အပိုင်း (၆၆၉) - အမေတို့ရောက်လာပြီ

2.2K 285 0
                                    

Zawgyi


ရှီမာယူယူသည် ချက်ချင်းပင် သူမဆီသို့ခုန်လာသော ရွှမ်ရှင်းမန်တို့ကို ဖမ်းလိုက်ပြီး နားမလည်စွာ ပြောလိုက်သည် "အမေ ဒီကိုဘာလာလုပ်ကြ တာလဲ"

"သမီးဒဏ်ရာကြောင့် သတိမေ့နေတယ် ကြားလို့လာတာ ဘယ်လိုနေ လဲ" ရွှမ်ရှင်းမန်သည် ရှီမာယူယူ အားလွှတ်ပြီး ကြည့်လိုက်သည်။

"ကောင်းပါတယ် အကုန်တောင်ပြန်ကောင်းတော့မယ်" သူမ စစ်ဆေး ရန်လာသည်ကို ရှီမာယူယူသိ သည် "အမေ ဒီကိုလာရမယ့်အချိန်မဟုတ်ဘူး တရားထိုင်နေရမယ့်အချိန်လေ သမီးဒဏ်ရာရတာကို ဘယ်လိုသိ တာလဲ"

"ကိစ္စတစ်ခုဖြစ်သွားလို့ သမီးကိုလူလွှတ်ပြီး ရှာခိုင်းတာ၊ သူတို့ပြန်လာ တော့ သမီးဒဏ်ရာထားတယ်လို့ ပြောတယ်"

"သမီးတို့မျိုးနွယ်မှာဘာဖြစ်လို့လဲ၊ တခြားမျိုးနွယ်နဲ့ တိုက်ပွဲဖြစ်တာ လား" ရှီမာယူယူသည် ဂရုတစိုက်ဖြင့် မေးလေသည်။

"အမှန်ပဲ" ရွှမ်ရှင်းမန် ပြောလိုက်သည်။

"ယူယူ သူတို့က သမီးဆီလာကြတာဆိုတော့ အိမ်ထဲခေါ်ပြီးမှ စကား ဆက်ပြောလေ" ရှီမာလိုင်သည် သူမအား သတိပေးလေသည်။

ရွှမ်ရှင်းမန်သည် ရှီမာလိုင်အား ပြုံးပြပြီး "ဦးလေးက ယူယူရဲ့ အဘိုးဖြစ် ရမယ်၊ ကျွန်မက သူမရဲ့ မွေးစားအမေပါ၊ ဝါအရ ဦးလေးလို့ခေါ်ပါမယ်"

ဝူလာရှုံတို့သည် အနောက်တွင်ရပ်ကာ နှုတ်ခမ်းတွန့်ကြလေသည်။ သူတို့အမေကဘာလို့ ဒီလိုအဆင့် အတန်းကိုနှိမ့်လိုက်တာလဲ။

သူသည် ရှီမာယူယူရှေ့လာပြီး ပြောလိုက်သည် "ဘယ်လိုဖြစ်တာလဲ ငါတို့ကို သတင်းပေးတဲ့လူက မင်း ဒဏ်ရာအကြီးအကျယ်ရတယ်ပြောလို့ လန့်သွားကြတာ၊ အဲတုန်းက အမေက ချက်ချင်းလာချင်နေတာ၊ ဒါပေမဲ့ အဲတုန်းက အခြေအနေတွေကဆိုးနေတော့ ချက်ချင်းမလာနိုင်ဘူး"

"အဲတုန်းကပဲ အခြေအနေဆိုးတာပါ အခုတော့ကောင်းသွားပြီ" ရှီမာယူယူ ပြောလိုက်သည် "တခြား သူတွေနဲ့ တိုက်တာလား၊ အဲလိုဆိုရင် အခုက ဘာလာလုပ်ကြတာလဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now