"ဟိုလေ ကျွန်တော့်ဘာသာ
လမ်းလျှောက်နိုင်ပါတယ် "

အိုက်ကျိယွီဘေးကိုကြည့်လိုက်ချိန်
သူ့ဘေးတွင် တကိုယ်လုံးရေများစိုလျက်ရှိနေသော အားဂူးအား မြင်သောကြောင့်

"အခုအချိန်သာ မင်းကို အောက်ချပေးရင်
အားဂူးက မင်းဆီ ခုန်တက်မှာ"

အိုက်ကျိယွီသည်ကျစ်ရှုအား ဆက်၍ ပွေ့ထားလျက် အိမ်ဖက်ဆီသို့ လျှောက်လာရင်း
ပြောလာသည်။

"ကိုယ်မင်းကို မင်းကောင်းကောင်းအနားယူလို့ရမယ့်နေရာထိ ပို့ပေးမယ် ...ပြီးမှ ကြောင်လေးတွေကို လာပြန်ခေါ်ပေးမယ်"

အိုက်ကျိယွီသည် နာရီ (20)ထက်မနည်း
မရပ်မနား ကားမောင်းလာရသောကြောင့်
အလွန်ပင်ပင်ပန်းနေပုံလည်းရနေခဲ့သည်။
ထို့ကြောင့် ကျစ်ရှုသည် အိုင်ကျိယွီ
စိတ်မကောင်းစေမည့်အရာအားမလုပ်တော့ဘဲ သဘောတူလိုက်ရင်း ခေါင်းညိတ်ပြခဲ့သည်။

ရာသီဥတုသည် အနည်းငယ်နွေးထွေးကာ
နေရာင်ကမူ ဖြာကျလျက် ရှိနေခဲ့သည်။
အိုက်ကျိယွီသည် စောင်နှင့် အိပ်ရာခင်း
အသစ်များ ပြောင်းလဲလိုက်ခိုင်းပြီးဖြစ်သည်။ကျိယွီသည် ကျစ်ရှုအား
အိပ်ရာပေါ်တွင် ညင်သာစွာချပေးလိုက်ရင်း

"အခု ခဏလောက် အိပ်လိုက်ဦး၊နေ့လည်စာစားချိန်ကျ ဟန်ကျိုးရဲ့နာမည်ကြီးစားသောက်ဆိုင် LOUWAILOU မှာ
စပျစ်ဝိုင်ပုစွန်စားဖို့ ခေါ်သွားမယ်

"ဒေါက်တာအိုက် ကျွန်တော် ဒေါက်တာ့ကို
ဒုက္ခတွေအများကြီး ပေးနေမိလို့
တောင်းပန်ပါတယ်!

"ကိုယ့်သူငယ်ချင်းတွေအများကြီးဒီကို
လာလည်တဲ့အခါလဲ ကိုယ်ဒီလိုဘဲ လုပ်ပေးတာဘဲ အများကြီး လျှောက်တွေးမနေနဲ့၊
ကိုယ် အားဂူးနဲ့ ကြောင်လေးတွေအတွက်
နေရာစီစဥ်ပေးလိုက်ဦးမယ် ၊ကိုယ်လဲ
အချိန်ခဏလောက် အိပ်ဖို့လိုတယ်၊
ကိုယ့်ကို စိတ်ပျက်စေမယ့် စကားတွေ
ဘာမှထပ်မပြောပါနဲ့ "

အိုက်ကျိယွီသည် ကျစ်ရှုအား ခေါင်းစဥ်ပြောင်းကာပြောလိုက်ရင်း သူပုံကိုလည်း
စိတ်ရောလူရောအလွန်ပင်ပင်ပန်းနွယ်နယ်
နေဟန် ပြုလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now