Ep(5) You have me (Unicode)

718 112 17
                                    

Bus ကား Gate မှာထိုင်ပြီးမိုးတိတ်တာကို
စောင့်နေတဲ့ကောင်လေးနှစ်ယောက်..
Junkyu ကိုယ်ပေါ်မှာတော့ သူ့ဘေးက
ကောင်လေးရဲ့ Hoodie လေးလွှမ်းခြုံရက်သား...
ငိုတုန်းကတော့ကလေးလိုအော်ငိုပြီး
ခုကျမှမျက်နှာတွေပါပူထူလာတဲ့ထိ
ရှက်လွန်းလို့ခေါင်းအောက်စိုက်ချထားရင်း...
"Gomawor ruto ငါ့ကြောင့်စိတ်ညစ်သွားရပြီ"
"ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး"

Junkyu Pov : ဒီလိုကျထင်သလောက်မဆိုးဘူးပဲ
အာ မေ့လိုက်မေ့လိုက် ဒီနေ့ဖြစ်ခဲ့တာတွေကို
အကုန်မေ့ပစ်လိုက် Kim Junkyu!!!!

ထို့နောက်ရုတ်တရက်လေထုကတိတ်ဆိတ်သွားခဲ့ပြီးခဏကြာတော့မိုးပေါက်များလည်းရပ်တန့်သွားခဲ့သည်။

"မိုးတိတ်သွားပြီပဲ ဂရုစိုက်ပြန်နော် Ruto"
ကိုယ်ပေါ်က hoodie လေးကိုပြန်ပေးတော့
တစ်ဖက်ကလက်ကိုလှမ်းတားပြီးခေါင်းခါပြတဲ့
ကောင်လေး...
"ရတယ် ခင်ဗျားပဲယူသွားလိုက်ပါ အေးနေမှာပေါ့"
"ဒါဆိုမင်းကရော"
"စိတ်မပူပါနဲ့ကျွန်တော်Taxiနဲ့ပြန်လိုက်မယ်"
"ငါ့အဆောင်က ၁၀ မိနစ်လောက်လမ်းလျှောက်
လိုက်ရင်ရောက်ပြီ မင်းပဲပြန်ယူသွားလိုက်ပါ"

Junkyu စကားတောင်မဆုံးသေး
လက်တားပြီး Taxi တစ်စီးပေါ်တက်သွားလေသည်။
ဒါတောင်ကားထွက်ခါနီးပြတင်းပေါက်ဖွင့်ပြီး
တာ့တာလှမ်းပြသွားသေးတယ်
ဘယ်လောက်ခေါင်းမာတဲ့ကောင်လေးလဲကွယ်....
_______________________________
အဆောင်ပြန်ရောက်တာနဲ့ ရေတောင်မချိုးရသေးဘူး အနားကိုအပြေးရောက်လာတာတဲ့ငမွှေသီး
နှစ်ကောင်...
"Kyu ဒီနေ့ဘာတွေဖြစ်ခဲ့လဲ မိုးရေတွေလည်းရွှဲလို့"
"အဲ့ဒါမင်းတို့နှစ်ကောင်ကြောင့်လေ
ငါ့မှာဘုမသိဘမသိနဲ့
တူတူမနက်စာစားလိုက်ရတယ်"
"အဲ့ဒါမကောင်းဘူးလား တော်ရုံမိန်းကလေးတောင်
haruto နဲ့ မနက်စာစားဖို့လွယ်တာမဟုတ်ဘူး"
"အာ mola mola ခုတော့ဖယ် ငါရေချိုးတော့မယ်
ငါမိုးမိပြီးဖျားရင်မင်းတို့ကြောင့်ပဲ"

<<< Time Skip >>>
Junkyu ရေချိုးအဝတ်စားလဲပြီးတဲ့အထိ
သူ့ကုတင်ပေါ်မှာတုတ်တုတ်မှမလှုပ်ပဲထိုင်စောင့်နေတဲ့Jaehyukတို့...
"Yrr မင်းတို့ဘယ်လိုဖြစ်နေတာလဲ..Chow ကလည်း ငါတို့အခန်းအပြီးပြောင်းလာလားမှတ်ရတယ်
ကိုယ့်အခန်းလေးဘာလေးလည်းပြန်အုန်း"
"အိပ်တဲ့ချိန်ပြန်ရင်တော်ပြီပေါ့ တော်ရုံခင်ရုံနဲ့ Chowတို့ကလာမနေဘူးနော်သိဘို့သိဘို့ဟွန့်"
"အမလေး အေးပါကျေးဇူးရှင်ရယ်"
"ပြောပါအုန်း ဘာတွေဖြစ်ခဲ့လဲဆိုတာ"
"ငါတို့မနက်စာစားပြီးပြန်လာတော့လမ်းမှာ
ကို့ဆီကဖုန်းဝင်လာတယ် ငါမနေ့ညက သူ့ဆီ
စာတစ်စောင်တောင်မပို့ထားလို့ဆိုပြီး
ငါ့ကိုစိတ်ဆိုးသွားတယ် မင်းတို့လည်းသိတဲ့
အတိုင်းငါက ကိုစိတ်ဆိုးရင်မနေတတ်ဘူးလေ
အဲ့တော့ငါလည်း မိုးရေထဲထိုင်ချပြီးငိုပစ်လိုက်တော့တာ"
"Borrrr!!!Rutoရှေ့မှာငိုချလိုက်တာလား????"
"အေးဆို ရှက်လွန်းလို့နောက်နေ့တောင်သူနဲ့မျက်နှာချင်းမဆိုင်ရဲတော့ဘူး"
"Ruto ကရောဘာပြောလဲ"
"သူကလား သူကတော့ဒီတိုင်းရပ်ကြည့်နေတာပေါ့"
"ဒါနဲ့ဒီhoodieကရော"
"အမ် ဒါက ငါ့ hoodie လေ မိုးရွာနေလို့
မနက်ကမှ City Mart မှာဝယ်လိုက်တာ"
ပါးစပ်ကသာဒီလိုမျိုးပြောလိုက်ရပင်မယ့်
စိတ်ထဲပြောလိုက်မိတာကတော့
"Rutoသာငါ့ကိုအခုလိုသူ့hoodieပေးတာတွေရော
ဖက်ပြီးမငိုဖို့ပြောခဲ့တာတွေရောသာသိရင်
မင်းတို့နှစ်ကောင်အံ့ဩလို့ဆုံးမှာမဟုတ်ဖူးဟေ့"
"အင်းလေ Ruto ကအဲ့လိုပုံစံပဲကို ဖိုက်တင်း Kyu ငါတို့ရှိတယ်အားမငယ်နဲ့"
"အေးပါအေးပါ လောလောဆယ်တော့ ငါ့ရဲ့
တစ်ဦးတည်းသောကို့ကိုချော့ရအုန်းမယ်"
"မင်းလည်းဝဋ်ကြွေးပဲ Junkyu ရေ ချော့ချော့"
_____________________________________
Hyunsuk တစ်ရေးနိုးမျက်လုံးဖွင့်ကြည့်လိုက်တော့
ဘေးကုတင်မှာငုတ်တုပ်ထိုင်ပြီးကြိတ်ငိုနေတဲ့
Junkyu...
"Kyu Kyu ဘာဖြစ်တာလဲ ဒီချိန်ကြီးထိမအိပ်သေးဘူးလား"
"ငါကကို့ကိုဖုန်းဆက်ပြီးချော့ပေမယ့်
ကိုကငါ့က်ိုပြတ်မယ်တဲ့ပြောတယ်"
"အော် Junkyu ရယ် အဲ့ကောင်အမြဲအဲ့လိုလုပ်နေကြပဲဟာ"
"ဒီတခါကမတူဘူး သူ့ Ig မှာငါနဲ့ပုံတွေတောင်
မရှိတော့ဘူး ဖျက်ပစ်လိုက်ပြီ"
"ဟမ် အဲ့ဒါကြောင့် မင်းကခုချ်ိန်ထိ ထိုင်ငိုနေတာလား မနက်အတန်းရှိသေးတယ်လေကွာ
စိတ်လျှော့ပြီးအိပ်လိုက်ပါတော့နော်"
"ဘယ်လိုလုပ်စိတ်လျှော့နိုင်မှာလဲ မင်းမှမခံစားဖူးတာ ဒီလိုမျိုး"
"Yrrr ကိုယ်တိုင်မခံစားဖူးပေမယ့် မင်းကို နေ့တိုင်း ဒီပုံစံနဲ့မြင်နေရတာ ငါမင်းကိုတော်တော်သနားနေပြီ
သူနဲ့လမ်းခွဲလိုက်ပါတော့ကွာ နော်"
"ငါမှ..."
"မပြတ်နိုင်တာမဟုတ်ဖူး မင်းမဖြတ်ကြည့်သေးလို့
မပြတ်နိုင်ဘူးထင်နေတာ ဒီတခါတော့
ငါပြောတာယုံ မင်းဘက်ကခပ်တင်းတင်းနေပြလိုက်
သူ့ဘက်ကပြန်လာစချော့လိမ့်မယ် ခုက မင်းအလျှော့ပေးလွန်းလို့သူကယောက်တက်နေတာ"
"ဟုတ်လားတကယ်လား"
"အေးတကယ်ပေါ့ ဒီရက်ထဲမင်းဘက်ကစပြီး
သူ့ကိုမဆက်သွယ်နဲ့ကြားလား"
"အင်းပါ ငါကြိုးစားပါ့မယ်"
"အင်း ခုတော့အိပ်တော့ Kyu ရေ
မနက်မျက်တွင်းတွေညိုနေမယ်"
"အင်းမင်းလည်းငါ့ကြောင့်အိပ်ရေးပျက်သွားပြီ
Good Night"
_____________________________________
ဝါး...🤭
မနက်မိုးလင်းမျက်လုံးဖွင့်လိုက်တော့
နေကတော်တော်တောင်မြင့်နေပြီ။ညကငိုထားတဲ့
အရှိန်နဲ့အိပ်လိုက်တာမနက်ထိတစ်ရေးပဲ..
နာရီကောက်ကြည့်လိုက်တော့ ၁၁ နာရီထိုးနေပြီ။
"အား ပထမအချိန်တော့လွတ်ပါပြီ Sukkie ကလည်းနှိုးမသွားဘူး"
ငုတ်တုတ်ထထိုင်ပြီးဘေးကုတင်ကို
ကြည့်လိုက်တော့သူ့ရဲ့ အကောင်းစား Roommate လေးက ခူး​ ခေါက်ဆိုပြီးဟောက်တောင်နေသေး
"Sukkie လေးလည်း ညကအိပ်ရေးပျက်တာကိုး
မီယားနဲ"
Junkyu တစ်ယောက် မျက်နှာတောင်မသစ်သေးပဲ
သူ့ကောင်လေးရဲ့ Ig acc ကိုအရင်ဆုံး
ဝင်ကြည့်လိုက်တော့ဟိုကအသွားအစားတောင်
မပျက်ဘူးပျော်ပျော်ရွှင်ရွှင်ပဲ..
တင်ထားတဲ့ပုံကလည်းဘေးမှာကောင်မလေးတွေနဲ့
"ဟူး...နိုးတာနဲ့ စိတ်ညစ်ရတာပဲ...ဒီနေ့တော့
ကျောင်းသွားချင်စိတ်မရှိတော့ဘူး..."
Junkyu တစ်ယောက် Chat Box ကိုဖွင့်လိုက်တော့
"What the f**k!!!! ငါဘာလို့ခုမှမြင်ရတာလဲ
သွားပြီသွားပြီ ခုမှသိခါစရှိသေး
အားနာစရာတွေဖြစ်ကုန်ပြီ!!"
Junkyu ဘာမြင်လိုက်တာလဲ???
သူမြင်လိုက်တာကတော့ Haruto ဆီကပို့ထားတဲ့
message!ညကတော့ကိုယ့်အပူနဲ့ကိုယ်မို့
ဖုန်းတောင်မသုံးဖြစ်တာနဲ့မတွေ့လိုက်တာ ဟိုက သူ့အဖိုးတန် hoodie ကိုပြန်တောင်းထားတာတဲ့....
"Sukkie ya!! ထထ ၁၁ ထိုးနေပြီ မြန်မြန်ထ"
"ဟမ် အာ မင်းကလည်းအလန့်တကြား
ထပြီ ထပြီ ဒီနေ့ကျောင်းသွားအုန်းမှာလား"
"အစကတော့မသွားဘူးလုပ်ထားတာ
ခုတော့မသွားလို့မရတော့ဘူးဟေ့"
ပြောပြီးရေချိုးခန်းထဲတန်းနေအောင်ပြေးဝင်သွားတဲ့Junkyuကိုကြည့်ရင်းခေါင်းတစ်ချက်ခါလိုက်ကာ...
"kyu တစ်ယောက်အသည်းကွဲပြီးပုံမှန်မဟုတ်တော့ဘူးထင်တယ်"
_____________________________________
<<< At Uni >>>
💌 Haruto!မင်းဘယ်မှာလဲ???
ငါမင်းhoodieပြန်ပေးမလို့ ခုကျောင်းရောက်နေပြီ
ညက sms မမြင်လိုက်တာလည်း
မီယားနဲနော်💌
Junkyu တစ်ယောက် လက်တုန်ခြေတုန်နဲ့ပဲ
sms ပို့လိုက်ရင်း reply ကိုစောင့်နေလိုက်သည်။
💌ICဆောင်ရှေ့လာခဲ့💌
"Borrrr!!ငါကICဆောင်ရှေ့ထိသွားရမယ်!!!
Yrrrဒီကောင်တော့ ငါအဲ့ကိုမသွားချင်ဘူးလို့
Jaehyuk တွေ့ရင်မေးလို့ဆုံးမှာမဟုတ်တော့ဘူး..
💌ကျောင်းဂိတ်မှာပဲစောင့်လို့မရဘူးလား
ငါသွားစရာလေးရှိသေးလို့💌
"ကျေးဇူးပြုပြီး......"
💌Arnyi..ကျွန်တော့်အကျီပဲ
ကျွန်တော်ပြောတဲ့နေရာမှာလာပေးရမှာပေါ့💌
"အေးလေ မတတ်နိုင်ဘူးပေါ့ ငါကိုက ရှည်တာပါ ငါကိုက.."
​ခုတော့ကိုယ့်ခေါင်းက်ိုယ်ထုပြီးပွစိပွစ်ိလုပ်ရုံကလွဲလို့ဘာမှမတက်နိုင်ခဲ့....။
<<< Time Skip >>>
💌ငါရောက်ပြီမြန်မြန်ထွက်ခဲ့တော့💌
💌Roll call ခေါ်နေလို့ခဏစောင့်💌
"ဒီကောင်လေးကတော့လူကိုသက်သက်
ဒုက်ခပေးနေသလိုပဲ"
Junkyu တစ်ယောက် စာသင်ဆောင်ရှေ့
ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့
​ဂနာမငြိမ်ဖြစ်နေတုန်း...
"ဟင် kyu ဒီကိုဘာလာလုပ်တာလဲ"
ထင်တဲ့အတိုင်းပဲ မတွေ့ပါစေ ဆုတောင်းကာမှ
တည့်တည့်ကိုတန်းတွေ့တဲ့ Chow Chow
"အာ ဟို မင်းကိုလာတွေ့တာလေ"
"Jinja??ဟီး kyu is the best
ဒါနဲ့ sukkie ကဘာလို့ကျောင်းမလာတာလဲ"
"ညကငါငိုလို့ သူပါအိပ်ရေးပျက်သွားတာ"
ထိုအချိန်နောက်ကထွက်လာတဲ့အသံတစ်ခုက..
"င်ိုပြန်ပြီလား"
လှည့်ကြည့်လိုက်တော့ Haruto!!
ဟုတ်တယ် Chow နဲ့ ဒဲ့မတိုးစေချင်တဲ့
Haruto ဆိုတဲ့ကောင်လေး!!
"ဟင် haruto နဲ့က ??"
"Chow မင်းထင်သလိုမဟုတ်ဖူးနော် ငါက
သူ့ hoodie ပြန်လာပေးရုံပဲ..."
"ဟမ် hoodie ?? ဒါ မနေ့က hoodie ပဲ
မင်းပြောတော့မင်းဟာဆို"
"အာ အဲ့ဒါက..."
"ကြိုက်ရင်လည်းယူလိုက်လေ
သူများတွေကိုတော့ကိုယ့်ဟာမဟုတ်ပဲ
လျှောက်ပြောမနေနဲ့ပေါ့"
ကြားဖြတ်ပြောလိုက်တဲ့Harutoရဲ့စကားကြောင့်
kyu တစ်ယောက် စိတ်တိုရပြန်သည်။
"Borr!!Yrrr မကြိုက်ပါဘူးနော်ရော့ပြန်ယူ"
Junkyu လည်း hoodie ကိုလက်ထဲအတင်းထိုးပေးပြီး Chow လက်ကိုဆွဲကာမြန်မြန်ထွက်ပြေး
လာခဲ့သည်။
လုပ်ချင်ရာလုပ်ပြီးထွက်ပြေးသွားတဲ့ကောင်လေးကြောင့်Harutoရဲ့နှလုံးသားတွေပေါက်ထွက်မတက်
ခုန်လာရပြန်သည်။
____________________________________
"Arigoo မောလိုက်တာ haruto ပါလာသေးလား"
"လှည့်ကြည့်မနေနဲ့ ဟိုကအစထဲက လိုက်မလာဘူး
မင်းကသာအရူးလိုငါ့လက်ဆွဲပြီးထွက်ပြေးလာတာ"
"ရှက်ဖို့ကောင်းလိုက်တာ ထပ်လွဲပြန်ပြီ"
"Junkyu!အမှန်တိုင်းပြောနော်မင်းတို့က
ဘယ်လိုပတ်သက်မှုမျိုးလဲ"
"Yrr တကယ်ဘာမှမပတ်သက်ဖူးနော်
မယုံဘူးလား"
"ယုံပါတယ် မင်းသာမျက်နှာကြီးရဲမနေရင်ပေါ့"
"Yrr!!"
"ငါနောက်အတန်းရှိသေးတယ် မင်းလက်ဆွဲပြေးလာလို့ဒီထိရောက်လာရတာသိလားသိလား"
"မီယားနဲ"
"ငါသွားပြီ မင်းလည်းဂရုစိုက်ပြန် Crying Babe ရေ"
"လူကိုများ ပိတ်ကန်လိုက်ရ"
_____________________________________
Junkyu တစ်ယောက်အတန်းလည်းမတက်ချင်
အဆောင်လည်းမပြန်ချင်သေးတာနဲ့
ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း Jihoon တို့ကို
ဖုန်းဆက်ကြည့်တော့လည်း
အတန်းတက်နေတာကြောင့် basketball ကွင်းဆီပဲ
အပျင်းပြေလာခဲ့လိုက်သည်။

Playful LOVEWhere stories live. Discover now