Zawgyi
အပိုင်း (၆၇၆) – အတွင်းဂိုဏ်းမှကျွမ်းကျင်သူများ
"ရှီမာယူယူ ဒီနေ့အခြေအနေဘယ်လိုလဲ" ဟော်ဖန်သည် သူ၏ ကြီးမား သောဓားကို ဝေ့ရမ်းပြီး အပြင်မှလျှောက်ဝင်လာသည်။ သူသည် အခန်းအပြင်တွင်ရပ်နေသော ရှီမာယူယူကိုမြင်သည်နှင့် လျှောက်လာခြင်း ဖြစ်သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီလူက မနေ့လာလည်းလာ မေးပြီးပြီမဟုတ်ဘူးလား။ သူမကို တစ်နေ့၃ခါ မေးဖို့များ ကြံရွယ်ထားသလား။ သူမ ပြန်အားပြည့်သည်အထိလေ။ ပြီးတာနဲ့ သူမနဲ့တိုက်မလို့လား။
ပြန်တွေးကြည့်လျှင် မနေ့က ဖက်တီးကျူ သူမကိုကြည့်သော သနား စဖွယ်အကြည့်သည် ကွက်တိဖြစ်နေသည်။ ဒီတိုက်ပွဲရူးက သူမကို တကယ်ပဲ ခေါင်းကိုက်စေတာပဲ။
"တိုက်ပွဲရူး ငါ ဒီနှစ်တစ်ဝက်ကို ပြန်သက်သာဦးမှာမဟုတ်ဘူး နေ့တိုင်း လာရှာစရာမလိုဘူး" သူမသည် ပြောလိုက်သည်။
"နှစ်တစ်ဝက်ဟုတ်လား၊ ကြာလိုက်တာ" ဟော်ဖန်သည် မျက်နှာ ပျက်သွားသည်။
"ဒါပေါ့ သိတဲ့အတိုင်း ငါ့ဝိဥာဉ်ထိခိုက်ထားတာ၊ အသိစိတ်လည်း ဒဏ်ရာရထားတယ် အဲဒါကြောင့် အဲလောက်အချိန်လိုတယ်" ရှီမာယူယူ ပြော လိုက်သည် "အဲဒါကလည်း ဆေးပင်တွေရဲ့အရည်အသွေးပေါ်မှာ မူတည် တယ်၊ မဟုတ်ရင် ဘယ်လောက်ကြာမလဲမသိနိုင်ဘူး"
"ဘာပဲဖြစ်ဖြစ် ဒီအချိန်အတွင်းတော့ လာမရှာနဲ့၊ လာရှာရင်လည်း ပြိုင်စရာအကြောင်းမရှိဘူး၊ အခုသွား လိုက်ပါ"
သူမသည် စိတ်ထဲရှိရာကို ပြောပြီးဖြစ်သော်လည်း ထိုလူသည် မကြား ဟန်ဆောင်ကာ ရပ်နေလေသည်။
"ကြာတယ်၊ ငါ အရမ်းစိတ်လှုပ်ရှားနေတာကို" ဟော်ဖန် ပြောလိုက် သည်။
သူ စိတ်လှုပ်ရှားခြင်းအတွက် သူမ ဘာမှလုပ်မပေးနိုင်သည်ဆိုသည့် သဘောနှင့် ရှီမာယူယူ ပခုံးတွန့်လိုက်သည်။
"ယူယူ ရှောင်ချီတို့ဘယ်အချိန်သွားကြမှာလဲ" ရှောင်ချီသည် လျှောက်လာရာ ခြံထဲတွင် ရပ်နေသော နှစ်ယောက်ကိုတွေ့လိုက်သည်။
ESTÁS LEYENDO
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4
AcciónBook-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြားသောလူတစ်ယောက်..... အကြောင်းတစ်ခုကြောင့် ယောက်ျားလေး...
