"ဟုတ်ပါတယ် အဲ့ဒီလိုမျိုးပါပဲ"

ထို့နောက် လုထောင်သည် တစ်ခုခုအား အမှတ်ရသွားဟန်ဖြင့် ဖေလီဘက်သို့ လှည့်ကာ ရုတ်တရက် အမေးစကားဆိုလာခဲ့၏။

"ဖေလီ..သူမင်းကို ဘာမှမေးမသွားဘူးလား"

ပုံမှန်ဆိုလျှင် မူလလုထောင်၏ နောက်ဆုံးသော မှတ်ဉာဏ်မှာ အိုက်ရွှယ်အား ကယ်တင်ပြီးသည်အထိသာ ရှိနေမည်ဖြစ်၍ ၎င်းခရီးသွားနေချိန်၌ နိုးထလာခြင်းက သူ့အား သေချာပေါက် စိတ်ရှုပ်သွားစေမှာပင်။ ထို့ကြောင့် သူသည် အတွင်းရေးမှုးဖြစ်သူ ဖေလီအား လက်ရှိဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းလာလိမ့်မည် မဟုတ်ပါလား။

ဖေလီက ဆိုသည်။

"မေးမသွားပါဘူး"

"ဟမ် ထူးဆန်းလိုက်တာ!"

"ဟုတ်ကဲ့။ နည်းနည်းတော့ ထူးဆန်းပါတယ်"

ဖေလီက မျက်မှန်ကိုင်းအား ပင့်တင်ကာ ဆက်ပြောလာသည်။

"အခုဗိုလ်ချုပ်ရဲ့ ပြောစကားအရ အဲ့ဒီတုန်းက အဓိကရုဏ်းမှာ ရှိနေခဲ့တာက အရင်ဗိုလ်ချုပ်ဆိုရင် ကျွန်တော့်အမြင်အရတော့ သူဟာ အဲ့ဒီဆူပူမှုကို ဖြေရှင်းဖို့ အရင်ဆုံး ရွေးချယ်မှာပါပဲ။ တကယ့်လက်တွေ့မှာလည်း သူက အဲ့ဒီလို လုပ်ဖို့ပဲ ဦးစားပေးခဲ့ပါတယ်။ ဆူပူမှုပြဿနာကို ဖြေရှင်းပြီးသွားရင်တော့ ကျွန်တော့်ဆီကို ဆက်သွယ်ပြီး လက်ရှိအခြေအနေအကြောင်း မေးမြန်းသင့်တာပါ..ဒါပေမဲ့ အဲ့ဒီတုန်းက ဗိုလ်ချုပ်က တစ်ဖက်လူရဲ့ လုံခြုံရေးကို ပိုစိုးရိမ်နေခဲ့တာမို့ အရင်ဆုံး ဟိုတယ်ပြန်ဖို့ကို ရွေးချယ်ခဲ့တဲ့ပုံပါပဲ"

၎င်းနောက်ဆုံးစကားအား ကြားလိုက်ရရချင်းပင် လုထောင်၏ နှလုံးသားတစ်ခုလုံးမှာ ချဉ်စုပ်စုပ် အနံ့အသက်တို့ဖြင့် ဖုံးလွှမ်းသွားရတော့၏။

မိမိတို့မှာ ခန္ဓာကိုယ်တစ်ခုတည်းက ဖြစ်တည်လာသော စရိုက်ကွဲနှစ်ခု ဖြစ်သည့်တိုင် သူသည် တစ်ဖက်လူအား သဝန်တိုနေမိဆဲပါပင်။

ထိုနေ့က အဖြစ်အပျက်ကြောင့် မိမိ၏ ဇနီးသည်လေးမှာ ကျိန်းသေပေါက် ထိတ်လန့်ကြောက်ရွံ့နေမိ၍ ခင်ပွန်းဖြစ်သူ ဆီမှလည်း နှစ်သိမ့်မှု တောင့်တနေလိမ့်လေမည်။ ထို့ကြောင့် သူသည် တစ်ဖက်မှ လုထောင်က အခန်းအတွင်းသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အပြေးအလွှား သွားဖက်ကာ ချစ်စဖွယ်ကောင်းအောင်လည်း ချွဲလိမ့်မည်။ မိမိ၏ရှောင်ကျင်းသည် တစ်ဖက်လူအား Blow job ပင်ပေးလိုက်နိုင်သည် မဟုတ်ပါလား!!!? မည်သို့ပင်ဆိုစေကာမူ ထိုနေ့မနက် နိုးထလာချိန်တွင်လည်း ဇနီးသည်လေး၏ ပါးလျလျ နှုတ်ခမ်းလွှာများမှာ အနည်းငယ် ယောင်ကိုင်း၍ နီမြန်းနေခဲ့ရသည်ပင်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now