Chapter 14 _ ထောင်ချောက်

Start from the beginning
                                    

ရှင်ယဲ့သာဆို သေချာပေါက် အဲ့လိုလုပ်ခဲ့မည်သာဖြစ်၏။ သို့သော်ငြား သူတို့က‌တော့ မလုပ်ခဲ့ချေ။ မတွေးမိတာကြောင့်လား? မဖြစ်နိုင်ပေ။ ခေါင်းသုံးလုံးပေါင်းတာက ကျူးကောလျန့်* ထက်ပိုသာမှာတော့ အသေအချာပင်။ လူတစ်ယောက်တည်းက မစဉ်းစားနိုင်သည်မှာ ပုံမှန်ဖြစ်သော်လည်း သုံးယောက်ပေါင်းပြီး ဆွေးနွေးတာတောင် မတွေးနိုင်ဘူးဆိုလျှင် အသက်ရှင်နေလို့ ဘာအကျိုးရှိတော့မည်နည်း? ဘဝကူးသွားကြတာကမှ ကောင်းဦးမည်။

[ကျူးကောလျန့်က တရုတ်သမိုင်းမှာ စစ်ရေးဗျူဟာတွေကို ရေးဆွဲရာမှာ နာမည်ကြီးတဲ့ နိုင်ငံရေးသမားအရာရှိတစ်ယောက်ပါ။ ခေါင်းသုံးလုံးပေါင်းရင်တော့ ကျူးကောလျန်လို အတွေးအခေါ်ကောင်းတဲ့လူကို သာမယ်လို့ ဆိုလိုချင်တာပါ]

သူတို့ မစဉ်းစားနိုင်တာတော့ မဖြစ်သင့်ပေ။ အဲ့လိုလုပ်လို့ မရနိင်တာသာ ဖြစ်နိုင်သည်။

သူတို့၏ ဇာတ်သိမ်းများမှာ ရွေးချယ်ရသည့်အရာများသာဖြစ်ကြောင်း ရှင်ယဲ့ ဆင်ခြင်သုံးသပ်မိလိုက်၏။ Systemက စီစဉ်ပေးထားသည့် ဇာတ်သိမ်းများစွာထဲကမှသာ ရွေးချယ်ခွင့်ရနိုင်ပြီး၊ ကိုယ့်ကိုယ်သတ်သေခြင်းနှင့် အချင်းချင်းသတ်ဖြတ်ခြင်းကို ခွင့်မပြုထားပေ။

ရှင်ယဲ့ကတော့ မတူပေ။ Systemက သူ့အား ဘာအချက်အလက်မှ အသိမပေးသလို၊ ဘာကန့်သတ်ချက်မှလည်း မပေးထားချေ။ သူ့ဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနိုင်သည်။

သို့ရာတွင် ရှင်ယဲ့ သူလုပ်ချင်တာ ဘာမဆိုလုပ်လို့ရတယ်ဟု ဆိုလိုခြင်းမဟုတ်ချေ။ သူ့မှာ ပြိုင်ဘက်သုံးယောက်က ရှိနေသေးတာကြောင့် ဖြစ်သည်။

ရှင်ယဲ့ စစချင်းက မှန်ကို မကောက်ချင်ခဲ့သော်လည်း ပြိုင်ဘက်များက နောက်ခံဇာတ်ကြောင်းကို ပြောင်းပြီး မှန်ကို မကောက်ကောက်ရအောင် လုပ်ခဲ့သလိုကဲ့သို့ပင်။ ထို ကြိုးကိုင်ခြယ်လှယ်သူသုံးယောက်က လာမသတ်သော်လည်း သူ့ကို နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်နေမှာဖြစ်သောကြောင့် ရှင်ယဲ့ သူ့ဆန္ဒအတိုင်း လှုပ်ရှားလို့ မရနိုင်ပေ။

High Energy QR Code [ Myanmar translation ]Where stories live. Discover now