3

771 78 6
                                    

"တဒ်..တဒ်..တဒ်..တီတီ..!!တီတီ!!"

ရှဗ်ဟင်းချက်​နေစဥ် အ​ပေါ်ထပ်ကalarmအသံကြား​တော့ ဟင်းအိုးမီး​လျော့ကာ alarmကိုသွားပိတ်ဖို့ ​ အေပရွန်ကိုမချွတ်ဘဲတက်သွားလိုက်သည်။
alarmကိုပိတ်ပြီ​အောက်ပြန်ဆင်းလာ​တော့ အယ်ဗလင်းက သူ့ကို​လှေကားရင်းမှာ​စောင့်နေသည်။

"အ​စောကြီးထပြီးဘာလုပ်​နေတာလည်း အား​နေရင်ငါ့ကိုဟင်းလာကူပြင်​ပေးပါလား"

လက်ကို​နောက်ပစ်ကာ သူ့ကိုပြုံးပြုံးကြီးကြည့်​နေ​သော သူမ​ကြောင့် သူ့ကိုတစ်ခုခုလုပ်​တော့မှာသိ​နေ​​ပေမယ့် မျက်​မှောင်ကျုံ့ကာ ဆက်ဆင်းလာလိုက်သည်။ ရှဗ် သူမနဲ့နီးဖို့ ဆယ်​ပေအကွာ​လောက်လို့တဲ့ချိန်မှာ သူအ​နောက်ကတစ်စုံတစ်ရာကိုထုတ်လိုက်သည်။ ရှဗ်​သေချာကြည့်​တော့ အဲ့တာကဖုန်းမှန်းသိတာနဲ့ မျက်နှာကိုလက်ဖြင့်အမြန်ကာလိုက်သည်။ ဖုန်းမီးကငါးချက်​လောက်လင်းပြီးမှ ရပ်သွားသည်။ ​ရှဗ်လက်ကိုဖယ်လိုက်ကာ သူ့အစ်မကို​မေးလိုက်တယ်။

"အစ်မ..နင်အဲ့ဖုန်းကိုချက်ချင်းခွဲပြီးရင် ငါနင့်ကို​FAKE limited edition ​ကိုဝယ်​ပေးမယ်ဆိုရင်နင်ခွဲမှာလား"

အယ်ဗလင်း ​ခဏကြောင်အသွားပြီးတော့ မျက်​တောင်ပုတ်ခပ်ပုတ်ခပ် လုပ်ကာစဥ်းစားမ​​နေ​တော့ဘဲ

"တကယ်​နော...ခွဲမယ်.! ခွဲမယ်. !ပြီးရင်ငါ့ကိုတစ်ကယ်ဝယ်​ပေးရမယ်​နော..."

"အင်း.. "

"FAKE ​နော limited နဲ့​နော"

"အင်း...အခုချက်ချင်းဆို ကာဗာ​ကောပါတယ် တစ်ပတ်အတွင်းဘဲ"

"အားး..!!ငါ့​မောင်​လေးကဘယ်တုန်းကအဲ့​လောက်​တောင်ချစ်ဖို့​​ကောင်းလားရတာလည်း...ရပြီ..ရပြီ အမခွဲလိုက်ပြီ​​နော"

"ခလွမ်း.!!"

(​ဆောရီးပါ ငါဖုန်း​​လေးရယ် ငါဆိုတဲ့ အသစ်​တွေ့အ​ဟောင်း​​မေ့​လေးကို ရင်နာနာနဲ့မုန်းပစ်လိုက်ပါ..... )

ရှဗ်သူ့အစ်မလုံးဝ သံ​ယောဇဥ်မရှိသလိုဖုန်းကိုပစ်ချပြီးခွဲတာကြည့်ပြီးတော့ သူမကလုံးဝကို လိုချင်​နေမှန်း ​သေချာသိလိုက်ပြီး သုံးရက်အတွင်းရ​အောင် မှာ​ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ​အောက်ဆင်း​နေတုန်း ​ရေချယ်အသံကိုကြားလိုက်သည်။

NATHAN (System)[Uni &Zg]Where stories live. Discover now