ဒီ company ကို အုပ်ချုပ်ချင်လားဆိုရင်တော့ ခွန်း မအုပ်ချုပ်ချင်ပါ
ဒါပေမယ့် မောင်ပိုင်တဲ့ အရာကို ကာကွယ်ပေးချင်တဲ့ ဆန္ဒကတော့ ရှိပါရဲ့

"အော် ဟုတ်တာပဲ
ဒါဆို ကျွန်တော်တို့ ဒီနှစ်ယောက်တည်းက ရွေးရမှာပေါ့"

"ကျွန်တော်ကတော့ ဦးမင်းမဟာကိုပဲ ထောက်ခံပါတယ်
ဦးမင်းမဟာက ဒီ company စတင်တည်ထောင်တည်းက ရှိလာခဲ့တဲ့ သူ
ဒီနေရာ ဒီလုပ်ငန်းနဲ့ အကျွမ်းတဝင်ရှိပြီး ဥက္ကဌကိုယ်တိုင် ယုံကြည်ရတဲ့သူပဲ"

"ကျွန်တော်တို့လည်း အဲ့လိုပဲ ထင်ပါတယ်"

"ကျုပ်လည်း ဦးမင်းမဟာကိုပဲ ထောက်ခံပါတယ်"

ဦးမင်းမဟာကို ထောက်ခံသူတွေ များလှပါသည်။
ကြည့်ရတာ ခွန်းရဲ့ အရည်အချင်းကို ယုံကြည်မှု မရှိကြပုံ။

"ကျုပ်ကတော့ မခွန်းသံသာချိုကို ထောက်ခံတယ်ဗျာ
ဒီနေ့ခေတ်က လူငယ်တွေ ဦးဆောင်နေတဲ့ ခေတ်မလားဗျ"

"မှန်တာပေါ့ဗျ
လူငယ်တွေကို နေရာ ပေးသင့်တယ်"

ခွန်းကိုလည်း ထောက်ခံသူတွေလည်း တစ်စတစ်စနဲ့တော့ တိုးလာသည်။
ဒါပေမယ့်.....

"ကဲ ဒါဆိုရင် လူများစု ထောက်ခံတာကတော့.....

ဦးမင်းမဟာပါ
အခုဆိုရင် ဦးမင်းမဟာက....."

အကုန်လုံးရဲ့ အကြည့်တွေက တံခါးဝဆီသို့သာ
ခွင့်တောင်းခြင်းမရှိ ခွင့်ပြုခြင်းမရှိ ဝင်လာသူ

ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်နေသူက
အကုန်လုံးကို ဂရုမစိုက်စွာ ထိပ်ဆုံး၌ လွတ်နေသော နေရာကို ဝင်ထိုင်လေသည်။

အကုန်လုံးက ကြောင်အမ်းလျက် ကြည့်နေစဥ်...

ကြေငြာသူကတော့ ပါးစပ်အဟောင်းသားနဲ့

"ဆက်ပြောပါ ဆက်လုပ်"

သြဇာညောင်းပြီး တည်ငြိမ်သော အသံတစ်ခုက ပြတ်သားတိုတောင်းစွာပင် ထွက်လာသည်။
သူ့အရှိန်အဝါကြောင့် အကုန်လုံးက လိပ်ပြာလွင့်မတတ်......

"ဥက္ကဌ သက်သာသွားပြီလားဗျ"

"ဘယ်လိုထင်လို့လဲ

You had me at helloWhere stories live. Discover now