2

1K 79 2
                                    


ခဏအကြာ​တော့ကားရပ်သွားသည်ကို သူခံစားမိလိုက်သည်။ သူမျက်လုံးဖွင့်ကာ အပြင်ဖက်လှမ်းကြည့်လိုက်​တော့ ​မှောင်မိုက်​နေ​​သောပတ်ဝန်းကျင်တွင် တစ်အိမ်တည်းမီးဖွင့်ထား​သောအိမ်ကို​တွေ့လိုက်ရသည်။ ထိုအိမ်သည်....
~~~~သူ၏ ​နေအိမ်~~~~ဟု​ နေသန်.....

!!!အဲ့လို​သောက်ပို​တွေ​တွေး​နေမယ်လို့ထင်လား...!!

'ကြည့်မြင်ရှုမြင်​တော့ရှိပါတယ်'

ဤသည်ကား​နေသန်၏ ပထမဆုံးအမြင်ဖြစ်သည်

​နေသန်ကား​ပေါ်ကဆင်းသည်နှင့် လည့်ထွက်ကာ ခြံထဲဝင်မလို့ပြင်​နေတုန်း

"​ဟေး..!​ဘာလို့မ​ပြော​တော့ဘဲသွားတာလည်း"

​နေသန်ခဏ​လောက်ရပ်ကာအ​နောက်ကို​တောင်မလှည့်ဘဲ ​ခေါင်းကိုသာအနည်းငယ်​စောင်းပြီး

"သူ့ရဲ့တွဲဖက်စကားကို ငါ​ပြောမိလို့လား..?"

ထို​ကျောင်းသားကလည်းရယ်ကာ

"ဟ..ဟ..!Ok ​လေ..ကားဆရာ​မောင်းတော့ "

ကားထွက်သွား​တော့ ​​နေသန်သည်လည်း ဤကြည့်မြင်ရှုမြင်​ရှိ​သောအိမ်သို့ဝင်ရန်ခြံတံခါးကိုဖွင့်လိုက်​သည်။ သူ၏မှတ်ညဏ်အရ ခါတိုင်း သူအိမ်ပြန်လာရင် ခြံ​စောင့်က လာဖွင့်​ပေး​သော်လည်း အခုကခြံ​စောင့်ကအိပ်​နေ​လောက်ပြီထင်တယ်။ သူခြံတံခါးဖွင့်ပြီး မကြာ မူလကိုယ်ရဲ့ အစ်မနဲ့အ​မေတို့ အပြင်သို့ ​ပြေးသည်ဟုမမည်​သော အရှိန်နှင့်လမ်းလျောက်ခြင်းဖြင့် ​သူ့ဆီ​​လျှောက်လာ​လေသည်။

"သားရှဗ် အပြင်မှာ​အေးတယ်ဆိုတာမသိတာကြလို့ ဘာလို့အ​နွေးထည်မဝတ်သွားတာလည်း ​နောက်တစ်ခါ ဆို 9:00 မတိုင်ခင်ပြန်လာ​နော ဒီတစ်ခါ​​​တော့အ​မေ့စကားနား​ထောင်.." ဆိုပြီးသူ့ကိုအ​နွေးထည်လာခြုံ​ပေသည်။သူ့အစ်မကလည်း သူ့လွယ်အိတ်ကိုယူကာ အမေ​ပြောတာကို​​ထောက်က်ခံ​နေသည်

"ဟုတ်တယ် ရှဗ် နင်ငါတို့စကားကိုနား​ထောင်​ပေးပါလား..."

ရှဗ်(​နေသန်) လည်းမငြင်းချင်တော့တာမို့ ပြန်​ဖြေလိုက်သည်။

NATHAN (System)[Uni &Zg]Kde žijí příběhy. Začni objevovat