဆင့်မြင့်တယ်၊ အဲဒါကြောင့် ကိုယ်ဝန်ရင့်တဲ့အထိ စောင့်ဖို့လိုတယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Место, где живут истории. Откройте их для себя