Zawgyi
အပိုင်း (၅၄၁) – စာမေးပွဲ (၃)
အပျော်အနေနဲ့...
ဆရာများသည် ဒုကျောင်းအုပ်စကားများကို ကြားသောအချိန်တွင် ရှီမာယူယူသည် ဒုကျောင်းအုပ်၏ အာရုံစိုက်ခြင်းခံရပြီဖြစ်ကြောင်းကို တွေးကာ ခေတ္တမျှ တိတ်ဆိတ်သွား ကြလေသည်။ သို့သော် ဒုကျောင်းအုပ်၏ ဆော့ကစားတတ်သော အကျင့်ကြောင့် ကျောင်းသား များသည် မကြာခဏ ငြိုငြင်လေ့ရှိသည်။
ဆော့ကစားသည်နှင့် တစ်ပြိုင်နက် သူတို့၏ အင်အားနှင့် အတွေ့အကြုံသည် ခုန်တက်သော်လည်း လုပ်ငန်းစဉ်မှာတော့...
ရှီမာယူယူသည် ကင်းမီးကောက်အနီ၏ အဆိပ်များကို ထုတ်ပြီးချိန်တွင် တစ်စုံတစ်ရာ ချည်းကပ်လာ သည်ကို ခံစားမိလိုက်သည်။ အရင်ကထပ် ပိုပူလောင်ကာ ကင်းမီးကောက်အနီ ၁၀ကောင် ပေါ်လာလေသည်။ ထို့အပြင် သူတို့သည် အရင်ကထပ် ပိုသန်မာသည်။
ဒီတစ်ကြိမ်တွင် သူမ တစ်ယောက်တည်း မထိန်းချုပ်တော့ပေ။ သူမ ငှက်လေးအား ဆင့်ခေါ်လိုက်သည်။ ငှက်လေးသည် ထိုကဲ့သို့ ဝိဥာဉ်မိစ္ဆာများအမျိုးအစားကို ရှင်းရာတွင် အသင့်တော်ဆုံးဖြစ်သည်။
"ရွှေရောင်အတောင်ပံနဲ့ ငှက်ပဲ" အခန်းထဲမှလူများသည် ငှက်လေးအားမြင်သည်နှင့် အော်လိုက်ကြ သည်။
"ဒီကောင်လေးရဲ့ သရုပ်မှန်ကိုသိမှဖြစ်တော့မယ်"
"ရွှေရောင်အတောင်ပံငှက်ရဲ့ စာချုပ်သခင်က ဒီလောက်ငယ်မယ်လို့ ထင်မထားဘူး" အံ့သြပြီးနောက် တွင် အနီရောင်ဝတ်ထားသော ဆရာ၏ မျက်လုံးများနှင့် တွန့်သွားသော နှုတ်ခမ်းများသည် စိတ်ဝင်စားမှုကို ပြသ နေသည်။
"ဂဠုန်လောကမှာ ရွှေရောင်အတောင်ပံငှက်ပေါ်လာတယ်လို့ ကြားတယ်၊ ကိုယ်တိုင်မြင် မှပဲ တကယ်ပဲ သာမန်မဟုတ်ဘူးပဲ"
"အဲကောင်လေးရဲ့ အရည်အချင်းကို ပြောစရာကိုမလိုဘူး၊ ဒီလိုဝိဥာဉ်မိစ္ဆာရှိတယ်ဆို တော့ ဒီကလေးက သာမန်မဟုတ်ဘူးပဲ"
"ဒုကျောင်းအုပ် ကျွန်တော်တို့ သူ့ကို ချက်ချင်းပဲဝင်ခွင့်ပြုသင့်တယ် ဒီလိုအရည်အချင်းရှိ တဲ့လူကို လက် မလွတ်နိုင်ဘူး"
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4
AcciónBook-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြားသောလူတစ်ယောက်..... အကြောင်းတစ်ခုကြောင့် ယောက်ျားလေး...
