Ep (18) We're Just Friend

509 103 19
                                    


"မင်းလက်ကိုဖယ်လိုက်"

"မဖယ်နိုင်ဘူး ငါKyuနဲ့စကားအေးဆေး
ပြောချင်တယ်"

"မင်းနဲ့သူ့ကြားမှာဘာမှပြောစရာမရှိဘူး
ထင်တာပဲ Kim Junkyu shi ကရော
ပြောချင်ရဲ့လား"

"အာညီး မပြောချင်ပါဘူး"

"ဒါဆိုရပြီ လာသွားမယ်"

ပြောချင်ရာပြောပြီးပိုင်စိုးပိုင်နက်နဲ့
လက်ဆွဲခေါ်လာတဲ့ Haruto ရယ်ပါ။

ဝိုင်းကိုပြန်ရောက်တော့ ကိုယ့်နေရာကိုယ်
ပြန်ထိုင်ကြတာပေါ့။

ဒါပေမယ့်ကျွန်တော့်မျက်လုံးတွေက
Haruto ဆီကိုပဲရောက်နေခဲ့တယ်။
သူနဲ့တူတူပါလာတဲ့ကောင်မလေးက
ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး
ကိုမေးတယ်ထင်ပါရဲ့။

ကျွန်တော့်ကိုတစ်ချက်လှမ်းကြည့်တယ်။
ပြီးတော့သူပြောလိုက်တဲ့စကား

"ဒီတိုင်းသူငယ်ချင်းပဲလေ
ဘာဖြစ်လို့လဲ" တဲ့

သူငယ်ချင်း...?
ဟုတ်မှာပါ ငါတို့ကအခုတော့
သူငယ်ချင်းကောင်းတွေပဲဖြစ်မှာပါ။

ကျွန်တော်ယုံကြည်ထားတဲ့အရာတွေ
မကုန်ကြေမွပျက်စီးသွားသလိုခံစားရတယ်။

ကျွန်တော်သူ့ရှေ့မှာမငိုချင်တာကြောင့်
"သန့်စင်ခန်း"ခဏသွားလိုက်အုန်းမယ်
ပြောပြီး အပြင်ထွက်လာခဲ့တယ်။

ကောင်းကင်ကိုမော့ကြည့်လိုက်တော့
ဒီညကကြယ်တွေစုံတဲ့ညပဲ။

ပါးပြင်ပေါ်နွေးခနဲဖြစ်သွားတဲ့
ခံစားချက်တစ်ခု။ကျွန်တော်ငိုနေပြီဆိုတာပါပဲ။

အသံမထွက်အောင်ပါးစပ်ပိတ်ပြီး
ကြိတ်ငိုမိတယ်။

ကျွန်တော့်ရှေ့မှာလာရပ်တဲ့ခြေတစ်စုံ။

"Kyu ငိုနေတာလား"

ဒါက ကျွန်တော်ရင်းနှီးခဲ့တဲ့အသံပါပဲ
ဒါပေမယ့်ကျွန်တော်မျှော်လင့်နေတဲ့သူတော့
မဟုတ်ခဲ့ဘူး...

"ဟင် မဟုတ်ပါဘူး"

"ငိုနေတာအသိသာကြီးကို ဘာဖြစ်လို့လဲ"

"ကိုယ့်ဟာကိုယ်ငိုငိုမငိုငို ဘာဆိုင်တာကျလို့
ဒီတိုင်း မမြင်ချင်ယောင်ဆောင်သွား
လိုက်ပါလား"

Playful LOVETahanan ng mga kuwento. Tumuklas ngayon