သူ ခန့်ညားကို သိချင်စိတ်မထိန်းနိုင်စွာ မေးမိပြန်သည်။

"သူ့အတွက်.....
မင်းမေမေအတွက်ကရော"

"မေမေမှာ ဖေဖေ ရှိတယ်လေကွာ
ကြီးမေလည်း ရှိတယ်"

"ခွန်းမှာလည်း သူ့မမတွေ ရှိတာပဲကွ"

"မတူဘူး
ခွန်းက​လေ သူခံစားချက်တွေကို ဖုံးကွယ်တဲ့ နေရာမှာ သိပ်တော်တာ
သူကလေ ငါကလွဲပြီး အကုန်လုံးရှေ့မှာ အဆင်ပြေချင်ယောင် ဆောင်နေတာ

အဲ့လိုမိန်းကလေးကို ငါက တစ်ယောက်တည်း ပစ်ထားနိုင်မယ်လို့ မင်းထင်လား"

သူ ပြုံးမိပါသည်။
ဘာတွေနဲ့ ယှဥ်ယှဥ် ခန့်ညားထည်ဝါအတွက် ခွန်းသံသာချိုက လွဲပြီး ဘာမှ အရေးမကြီး။

"ဟုတ်ပါပြီကွာ
အဲ့တော့ မင်းဘာဆက်လုပ်မှာလဲ

တင်းနေတဲ့ ကြိုးတွေကိုရော ဘယ်လိုလျှော့မှာလဲ"

"တကယ်တော့ အဲ့တာကို ငါမတတ်နိုင်ဘူး
မိသားစုနှစ်ခု အမျိုးသမီး နှစ်ယောက်ကြားက အားပြိုင်မှုပဲ

တစ်ဖက်က လျှော့မှပဲ ရမှာ"

"ဒါဆို ဘယ်ဘက်က လျှော့မယ်လို့ မင်းထင်လဲ

မင်းကရော ဘယ်ဘက်ကို အလျှော့ပေးစေချင်လဲ"

"ဒါကတော့.....

ခန့်ညားက သူ့ကို ဆက်မပြော
အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်သည်။

"ပိုချစ်တဲ့သူက လျှော့မှာပေါ့"

ခန့်ညားထည်ဝါ.... ခန့်ညားထည်ဝါ.....
ဖွင့်လည်း မပြောချင် အနားကလည်း ထွက်မသွားနိုင်
မင်းတော့ သွားပြီ.......

"မင်းဆက်"

"ခွန်း ဘယ်ကပြန်လာတာလဲ"

"စျေးက ပြန်လာတာ
သူကြိုက်တာလေးတွေ ချက်ကျွေးမလို့"

"ကောင်းပါ့ဗျာ
ကျွန်တော် ကောင်မလေးကတော့ မီးဖိုချောင်နဲ့ကို မတည့်တာ"

"အဲ့တာတော့ ဟုတ်တယ်

အဲ့တာကြောင့် အမာရာက အရှေ့တိုင်းစာရော အနောက်တိုင်းစာရော အကုန်ချက်တတ်တဲ့သူကို ရှာထားတာလေ "

You had me at helloWhere stories live. Discover now