Ep(7) I love you (Unicode)

754 114 16
                                    

"Borrrrrr!!!!!"
ညဦးပိုင်းဆိုတော့ Hyunsuk အော်လိုက်တဲ့အသံက
တစ်ဆောင်လုံးဟိန်းသွားတာပဲ...
"ရှုး...တိုးတိုးအော်ပါဟ မင်းကလည်း"
"မဟုတ်ဖူးလေ ဒါဆိုမင်းနဲ့Harutoကအခု
ကြိုက်သွားကြပြီပေါ့ဟုတ်လား"
"အဲ့လိုလည်းမဟုတ်ဘူးလို့ သူကရုတ်တရက်ကြီး
လာနမ်းတာလေ အာ mola ငါလည်း မသိတော့ဘူး
ခေါင်းရှုပ်လိုက်တာ ရူးတော့မယ်!!!"
"မင်းအတွက်ကောင်းတာပေါ့ Kyu ရယ်
haruto နဲ့ပဲတွဲလိုက်ပါတော့ကွာ
အခြားသူတွေရဲ့ idol coupleတောင်
ဖြစ်ကြအုန်းမယ်"
"တွဲလို့မှမရတာ ငါမှကိုနဲ့ တကယ်မပြတ်သေးတာပြီးတော့ငါလည်း ကိုကလွဲပြီးအခြားသူနဲ့တွဲဖို့
အစီစဉ်မရှိဘူး"
"မင်းကအဲ့ဒါသက်သက်ခေါင်းမာနေတာပဲ
မင်းရည်းစားကရောခုထိမင်းကိုဆက်သွယ်လို့လား
ကဲပြောပါအုန်း အဲ့ဒါကြောင့်ဘာမှတွေးမနေပဲ
မင်းစိတ်ပျော်ရာလုပ်ရမှာ"
"...."
Junkyu လည်း ဘာမှပြန်မပြောတော့ပဲ
အိပ်ယာဝင်ရန်ပြင်ဆင်လိုက်သည်။
Junkyu Pov : Sukkie ပြောတာလည်းမမှားဘူး
ငါတစ်ခါလောက်တော့စိတ်ကို
အလိုလိုက်ကြည့်သင့်တယ်....
_____________________________________
<<< At Uni >>>
"Yrr Kyu အခုမှပဲပေါ်လာတော့တယ်"
"ဟုတ်တယ် Jihoon ရေ
ငါလည်းစိတ်ညစ်စရာလေးတွေရှိနေလို့"
"မင်းကလည်း ever ညစ်နေတာပဲ ဒီနေ့ငါတို့
Reharseal လုပ်ရမှာ မင်းလိုက်ရင်လိုက်ခဲ့လေ"
"ဟင် ဟုတ်လား ဘယ်ချိန်လဲ"
"ဒီတစ်ချိန်ပြီးရင်သွားရမှာ ဒီနေ့က
မေဂျာပေါင်းစုံဆိုတော့ Haruto လည်းပါမှာ
လိုက်ကြည့်ပေါ့ မင်းသူ့က်ိုမမြင်ဖူးသေးဘူးမလား"
"အာ အင်း ငါတစ်ချိန်တက်ပြီးလိုက်ခဲ့မယ်လေ"
<<< Time Skip >>>
"Sahi ya!!!ငါဒီမှာ"
Asahi ကိုလှမ်းခေါ်လိုက်တဲ့ အသံကြောင့်
Jihoon တို့အုပ်စုလှည့်ကြည့်လိုက်တော့
ဝါးခနဲ ဝိုးခနဲ....
Jihoon : Yrr sahi ya!!မင်းနဲ့ haruto ကသိတာလား
Asahi : အင်းသိတယ်လေ
Doyoung : Yrr ဘာလ်ို့ခုမှပြောတာလဲ အစထဲက
မိတ်ဆက်ပေးပေါ့
Asahi : မင်းတို့ကရောမေးလို့လား
Jihoon : အေးပါ Sahi ကတော့ sahi ပါပဲ
အကုန်မေးမှပြောတတ်တဲ့လူမျိုးဆိုတော့
ငါတို့ပဲမှားတာပါ
Asahi : မင်းတို့ရဲ့ Haruto ဆီသွားမယ်လေ လာ
Jihoon : မရွဲ့နဲ့မရွဲ့နဲ့
"Anneyong"
" အာ Anneyong Sahi သူငယ်ချင်းတွေလား"
"ဟုတ်တယ် Sahi ကမင်းနဲ့ခင်တာကိုတော့
ငါတို့ခုမှသိရတာ"
"Haha သူကအဲ့လိုပါပဲ လာကြလေ
တူတူထိုင်ရအောင်"
Haruto ကမာနလည်းမကြီးပဲဖော်ဖော်ရွှေရွှေ
ရှိတတ်တာကြောင့်အချိန်ခဏလေးအတွင်း
Jihoonတို့နဲ့ရင်းနှီးသွားသည်။
"Jihoon yaa!!!!"
အော်သံနဲ့အတူအပြေးအလွှားရောက်လာတာက
တော့ Kim Junkyu!!
"Kyu လာလာ အမလေးအပြေးအလွှားနဲ့
ဘယ်လိုတောင်ဖြစ်လာတာလဲ"
"ငါ့သူငယ်ချင်းတွေ Show ကိုမမြင်လိုက်ရမှဆိုးလို့ပေါ့ဟဲဟဲ"
"Omo ငါတို့ကခုထိဘာမှတောင်မလုပ်ရသေးဘူး
ဝိုင်းဖွဲ့ပြီးမုန့်စားနေတုန်း Haruto နဲ့လည်း
ခုပဲရင်းနှီးသွားကြတာ"
"အာ အင်း"
Junkyu စရောက်လာထဲက သူ့ရှေ့
ရှေ့တည့်တည့်မှာငုတ်တုတ်ထိုင်နေတဲ့ Haruto က
သူ့ကို ကြည့်လည်းမကြည့်စကားလည်းမပြောပဲ
မသိချင်ယောင်ဆောင်နေတာကြောင့်
Junkyu နည်းနည်းတော့ ဒေါသထွက်လာမိသည်။
ဟုတ်တယ်လေ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတာတွေကိုမေ့ပြီးဒီလိုပေါ့ပေါ့တန်တန်နေနိုင်မှာလား??
"Jihoon ya!!ငါခဏသန့်စင်ခန်းသွားအုန်းမယ်"
"အင်း မြန်မြန်ပြန်လာခဲ့"
Junkyu လည်း Hall ခန်းထဲက မြန်မြန်
ပြေးထွက်လာခဲ့ပြီးအပြင်ရောက်မှအသက်ဝဝ
တစ်ချက်ရှုလိုက်ရင်း...
"ဟူး Haruto အစုတ်ပလုတ်ကောင်
ငါ့က်ိုအခုကျ လစ်လျှူရှုတယ်ပေါ့ အေးလေ
အဲ့ကောင်ကအစထဲကအဲ့လိုPoppinကောင်ပဲကိုး
မုန်းဖို့ကောင်းလိုက်တာ"
"ပါးစပ်ကပါမုန်းနေတာ စိတ်ထဲမှာတော့
ချစ်နေပြီမလား"
"Yrrr လန့်လိုက်တာ !!!!
မင်း ဘယ်ထဲကရောက်နေတာလဲ
ဘာလို့ငါပြောတာတွေကို
အမြဲခိုးနားထောင်နေရတာလဲ သွားသွား"
"ဒီမှာ...ကျွန်တော့်မျက်လုံးတွေကိုသေချာကြည့်"
ပြောပြီးတာနဲ့အနားကိုတဖြည်းဖြည်းကပ်လာတဲ့
ကောင်လေးကြောင့် Junkyu မျက်လုံးနှစ်ဖက်
စုံမှိတ်ထားလိုက်တော့...
"ကျွန်တော့်ကိုကြည့်ခိုင်းတာလေ ဘာလို့
မျက်လုံးမှိတ်ထားတာလဲ မဟုတ်မှခင်ဗျားကို
နမ်းမယ်ထင်နေလို့လား"
"Borr!!မဟုတ်ပါဘူးနော် ငါကအဲ့လိုတွေးစရာလား
ဖယ်ဖယ်!!"
"စိတ်ချပါ ကျောင်းမှာတော့
ကျွန်တော်ခင်ဗျားကိုမနမ်းပါဘူး
တော်ကြာသူများတွေတွေ့သွားရင်...."
"မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေ
အထင်လွဲသွားမှာကိုစိတ်ပူနေတာငါသိပါတယ်
မင်းကမင်းကိုယ်မင်း ဘာထင်နေလဲတော့
မသိပေမယ့်ငါ့ကိုတော့အထင်သေးလွန်းနေတာပဲ
မင်းနမ်းချင်တိုင်းနမ်းရအောင်
ငါက မင်းအပိုင်လည်းမဟုတ်ဘူးရှင်းလား"
"ကျွန်တော်မပိုင်သေးတာသိလို့လည်း
ကျွန်တော်ဆင်ခြင်နေတာပေါ့ ခင်ဗျားက
တကယ်ကလေးအတွေးပဲ"
"ဘာပြောတယ်"
"ဟုတ်တယ်လေ ကျွန်တော်ကဘာပြဿနာမှမရှိဘူး
ခင်ဗျားကို လူကြားထဲလည်းကျွန်တော့်ချစ်သူပါလို့
​ပြောရဲတယ် ဒါပေမယ့် ခင်ဗျားကရော???
ခင်ဗျားက ခုထိသူများရဲ့အပိုင်လေ...."
"....."
"အဲ့ဒါကြောင့်ကျောင်းမှာဆိုအနေထိုင်
ဆင်ခြင်ရမယ်ပြောတာခင်ဗျားအတွက်သိရဲ့လား"
Harutoရဲ့စကားတွေကြောင့် Junkyu ရင်ထဲ
တစ်ဆစ်ဆစ်နာခဲ့ရသည်။ဒီကောင်လေးက
သူ့အပေါ်ဒီလောက်ထိတွေးပေးတတ်လိမ့်မယ်လို့
မထင်ထားခဲ့တာတော့အမှန်ပင်။
"Ruto ya! တောင်းပန်ပါတယ်"
"ဟင် ခင်ဗျားမျက်ရည်တွေကျနေတာပဲ
ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ဒီတိုင်း ငါကပဲ အများကြီး
တောင်းပန်ပါတယ်"
"အင်းကျွန်တော်နားလည်တယ်
ကျွန်တော်ခင်ဗျားကိုနားလည်တယ်"
ပြောပြီးတာနဲ့ငိုနေတဲ့ကောင်လေးကို ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်သည်။
"ကျွန်တော့်ရင်ခွင်ထဲမှာငိုနော် ခင်ဗျား မျက်ရည်တွေကိုဘယ်သူမှမမြင်စေရဘူး"
Kyu လေးကတော့ Ruto ချော့လေ ပိုငိုလေပဲ...
"မင်ိုနဲ့တော့နော် ခင်ဗျားထွက်လာတာကြာနေပြီ
ခင်ဗျားသူငယ်ချင်းတွေစိတ်ပူနေလိမ့်မယ်
​အထဲပြန်ဝင်ကြရအောင်နော်"
"Ha..Haruto"
"အင်းပြောလေ"
"ဘာမှမဟုတ်ဘူး အထဲဝင်ရအောင်လို့..."
"အင်း"
Haruto လှည့်ထွက်မယ်လုပ်တော့ နောက်ကနေ
လက်ကိုလှမ်းဆွဲထားတဲ့ကောင်လေး
"ဟင် Wae"
ဘာစကားမှပြန်မပြောပဲ ခြေဖျားလေးထောက်ပြီး
ပေးလိုက်တဲ့ အနမ်းနွေးနွေးလေးတစ်ချက်က
Haruto ရဲ့နဖူးပြင်ဆီသို့ကျရောက်လာခဲ့သည်။
"ခင်ဗျား...ကျွန်တော့်ကို နမ်းတယ်????"
"ငါ့အနားမှာအမြဲဒီလိုလေးရှိနေပေးပါနော်"
"ဒီလောက်နဲ့ရမလားဗျ"
"ဟင်"
နှုတ်ခမ်းလေးဆူပြပြီး "အွန့် ဒီကိုလည်းနမ်း"လို့ပြောလာတဲ့ကောင်လေး
Awwn🥺❤️ဒီလောက်ချစ်ဖို့ကောင်းအောင်
ချွဲတတ်တဲ့ကောင်လေးကို ဘယ်သူကမချစ်ပဲနေမှာလဲနော်??
Junkyu လည်းဘာမှတွေးမနေတော့ပဲ
သူ့ရှေ့ကကောင်လေးရဲ့နှုတ်ခမ်းဆူဆူလေးကို
အနမ်းခြွေမိတော့တစ်ဖက်ကကောင်လေးကလည်း
သေသေချာချာကိုဖက်ပြီးပြန်နမ်းတော့တာပဲ...
ခဏကြာတော့အနမ်းတွေကိုရပ်တန့်လိုက်ပြီး
တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်းပြုံးမိကြသည်။
"အာ့"
"ဟင်ဘာဖြစ်တာလဲ"
"မင်းနမ်းတာငါ့နှုတ်ခမ်းပေါက်သွားပြီကြည့်
ရီမှစပ်မှန်းသိတယ် ဟွန့် Haruto စုတ်"
"ကျွန်တော်ဆေးလိမ်းပေးမယ် ဒါပြီးရင်
Basketball hall ထဲလာခဲ့နော်"
"ပြီးရော"
"ဒါဆို ကျွန်တော်တို့တွဲကြပြီလား"
"အာ mola mola"
ပြောပြီး ရှက်ရှက်နဲ့ ထွက်ပြေးသွားတဲ့
ကောင်လေးကို Haruto မျက်စိတစ်ဆုံး
လိုက်ကြည့်ရင်း ရင်ဘတ်ကိုစမ်းကြည့်လိုက်တော့
ဒုတ်ဒုတ်ဒုတ်ဒုတ်နဲ့ ခုန်တဲ့အသံက အပြင်ထိပါ
ကြားရသည်အထိ။
Haruto Pov : ကျွန်တော်မစောင့်တော့ဘူး!!
အတ္တကြီးတယ်ပဲပြောပြော ကျွန်တော် ခင်ဗျားကို
အမြန်ဆုံးပိုင်ဆိုင်ရအောင်ကြိုးစားမှာမို့
ခင်ဗျားဘက်ကသာ ကျွန်တော့်ကိုချစ်တာ
သေချာပါစေဗျာ...."
_____________________________________
"Kyu မင်းနှုတ်ခမ်းကဘာဖြစ်တာလဲ"
"အာ ခုနဘေစင်နဲ့ဆောင့်မိတာ"
"ဖြစ်လိုက်ရင်တစ်လွဲတွေချည်း ဒါနဲ့ Haruto
ကိုတွေ့မိသေးလား"
"မတွေ့မိပါဘူး Wae???"
"အော်ဟိုမှာပြန်လာပြီပဲ Ruto ya!!!!"
Junkyu Pov :  Ruto ya Ruto ya နဲ့
Park Jihoon အစုတ်ပလုတ်!!!!
Rutoတစ်ယောက်အထဲဝင်လာထဲက မျက်လုံးက Junkyu နှုတ်ခမ်းဆီမှာချည်းပဲ!!ကိုယ်တိုင်ပေးထားရတဲ့အချစ်ဒဏ်ရာလေးတွေကိုကြည့်ပြီး ပြုံးစိစိနဲ့
ကျေနပ်နေတယ်ထင်ပါရဲ့...
<<< Time Skip >>>
"Arigoooo ဒီနေ့တော့ပြီးသွားပြီပဲ မောလိုက်တာ"
"Jihoon ya မင်းအရမ်းမိုက်တယ်"
"Yrr ငါကဘယ်သူလဲ Park Jihoon လေ ဟဲဟဲ
ဒါနဲ့ Kyu အဆောင်ပြန်မှာလား"
"အမ် Arnyii ငါသွားစရာရှိသေးလို့"
"ဘယ်ကိုလဲ ငါတို့လည်းလိုက်မယ်လေ"
"Yrr လိုက်လို့မရဘူး!!"
"Yrr Wae မင်းနော်ဘယ်သူနဲ့သွားတွေ့မှာလဲ
ပြောစမ်း"
"ငါ့..ငါ့ငယ်သူငယ်ချင်းနဲ့မို့ မင်းတို့ကိုမခေါ်တာပေါ့"
"ပြီးရော ပြီးရော Kim Junkyu နော်
တခုခုလျှ်ိုထားလို့ကတော့တွေ့မယ်"
"အေးပါ ဒါနဲ့ Haruto ရော"
"ထွက်သွားတာကြာလှနေပြီ Wae??"
"ဒီတိုင်း...ငါလည်းသွားပြီတာ့တာ"
တက်ကြွနေတဲ့ပုံစံနဲ့ခုန်ပေါက်ပြီးထွက်သွားတဲ့
Junkyu ကြောင့် Jihoon တို့လည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြရင်း..
"ထူးဆန်းတယ် ထူးဆန်းနေတယ်"
_____________________________________
<<< At Basketball Hall >>>
Junkyu ရောက်တော့ Hall ထဲလည်းဘယ်သူမှ
မရှိဘူး...
"ဟင် Haruto မလာသေးတာလားမသိဘူး"
​အဲ့အချိန်မှာပဲနောက်ကနေသိုင်းဖက်လိုက်တဲ့
ကိုယ်နွေးနွေးလေးနဲ့အတူ....
"ကျွန်တော် ဒီမှာ"
"ဟင် ဘယ်မှာလဲ မမြင်ရပါဘူးနော် 😛"
"မမြင်ရရင်မြင်ရအောင်ပြပေးရမှာပေါ့"
အပြောနဲ့တူတူ ခါးကနေဆွဲလှည့်လိုက်တာကြောင့်
နှစ်ယောက်သားမျက်နှာချင်းဆိုင်
အနေအထားလေးဖြစ်သွားတာမို့
Junkyu မျက်လွှာလေးအောက်ချထားလိုက်သည်။
"ကျွန်တော့်ကိုဘာလို့တည့်တည့်မကြည့်တာလဲ"
"ရင်ခုန်လို့"
Junkyuပြောလိုက်တော့
တစ်ဖက်ကကောင်လေးကသူ့ခါးလေးကို
တင်းနေအောင်ပွေ့ဖက်လိုက်ပြီး.....
"ချစ်တယ် အရမ်းချစ်တယ်"
"ငါလည်းချစ်ပါတယ် ဒါပေမယ့်....."
စကားတောင်မဆုံးသေး...တစ်ဖက်က
နှုတ်ခမ်းနွေးနွေးလေးတစ်စုံကသူ့နှုတ်ခမ်းပေါ်
ကျရောက်လာပြန်သည်။
"ဒါပေမယ့်ဆိုတာကိုဆက်မပြောပါနဲ့
ချစ်တယ်ဆိုရင်ပဲရပြီ...နောက်ပိုင်း
ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်က
နားလည်ပေးမယ်...နာကျင်ရရင်တောင်
ခင်ဗျားကိုဘယ်တော့မှမမုန်းဘူး..နော်..."
"Ruto ရယ်"
မျက်ရည်လေးတွေဝဲပြီးRutoနှုတ်ခမ်းလေးတွေကို
လာစနမ်းလေရဲ့...
"ကျွန်တော်ဖွဖွလေးပဲပြန်နမ်းတယ်နော်
နှုတ်ခမ်းဖူးဖူးလေးထပ်ပေါက်သွားမှာဆိုးလို့"
"မင်းနမ်းလို့ရတဲ့ဒဏ်ရာပဲ ငါကြိုက်ပါတယ်"
"ချစ်လိုက်တာကွာ....လာဆေးလိမ်းပေးမယ်
ကလေးပေါက်စလေးကို"
Ruto ဆေးလိမ်းပေးတော့ အနာက စပ်လို့လားမသိဘူး နှုတ်ခမ်းလေးကတုန်နေလေရဲ့...
"ခင်ဗျားကတကယ်နူးနူးညံ့ညံ့လေးပဲ
ကျွန်တော်အသဲမယားပဲဘယ်လိုလုပ်နေနိုင်မှာလဲ"
ဘာပြောပြော ပြောသမျှကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့
ကြည့်နေတဲ့ကောင်လေးကို Ruto ရင်ခွင်ထဲဆွဲသွင်းထားလိုက်ရင်း....
"ကျွန်တော့်ကိုဒီလိုပဲအမြဲချစ်သွားပါနော်
မပြောင်းလဲသွားပါနဲ့...."
"အင်း...ဒါပေမယ့် ငါက ငါ့ရည်းစားနဲ့... "
"ကျွန်တော်သိတယ် ကျွန်တော်သိတာမို့
ကိုယ့်ဟာကိုယ်အပြစ်မတင်ပါနဲ့ သူ့ကို
ကြိုးစားပြီး လူရောစိတ်ရော အဆက်ဖြတ်လိုက်ပါနော် ကျွန်တော်အချိန်ပေးပါ့မယ်"
"Gomaworr Ruto ya!!မင်းလောက်
ငါ့အပေါ်ကောင်းမယ့်သူမရှိတော့ပါဘူး
တကယ်မင်းကိုငါအလိုအပ်ဆုံးပဲ...."
ရင်ခွင်ထဲမှီထားတဲ့ ခေါင်းလေးကို
အနမ်းဖွဖွလေးပေးလိုက်တော့
မော့ကြည့်ပြီးပြုံးပြတဲ့ကောင်လေး

Haruto Pov : အဲ့ဒီအပြုံး..အဲ့ဒီအပြုံးက
ကျွန်တော့်ဘဝ!!ဟုတ်တယ် ခင်ဗျားပြုံးနေမှ
ကျွန်တော်အသက်ရှင်နိုင်တော့မယ်ထင်ပါရဲ့...
____________________________________

Playful LOVEWhere stories live. Discover now