အပိုင်း (၆၈၄) - ပြီးနောက်တွင်

2K 255 0
                                    

Zawgyi


"ကြားပြီးပြီလား"

"ဘာကိုကြားရမှာလဲ သတင်းကြီးရှိလို့လား"

"မင်း တကယ်မသိတာလား"

"လျှိုမနေနဲ့ ပြောလိုက်"

"တရှားဂူရဲ့ အကြီးဆုံးဂိုဏ်းဖြစ်တဲ့ လသတ္တိဂိုဏ်းဖျက်ဆီးခံလိုက်ရ တယ်တဲ့"

"ဘာ"

"တကယ်ကြီးလား"

"ဒါပေါ့ တကယ်ပဲ ငါဘယ်တုန်းက သတင်းအမှားပြောလို့လဲ"

"အမှန်ပဲပေါ့ ပြောဦးဘာတွေဖြစ်နေတာလဲ"

"ဟီးဟီး တစ်ခုပြောဦးမယ် ဒီနှစ်တွေမှာ လသတ္တိဂိုဏ်း မကောင်းတာ တွေလုပ်ခဲ့တာ မသိဘူးလား"

"ဟူး ဘာတွေပြောနေတာလဲ အချိန်ဆွဲမနေနဲ့ ငါရိုက်မိတော့မယ်"

"ဟုတ်သားပဲ မြန်မြန်ပြော မဟုတ်ရင် အိပ်ရာထဲကမထနိုင်အောင် ရိုက်မိတော့မယ်"

"အေးပါ ပြောပါမယ်" သတင်းကိုစပြောသော လူကပြောလိုက်သည် "လသတ္တိဂိုဏ်းကလူတွေက လသတ္တိမြို့က ဖြတ်လမ်းတည်ဆောက်မှုကို အနောက်ကမ်းရိုးကန္တာရကိုပို့အောင်လုပ်ထားတယ်"

"အနောက်ကမ်းရိုးကန္တာရဟုတ်လား လူတွေကို အဲဒီကိုဘယ်လိုပို့ တာလဲ"

"ဟီးဟီး အနောက်ကမ်းရိုးကန္တာရမှာ သတ္တုကြောတစ်ခုကို လသတ္တိ ဂိုဏ်းကလူတွေ ရှာတွေ့တာ မသိဘူးထင်တယ်၊ လူတွေကို မသိစေချင်တဲ့ အတွက် သူတို့လူလည်းမစုရဲဘူးလေ၊ အဲဒါကြောင့် အဲနည်းလမ်းတွေ သုံးပြီး လူတွေကို တိတ်တိတ်လေး အဲဒီကိုပို့နေတာပဲ"

"အဲလူတွေ ဘယ်လိုအဲဒီကိုရောက်သွားတာလဲ"

"သူတို့က ငြင်းတာပဲလေ လသတ္တိဂိုဏ်းက အစေခံကွင်းတွေနဲ့လုပ်ထား တာ"

"အစေခံကွင်းဟုတ်လား"

သူတို့သည် လေအေးများကိုရှုသွင်းကာ "တကယ်လား လသတ္တိဂိုဏ်း က တရှားဂူရဲ့ အားအကြီးဆုံးဂိုဏ်းပဲ ဘယ်လိုဖြစ်ပြီး အဲလောက် ယုတ်မာတာကိုလုပ်ရတာလဲ"

"ဟုတ်တယ် အဲလူတွေလွှတ်ပြီး ကိုယ့်နေရာကိုယ်ပြန်ရောက်တော့ အဲဂိုဏ်းကြီးတွေက အသေဒေါသ ထွက်နေကြတာ၊ တော်တော်များများ ပေါင်းပြီး လသတ္တိဂိုဏ်းကိုဖျက်ဆီးလိုက်ကြပြီ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now