Ep (16) Just my thoughts

583 103 44
                                    

<<< ဒီနေ့ကဘွဲ့ယူမယ့်နေ့ >>>

ဘာလိုလိုနဲ့ငါတို့နှစ်ယောက်မတွေ့ဖြစ်တာ
၃နှစ်နဲ့ ၇လတောင်ရှိပြီ။ငါတစ်ရက်မှ
မင်းကိုမေ့မရခဲ့ဘူး...ငါ့အတွက်အခက်ခဲဆုံး
နေ့ရက်တွေကိုဖြတ်သန်းခဲ့ရတယ်။

မင်းနဲ့ဝေးသွားတဲ့အချိန်တွေမှာ
ငါသိလိုက်ရတာက မင်းကငါ့အတွက်
အရမ်းအရေးပါတဲ့ လူတစ်ယောက်ဆိုတာ...

မင်းရော အခုဘာတွေလုပ်နေလဲ??
ရေခြားမြေခြားမှာငါ့ကိုရောသတိရရဲ့လား??
အစားရောပုံမှန်စားရဲ့လား??
ညတွေရော ကောင်းကောင်း အိပ်ပျော်ရဲ့လား??

ငါအခုချိန်မင်းအကြောင်းကိုတွေးနေမိတဲ့
မနက်ခင်းစောစောမှာမင်းကတော့
အိပ်မောကျနေမှာလား??

ငါဒီနှစ်တွေထဲအရက်မူးတိုင်းမင်းကို
ဖုန်းဆက်ခဲ့တယ်။စက်ပိတ်ထားတဲ့
ဖုန်းတစ်လုံးကိုငါဘာတွေမျှော်လင့်ပြီး
အားကိုးတစ်ကြီးဆက်နေမိတာလဲ??
သူငယ်ချင်းတွေကငါ့ကိုတားကြတယ်။
အားပေးကြတယ်။ဒီလိုနဲ့ပဲနောက်ပိုင်းတော့
မင်းကိုလွမ်းရင် ငါမူးအောင်သောက်ပြီး
အိပ်တယ်။စက်ပိတ်ထားတဲ့ဖုန်းနံပါတ်
တစ်ခုကိုမခေါ်မိတော့အောင်ကြိုးစားရင်းပေါ့..

မင်းထွက်သွားတဲ့နှစ်တွေမှာငါဆိုးပေခဲ့တယ်။
အရက်ဆိုတစ်ခွက်လောက်သောက်တာနဲ့
မူးတဲ့ငါက အရက်ဂျိုးဖြစ်သွားတဲ့အထိပဲ...

"Sukkie ရဲ့ စကားတစ်ခွန်းကို
ငါမှတ်မိပါသေးတယ်။
မင်းစာကြိုးစား မင်းစာတော်မှ
ဘွဲ့ရရင် Ruto နောက်ကိုလိုက်သွားနိုင်မှာ"တဲ့

တော်တော်ကောင်းတဲ့ moti
ငါအဲ့ကနေစပြီးစာကိုသေချာအာရုံစိုက်မိတော့တာပဲ...ငါတကယ်အရူးနဲ့တူတယ်မလား??

အခုတော့..ငါ ဘွဲ့ယူရတော့မယ်။
ငါ့အိပ်မက်ကမင်းနဲ့တူတူဘွဲ့ယူရဖို့ပေါ့။
ဒါပေမယ့်ဒါကမဖြစ်နိုင်တော့ဘူးပေါ့လေ....
မင်းနောက်ကိုလိုက်လာအုန်းမယ်ဆိုတဲ့
အိပ်မက်ကတော့ဖြစ်နိုင်ပါသေးတယ်။

ငါ့ကို email လေးတစ်စောင်တောင်
မပို့ခဲ့တဲ့ မင်းကတော့အဆင်ပြေနေမယ်ဆိုတာ
ငါသိပါတယ်..ငါမင်းကိုမေ့ပစ်လိုက်ချင်တယ်။

Playful LOVEWhere stories live. Discover now