"ကျွန်မ ဦးတို့ အန်တီတို့နဲ့ တွေ့ချင်လို့ပါ"

"ဘာအတွက် တွေ့ချင်တာလဲ"

မောင့်မေမေက တင်းမာလွန်းသော မျက်နှာထားနှင့်ပင် မေးသည်။
ခွန်း အသက်ဝအောင်မနည်းရှုနေရသည်။
ခွန်း ဘယ်လိုပြန်ဖြေရပါ့မလဲ။

ခွန်းရဲ့ နေရခက်နေသော အခြေအနေကို မောင့်ဘဘက ဝင်ကယ်တင်ပေးလေသည်။

"ခန့်ညားအခြေအနေရော တိုးတက်ရဲ့လား သမီး
သမီးကြောင့် ခန့်ညားအများကြီး သက်သာလာတယ်

သေချာ ကျေးဇူးတင်စကားတောင် မပြောရသေးဘူး"

"ဟုတ်
သူ့အခြေအနေ အများကြီး သက်သာလာပါတယ်"

"တော်သေးတာပေါ့ကွယ်"

"ဟုတ်တယ် သမီးကျေးဇူးကြောင့် သားအများကြီး သက်သာလာတာ"

မောင့်ဖေဖေကပါ ဝင်ပြောလေသည်။

"ခွန်းသံသာချို မင်းမှာ ပြောစရာတစ်ခုခုများ ရှိသေးလို့လား"

"ကျွန်မ......."

ခွန်းသံသာချို နင်လုပ်နိုင်ပါတယ်
ဟုတ်တယ် မောင်.... မောင်...သာ အရေးကြီးဆုံး

မောင့်ကို သိပ်ချစ်တယ်မလား
မောင်နဲ့ တစ်သက်လုံး ကုန်ဆုံးချင်တယ်မလား
လုပ်နိုင်တယ်

တစ်ခါလောက်ပဲ စိတ်ရင်းနဲ့
ကျန်တာတွေကို လျစ်လျူရှုလိုက်....

စိတ်ကို အတက်နိုင်ဆုံးလျော့ကျကာ
အသက်ကို ဝဝ ရှုလိုက်ပါသည်။

"ကျွန်မ အရင်ဆုံး တကယ်တောင်းပန်ပါတယ်
ကျွန်မကြောင့် သူဒီလိုဖြစ်သွားတာ တကယ် စိတ်မကောင်းပါဘူး

လူကြီးတွေကို စိတ်မချမ်းသာအောင် လုပ်မိတဲ့အတွက်ရော
ပင်ပန်းအောင် လုပ်မိတဲ့အတွက်ရော ကျွန်မ တကယ် အနူးအညွတ် တောင်းပန်ပါတယ်"

ဒီ မိန်းကလေးက သူတို့ရှေ့မှာ တောင်းပန်နေသည်တဲ့လား
အပြစ်ဟု ဆိုနိုင်သော်လည်း လုံးစုံ သူ့အမှားချည်းပဲတော့ မဟုတ်

လူငယ်တစ်ယောက်က အမှားဟုမဆိုနိုင်သော အမှားတစ်ခုအတွက် တောင်းပန်နေခြင်းကြောင့်
လူကြီးတွေအနေနဲ့ နေရခက်လှသည်။

You had me at helloWhere stories live. Discover now