အများပြောစကားအရ ယခင်မှ မိမိသည် ရှောင်ကျင်းအား သူ့ဆန္ဒနှင့်သူ ကွာရှင်းခွင့်လျှောက်လွှာ တင်စေသည်အထိ အေးစက်စက်ဆက်ဆံခဲ့သည်ဆိုပါက ထိုလူသည် အဘယ်ကြောင့်များ ဇနီးဖြစ်သူကို ဤကဲ့သို့ ဆက်ဆံရပါသနည်း။ သူ့အနေဖြင့် ရှောင်ကျင်းအပေါ် စိတ်မရှိလျှင် ထိုကဲ့သို့ ချစ်တင်းနှောခြင်းအမှုမျိုးကိုလည်း ရှောင်သင့်သည် မဟုတ်ပါလား!?

ထျန်ချီသည် ကွန်ပျူတာ screen အား စိုက်ကြည့်ရင်း တည်ငြိမ်စွာဖြင့် ဆိုလာခဲ့သည်။

"ဗိုလ်ချုပ် အခုလက်ရှိ ဗိုလ်ချုပ်ရဲ့ စိတ်အခြေအနေက မတည်ငြိမ်တဲ့ပုံပဲ။ ဘာတွေများ တွေးမိလို့ပါလဲ?"

"ဘာမှမဟုတ်ပါဘူး"

မေးခွန်းမေးခြင်းအမှုမှာ နောက်ဆုံးတော့ ပြီးဆုံးသွားဟန်တူ၏။ ဒေါက်တာထျန်သည် ရှာဖွေတွေ့ရှိပြီးသော အချက်အလက်များအား ပြန်ပြောင်းစစ်ဆေးပြီးနောက် မူလလုထောင်၏ စရိုက်မှာ မကြာမီအတွင်း အပြီးအတိုင် ပြန်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိလေတော့သည်။

"ဒေတာတွေအရဆိုရင်တော့ ဗိုလ်ချုပ်ဦးနှောက်အတွင်းမှာရှိတဲ့ အဆိပ်ရည်ပြိုကွဲခြင်းက တဖြည်းဖြည်း အားကောင်းလာပါပြီ။ ထပ်ပြီး စရိုက်နှစ်ခုကွဲစရာ မလိုတော့ပါဘူး..ဒီလကုန်မှာပဲ မူလအခြေအနေကို ပြန်ရောက်နိုင်ပါလိမ့်မယ်"

ဒေါက်တာထျန်က စကားခဏရပ်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"တောင်းပန်ပါတယ်။ ကျွန်တော်က မူလဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် ခံနိုင်ရည်အားကို လျှော့တွက်မိသွားတယ်"

"လကုန်!? မမြန်လွန်းဘူးလား"

လုထောင်ကမူ အနည်းငယ် ထိတ်လန့်သွားလျက်။

"ကျွန်တော်ကတော့ ဗိုလ်ချုပ်အနေနဲ့ စိတ်ပျက်သွားဖို့ မလိုဘူးလို့ ထင်ပါတယ်။ ဘာပဲပြောပြော နှစ်ယောက်သားက လူတစ်ယောက်တည်းပဲ မဟုတ်လား။ နောက်ပြီး အခုရက်ပိုင်း စစ်ဆေးမှုတွေကနေ သိလာရတာကတော့ အဆိပ်ရည်တွေကုန်သွားတာကြောင့် လက်ရှိစရိုက်ကွဲက ပျောက်ကွယ်သွားမှာမျိုး မဟုတ်ပါဘူး။ မူလစရိုက်နဲ့ အတူတကွ ပြန်ပြီးပေါင်းစပ်သွားနိုင်မှာပါ"

Application For Divorce  [ 离婚申请 ] Where stories live. Discover now