Ep(12) Why not??I love You!!

648 95 11
                                    

ညက (၁၀) နာရီလောက်ရှိပြီ။
လမ်းတစ်လျှောက် တိတ်ဆိတ်နေလေသည်။
လမ်းမီးတိုင်အောက်ရှိ ပလက်ဖောင်းမှာ
ကျွန်တော့်အကျီစကိုဆွဲကိုင်ရင်း

"Ruto ငါတို့နောက်တစ်ကြိမ်အစကပြန်စလို့ရမလားဟင်"ဆိုပြီးမရဲတရဲမေးလာတဲ့ Junkyu ဆိုတဲ့
လူသားလေးကိုကြည့်ကာ ကျွန်တော့်ရင်တွေနာလာခဲ့သည်။

ဘာလ်ို့လဲ ခင်ဗျားရယ် ဘာလို့ ကျွန်တော့်ရှေ့မှာ
ထပ်ပြီးမျက်ရည်တွေကျနေရတာလဲဗျာ။

"Ruto"

"ဗျာ"

"တခုခုပြန်ပြောပါအုန်း"

"Sorryပါဗျာကျွန်တော်စဉ်းစားနေလို့ပါ"

"အင်းပါ နားလည်ပါတယ် Ruto လည်း
ငါ့ကိုပြန်လက်ခံသင့်မခံသင့်သေချာစဉ်းစားရမှာပေါ့"

"အဲ့ဒါမဟုတ်ပါဘူးဗျာ"

"တောင်းပန်ပါတယ်နော် Ruto
ပြီးတော့.....ကျေးဇူးလည်းတင်ပါတယ်"

"မလိုပါဘူးဗျာ ကျွန်တော်အမြဲ
ခင်ဗျားနားမှာရှိပါတယ်"

​ကျွန်တော်အဲ့လိုပြောလိုက်တော့
အကျီစကို တင်းတင်းဆွဲထားတဲ့လက်တွေက
ခါးကိုလာပွေ့ဖက်လေရဲ့....

ခင်ဗျားတကယ်ကျွန်တော့်ကိုပြုစားနိုင်လွန်းတယ်
Kim Junkyu ရယ်။
________________________________
"ပြန်လာပြီလား ဘယ်တွေသွားနေတာလဲ"
Sukkieရဲ့အမေးကိုပြန်မဖြေပဲအိပ်ယာပေါ် ဘုန်းခနဲလှဲချလိုက်သည်။
"Kyuu!!!"
"ဘာလဲကွာ"
"ငါမေးနေတယ်လေ"
"ဒီလိုပါပဲကွာ မွန်းကြပ်လို့ခဏထွက်ပြေးမိတာ"

"အေးမင်းအဲ့လိုကြပ်ကြပ်လုပ် ကြာရင် Ruto က
မင်းနှိပ်စက်တဲ့ဒဏ်ကြောင့်ရူးသွားလိမ့်မယ်"

Sukkie ပြောတာလည်းမမှား။
Ruto က ကျွန်တော့်ကိုတော်တော်ချစ်တာ
ကျွန်တော်သိတာပေါ့။ ကျွန်တော်လည်း
Ruto ကိုချစ်ပါတယ် ချစ်ပေမယ့် ကျွန်တော့်
အချစ်တွေကသူ့ကိုထပ်ခါထပ်ခါ
နာကျင်စေတယ်လေ။လက်လွှတ်မလား
ဆိုတော့လည်းကျွန်တော်လက်မလွှတ်နိုင်ဘူး။
ကျွန်တော်ရဲ့သတ္တိမရှိခဲ့ခြင်းတွေပါပဲ။

"အေးပါကွာ ငါRutoကိုထက်ပြီး မနာကျင်စေရပါဘူး"

"ပြီးတာပဲ အခု မင်းကို Ruto ပြန်လိုက်ပို့တာမလား"

Playful LOVEWhere stories live. Discover now