သူ့အိပ်မက်ကအပြင်လောက၌တကယ်ဖြစ်နေသကဲ့သို့ပင်ခံစားနေခဲ့ရသည်။အိပ်မက်ထဲတွင် ကျန်းဝမ်ရွှီသည်အထက်တန်း ကျောင်း၏ကျောင်းသားဘဝသို့ပြန်ရောက်သွားခဲ့ပြီးဓာတုဗေဒဘာသာအား ဆရာမှ အတန်းထဲတွင်သင်ကြားနေခဲ့ချိန်ဖြစ်သည်။
ထိုသင်ကြားမှုသည် သူ့အားအလွန်ပင်
ငိုက်မြည်းလာစေခဲ့တာကြောင့်စားပွဲခုံပေါ်တွင်အိပ်ဖို့ လုပ်နေချိန် သူ့ဘေးခုံတွင်ထိုင်နေသော ကောင်လေးကို တွေ့မြင်နေခဲ့သည်။
ထိုကောင်လေးကကျောင်းဝတ်စုံလေးဝတ်ဆင်ထားလျက် အနက်ရောင်ဆံပင်ပျော့လေးများလည်းရှိပြီးနူးညံ့သိမ်မွေ့မှုများနှင့် အတူ အပြစ်ကင်းစင်ကာ မျက်လုံးလေးများကတောက်ပနေလျက် ဆရာစာသင်နေသည်ကို ဂရုတစိုက်ပင်နားထောင်နေခဲ့လျက်ရှိနေသည်။

"ကျစ်ရှု...."

ကျန်းဝမ်ရွှီသည်အိမ်မက်ထဲ၌ ငိုနေခဲ့သော
တစ်စုံတစ်ယောက်၏အသံအားသူကြားလိုက်မိရင်းရုတ်တရက်ပင် သူလန့်နိုးလာခဲ့ရသည်။သူနိုးလာချိန်တွင်ပါးပြင်ပေါ်၌ မျက်ရည်များက စိုစွတ်နေခဲ့သည်မို့ သူငိုနေခဲ့ခြင်းပင် ဖြစ်သည်။ကျန်းဝမ်ရွှီတချက်မျှပင် ရှိုက်ခဲ့ရင်း မျက်ရည်များကိုသုတ်ကာ
အရူးတစ်ယောက်လိုပြောနေမိသည်။

"ကျစ်ရှူ ငါ့ဆီ ပြန်လာပါကွာ ....
ကျေးဇူးပြုပြီး ...ငါ့ဆီ ပြန်လာပေးပါ ....
မင်းသာပြန်လာမယ်ဆို
ငါ မင်းလုပ်ချင်တာတွေ မင်းလိုချင်တာတွေ ငါ အကုန် ဖြည့်ဆည်းပေးပါ့မယ် "

ခွေးလေးတွေ ကြောင်လေးတွေ ကို
ကျစ်ရှုစိတ်ရှိသလောက် အိမ်ထဲမှာပင်
နေရာလပ်မရှိအောင်ပဲမွေးမည်ဆိုစေဦး
သူခွင့်ပြုပေးမည်။အလုပ်ကိစ္စတွေ ဘယ်လောက််များများအိမ်သို့သာအချိန်မှန်ပြန်လာပြီး ကျစ်ရှုကိုပွေ့ဖက်နမ်းရှူံ့ရင်း
အိမ်မွေးတိရိစ္ဆာန်လေးများကဲ့သို့ပင် ကျစ်ရှုအားအမြဲလိုရယ်မောပျော်ရွှင်အောင်သူထားမည်ပင် ဖြစ်သည်။သူ့ တစ်ဘဝလုံးနှင့်အတူ
သူ့စည်းစိမ်ငွေကြေးအားလုံးကိုကျစ်ရှုကသာ
စီမံခန့်ခွဲရန် အပ်နှင်းမည်ဖြစ်ကာလူအများကြားထဲတွင်လည်း သူ့အိမ်သူဟုပင်တရားဝင်ထုတ်ပြကြေငြာလျက်သူ့ တစ်ဘဝလုံးကျစ်ရှုနှင့်ပဲပျော်ရွှင်စွာ နေမည် သာဖြစ်သည်။အရေးကြီးသည်ကား ကျစ်ရှု ပြန်လာဖို့
ဖြစ်ပြီးကျစ်ရှုအားရှာတွေ့ဖို့ရန်သာဖြစ်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now