Ep (4) I'll protect you (Unicode)

725 113 12
                                    

မိုးကလည်းအေးအေး ညကလည်းမူးထားတဲ့အရှိန်နဲ့
အိပ်ပစ်လိုက်တာ kim junkyu တို့ တုပ်တုပ်မျှမလှုပ်။
"kyu kyu ထတော့လေ မနက်စာစားရအုန်းမယ်"
"ဝါး🤭မစားတော့ဘူး နေ့လည်စာနဲ့ပဲပေါင်းစားတော့မယ်"
"ပြီးရောဒါဆို Chow နဲ့ပဲသွားစားလိုက်တော့မယ်"

<< Time Skip >>
ထမင်းစားခန်းတွင် Hyunsuk နဲ့ Jaehyuk တို့
မနေ့ညကသူတို့မွှေခဲ့တဲ့ဇာတ်လမ်းအကြောင်း
ပြန်ပြောနေကြသည်။
"ညကကိစ္စဘယ်လိုလုပ်ကြမလဲ"
"Haruto က တကယ်လာမှာလည်းမဟုတ်ပါဘူးကွာဒီနေ့ကကျောင်းပိတ်ရက်ကြီးကို"
"အေးလေဟုတ်တာပဲ"
"Yrrr Haruto က အဆောင်ရှေ့ဘာလာလုပ်တာလဲ"
"တကယ်ကြီးလား သွားကြည့်ရအောင်လာ"
ပြောပြီးထမင်းစားခန်းထဲကနေထွက်သွားတဲ့
သူတွေကြောင့် Hyunsuk တို့ပါးစပ်အဟောင်းသား
"Yrrr မြန်မြန်အပေါ်တက် Junkyu ကိုနှိုး"
"hyunsuk ရေငါတို့တော့ပြသနာတက်ပြီ"

Jaehyuk တို့ အခန်းထဲ ကပြာကယာဝင်လာကြပြီး
Junkyu ကိုအတင်းနှိုးကြတော့သည်။
"Kyu Kyu ထထ"
"အာ ဘာလဲကွာ မနက်စာမစားတော့ပါဘူးဆို"
"အဲ့ဒါမဟုတ်ဘူး မင်းအခုထမှရမယ် Haruto မင်းကိုလာစောင့်နေတယ်"
"အင်း ခဏစောင့်လို့ပြောလိုက်"
Junkyu အိပ်ချင်မူးတူးနဲ့ပြောလိုက်ပြီးမှ
အသိစိတ်ဝင်လာပြီးမျက်လုံးများပင်ပြူးကျယ်သွားသည်။
"Borrrrr Haruto ????Wae Wae သူက ဘာလို့ငါ့လာစောင့်နေရတာတုန်း"
"အဲ့ဒါက မင်းပဲမနေ့ညက မူးပြီး Ph ဆက်တာလေသူ့က်ို"
"Hummm ငါကသူ့ကိုတွေ့ဖို့ပြောလိုက်တာလား"
"တွေ့ဖို့ကတော့ ဟို...မင်းပြောတာမဟုတ်ဖူး...."
"ဟမ် ဘာတွေလဲ ငါဘာမှမမှတ်မိတော့ဘူး"
"အဲ့ဒါတွေနောက်မှပြော
အခုအဆောင်ရှေ့ရောက်နေပြီ မြန်မြန်လုပ်"
"Yrrr Yrrr ဘာလုပ်ရမှာလဲ ဘယ်သွားရမှာတုန်း"
Junkyu တစ်ယောက်ကတော့
ကြောင်တောင်တောင်နဲ့ဖြစ်နေတုန်း
Hyunsuk တို့ကို အတင်း ရေချိုးခန်းထဲ
တွန်းပို့လိုက်ကြသည်။
"Kyu မြန်မြန်လုပ်နော် ငါတို့အဝတ်စားထုတ်ပေးထားမယ်"
"Yrrrr မင်းတို့ပြန်လာမှတွေ့မယ် ကို့က်ိုတောင် ဘယ်လိုချော့ရမလဲစဉ်းစားမရဖြစ်နေတာကို
Harutoနဲ့တွေရအုန်းမယ်တဲ့ဟေ့ ငါ့ဘဝကလည်း"
"Junkyu ကလည်း မင်း ကို က မင်းကို ညက
စာလေးတစ်စောင်တောင်ပို့လို့လား
ဆိုးချင်းဆိုးမင်းကစိတ်ဆိုးရမှာလေ
သူ့ဘာချော့စရာရှိလဲ"
"ဒါပေမယ့်ငါကဖုန်းဆက်လိုက်သင့်တာကိုး
ညကမူးပြီးပေါက်ကရတွေလုပ်လိုက်မိတာ
ခုတော့ဒုက္ခရောက်ပြီ"
"အဲ့ဒါတွေနောက်မှပြော ခုရေမြန်မြန်ချိုး"
<<< Time Skip >>>
Junkyu တစ်ယောက်ရေချိုးပြီးထွက်လာတော့
Jaehyuk နဲ့ Hyunsuk တို့က မချိုမချဉ် မျက်နှာထားတွေနဲ့ အဝတ်စားတွေအဆင်သင့်
ထုတ်ထားကြသည်။
"Kyu လေးကြိုက်တာရွေး ဘာဝတ်မလဲ"
"Hoodie ပဲဝတ်တော့မယ် မင်းတို့နော်
သိပ်မရိုးသားဘူး ငါသိနေတယ်"
"Kyu ကလည်း ငါတို့လည်း Ruto
တကယ်မလာလောက်ဘူးထင်လို့စလိုက်တာပါ
မီယားနဲ ဟီးဟီး"
"အေးအေး...မင်းတို့ပြန်လာမှတွေ့မယ်သိလား"
Junkyu လည်း hoodie ပန်းရောင်လေးနဲ့
ဘောင်းဘီ အနက်လေးကို သပ်သပ်ရပ်ရပ်
ဝတ်လိုက်ပြီးအဆောင်အောက်ဆင်းလာခဲ့သည်။
အဆောင်ထိပ်ထိလိုက်ပို့တဲ့အမွှေစိန်နှစ်ယောက်က
တော့ပြုံးစိစိနဲ့ ဖိုက်တင်း Sign ပြပြီးကျန်ခဲ့ကြသည်။💪

Playful LOVETempat cerita menjadi hidup. Temukan sekarang