ကျန်းဝမ်ရွှီပြောလိုက်မိသည် ။

"ငါအခု အိပ်မက်ဆိုး မက်နေတာပါ ....
ဟုတ်တယ်မလား ? ....ငါ့ကို ဒီအိပ်မက်ကနေ
မင်း ဆွဲထုတ်ပေးစမ်းပါ ကွာ !
နှင်းတွေပထမဆုံးကျတဲ့ရက်တွေရဲ့ နှစ်တိုင်းမှာငါ ကျစ်ရှုနဲ့အတူ ဖက်ထုပ် လေးတွေ
အတူတူလုပ်ပြီး အတူတူစားရဦးမှာ "

ကျန်းဝမ်သည် သူ့အားမကူညီနိုင်ခဲ့ပေမယ့်
မျက်ရည်ဝဲလျက်ရှိနေရင်း သူ့အား
သတိပေးလာခဲ့သည်။

"ဝမ်ရွှီ ...မင်းကိုယ်မင်းလိမ်လို့မရဘူးလေ"

သူ့ကို လောကကြီးကပင် အပြစ်ပေးလာခဲ့လေပြီ၊ကျန်းဝမ်ရွှီတစ်ယောက်သူ့ကိုယ်သူပင်
လိမ်ညာခွင့်ရှိမနေတော့ဘူး၊သူ့စိတ်အစဥ်က
လွန်ခဲ့သောအတိတ်ဆီသို့ပင်ရှင်းလင်းစွာ
သတိရနေလျက်ရှိနေခဲ့သည်။လွန်ခဲ့သောနှစ်တွေက နှင်းတွေစကျချိန်နှင်းတွေကျတဲ့ညမှာပင် ကျစ်ရှုက သူ့ကို ကတိပေးခဲ့ဖူးတယ်။

"ငါတိူ့တွေ နှစ်တိုင်းနှင်းတွေစကျတဲ့နေ့ မှာ
ဖက်ထုပ်လုပ်စားကြမယ်နော် "

လွန်ခဲ့သောအတိတ်ကငယ်ရွယ်တဲ့ကျစ်ရှုက
သူ့ကို ပြုံးလျက် ပြောခဲ့ဘူးတယ်လေ။

"ရော့ .....ငါ့ရဲ့ ကံကောင်းခြင်းတွေနဲ့
ဒဂါးလေးပါတဲ့ ဖက်ထုပ် မင်းကို ပေးမယ်, ကံကောင်းမှုတွေ အခုဆို မင်းဆီ
ရောက်သွားပြီ "

လွန်ခဲ့သောနှစ်.... နှင်းတွေစကျတဲ့နေ့ကလည်းသူ့ဆီ ဖုန်းဆက်ပြီး ပြောခဲ့ဖူးတယ်။

"ငါ ....မင်းကို လွမ်းတယ် ....နှင်းတွေကျနေပြီလေ...မင်း ဒီညနေ အိမ်ပြန်လာမှာလားဟင် ?
ငါမင်းကို ဖက်ထုပ်လုပ်ကျွေးမယ်လေ"

ကျစ်ရှစ်သူ့ကို မေးခဲ့ဖူးတယ်....

"မင်း လက်စွပ် ဘယ်ရောက်သွားလဲ?

"ထားလိုက်ပါ ပျောက်သွားတယ်ဆိုလဲ
ပျောက်သွားတယ်ပေါ့ ...အဖိုးမှ မတန်တာ "

ကျန်းဝမ်ရွှီသည် ကျစ်ရှုတစ်ယောက်တည်း
ဤမျှ ဆိုးဝါးလှသော ရောဂါကိုတစ်ဦးတည်းသာ တွန်းလှန်ခဲ့ရပြီးသူ့ကို အမြဲလိုပင်
အိမ်မှာ တစ်ဦးတည်းသာစောင့်ဆိုင်းပေးနေခဲ့သည်။သူလုံးဝမတွေးမိခဲ့ဘူး။ဘယ်လို
ကြောင့်များ ...ဘယ်လို အားအင်တွေနဲ့များ
သူ့အနားမှာပဲ သူ့ကို စောင့်ဆိုင်းပြီးနေပေးနိုင်ခဲ့ရတာလဲ ?။ကျစ်ရှုကိုသူတကယ်ပင်
အခြားသူများထက်ပို၍ ချစ်မြတ်နိုးခဲ့သည်။သူချစ်နိုင်တာထက်တောင်ကျစ်ရှုက သူ့ကို
ပိုချစ်ပေးခဲ့သည်။သူကရော?
သူကတော့ ....သူ့ကို အရာရာသည်းခံကာ
နားလည်ပေးလျက် ရောဂါဝေဒနာအား
တဦးတည်းသာ ကျိတ်မှိတ်သည်းခံရင်း
သူ့ရဲ့ အနိုင်ကျင့်မှုတွေ ၊သူ့ရဲ့ဖောက်ပြန်မှုတွေနဲ့ သူ့ဥပေက္ခာများကိုသာ ရရှိခဲ့ရရှာသော
သူ့အိမ်သူကို သူကလုံးလုံးလျားလျားပင်လျစ်လျူရှုမိခဲ့ချေပြီ။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now