အပိုင်း (၆၉၃) - သွေးဆောင်မှု (၂)

2.1K 286 3
                                    

Zawgyi


ရှီမာယူယူသည် လက်ဖက်ရည်ခွက်ကိုပြန်ချကာ လွတ်လပ်သည့်အသံ အနေအသံထားဖြင့် ပြောလေသည် "ကျွန်တော်အသုံးချမယ်ဆိုတာက ကျွန်တော့်အမိန့်ကိုနာခံပြီး ကျွန်တော့်အတွက်အလုပ်လုပ်ပေးရမယ် ကျွန်တော်ကတော့ အစ်ကိုကြီး၃ကို ကုပေးပြီး... အခုချိန်ကစပြီး အလင်းထဲ မှာနေသွားလို့ရမယ်"

"မဖြစ်နိုင်တာ ငါတို့က အလင်းထဲမှာ နေနေတာမဟုတ်ဘူးလား" ဒီကလေးသည် ရူးပြီး ဒီကိုလာရဲကာ သူတို့ကို မဟုတ်တရုတ်ပြောရဲသည်ဟု နီအန်းယီတွေးသည်။

"ကောင်လေး မင်းဒီစကားကိုပြောလို့ ငါတို့လိုလူဆိုးတွေက မင်းကို သတ်မှာမကြောက်ဘူးလား" ယူရှီ မေးလိုက်သည်။

"ကျွန်တော်က ဒီကိုလာပြီး ဒီစကားတွေပြောရဲတယ်ဆိုမှတော့ ပြန်သွားနိုင်မယ့် ယုံကြည်ချက်ရှိလို့ပေါ့" ရှီမာယူယူ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည် "ဘာကိုတွေဝေနေကြတာလဲ ကျွန်တော်ပြောတဲ့ အလဲ အလှယ်က မကောင်းလို့လား"

"အဲဒါက ဘယ်လိုမျိုးအလဲအလှယ်ကြီးလဲ ငါတို့အတွက်က ငါတို့အစ်ကို ၃ကို ကုလို့ရမယ် တခြားဟာက အသုံးဝင်တာမဟုတ်ဘူး" နီအန်းယီ ပြန်ဖြေ လေသည်။

"အဲတော့ တစ်သက်လုံးအလိုက်ခံရရင်းနေသွားတော့မလို့လား၊ မဟုတ် ရင် လူတွေဆီကနေပုန်းပြီး လူမသတ်ပဲနေတော့မှာလား" ရှီမာယူယူ မေးခွန်း ထုတ်လေသည်။

အခန်းထဲရှိ အနေအထားသည် ရုတ်တရက် ပြောင်းသွားသည်။ အားလုံး ၏ အမူအရာများပြောင်းသွား သည်။

"ဘာလို့လဲ ကျွန်တော်ပြောတာမှားလို့လား" ရှီမာယူယူ ခေါင်းငုံ့ကာ ရွှေမြွေလေး၏ ခေါင်းကိုပွတ်နေလေသည် "အလိုက်ခံရတာကို ရှောင်ဖို့ အတွက် တစ်ချိန်လုံးပုန်းနေရတာမဟုတ်ဘူးလား၊ နှစ်တွေအများကြီး အလိုက်ခံနေရတာ၊ ဒါပေမဲ့ အန္တရာယ်တွေကြားထဲမှာတောင် အသက်ရှင် နေနိုင်တာက ဘာအဓိပ္ပာယ်လဲ၊ ခင်ဗျားတို့မှာ အရည်အချင်း တွေရှိ တယ်ဆို တဲ့ အဓိပ္ပာယ်ပဲ၊ ခင်ဗျားတို့မှာ ဒီနှစ်တွေကိုပုန်းပြီးအသက်ရှင် နေနိုင်တဲ့ အရည်အချင်းရှိတယ်၊ အဲဒါကလည်း တခြားလူတွေကိုမတွေ့ချင်လို့ မဟုတ် ဘူး၊ အကြောင်းအရင်းကတော့ ကျွန်တော် ရှင်းပြစရာမလိုဘူးပဲ"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 4Where stories live. Discover now