**ကျွန်တော့်လက်မောင်းပေါ်မှာလှဲအိပ်နေတဲ့
Kim Junkyu ဆိုတဲ့လူသားလေးက တကယ်မြတ်နိုးဖို့ကောင်းတဲ့ အရာငယ်လေးပေါ့**"ခင်ဗျား ဒီအတောအတွင်း အရက်တွေ
သောက်တတ်လာတယ်ဆို""မင်းကိုသတိရလို့ပါ"
"...."
"မင်းရော...ငါ့ကိုသတိမရဘူးလား"
"သတိရပါတယ်"
"စိတ်မပါတဲ့အသံကြီးနဲ့"
"ခင်ဗျား ကျွန်တော်ကိုမေးစရာမရှိဘူးလား"
"ဘာကိုလဲ"
"တစ်ခုခုပေါ့"
"ဟင့်အင်း...ငါမမေးချင်ဘူး haruto ငါမင်းနဲ့
အခုလိုနေရတဲ့အချိန်လေးတွေက်ိုပဲ
သဘောကျတယ်""ကျွန်တော်ရောပဲ"
"မင်း ဘာလို့ငါ့ကိုစိမ်းနေတာလဲဟင်"
"ဟော ဘာမှမမေးချင်ဘူးဆိုပြီး
မေးခွန်းကစထုတ်လာပြီ""ဒါလေးတော့သိချင်လို့ကို"
"ကျွန်တော်မစိမ်းပါဘူး"
"အင်း.... ဟုတ်ပါတယ်လေ မင်းရင်ခွင်က
အခုထိနွေးထွေးတုန်းပါပဲ"ကျွန်တော့်ဘယ်ဘက်ရင်အုံပေါ်လက်တင်ပြီး
ပြောတဲ့စကားရယ်ပါ။"Kim Junkyu"
"အင်း" ဆိုပြီး ခေါင်းလေးမော့ကြည့်တယ်။
ဘာမှပြောမနေတော့ပဲ သူ့နှုတ်ခမ်းဖူးဖူးလေးတွေကို ကျွန်တော်မနားတမ်း နမ်းရှိုက်ပစ်လိုက်
တော့ အရင်ကဆို အသက်ရှုမဝလို့ဆွဲပြီး
တွန်းဖယ်တတ်တဲ့လက်လေးတွေက အခုတော့
ကျွန်တော့်ကိုပိုတိုးလို့ဖက်ထားတယ်။အင်း...သူလည်းကျွန်တော့်အနမ်းတွေကို
လွမ်းနေရှာမှာပေါ့...ဒီလိုနဲ့တစ်ညလုံး နှဖူးလေးနမ်းလိုက်
ခေါင်းလုံးပုတ်ပေးလိုက်နဲ့ ချော့သိပ်ခဲ့ရပါသေးတယ်။အကောင်ပေါက်ကတော့ကျွန်တော့်ရင်ခွင်ထဲ
နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်မောကျနေလေရဲ့...**ခင်ဗျားမမေးပေမယ့်ကျွန်တော့်မှာ ပြောပြစရာတွေအများကြီးရှိတယ် ဘယ်ကနေစပြောရမှာလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်တောင်
တကယ်မသိတော့ပါဘူး...**
___________________________________
မနက်ခင်း နေရောင်ခြည်ရဲ့အလင်းတန်းတွေက
မျက်လုံးပေါ် စူးခနဲကျရောက်လာတယ်။