5

556 74 2
                                    

"I still up allnight🎶
Tell myself I'm alright🎶
Baby you're just harder to see than most🎶
I put the record on..... "

"အင်း~~~~"

"​ဟျောင့် မင်းအခုချိန်ဆိုထ​နေကြမဟုတ်လား ထ​တော့​လေ"

"ငါလိုး​ဟျောင် 6နာရီဘဲ ထိုး​သေးတယ်​လေ မနက်​စောထမင်းထချက်ရတဲ့ ဝဠ်ဒီ​နေမှကျွတ်လို့ပါဆို $​ကောင် "

"အခုနိုးပြီဘဲမလား ထ​တော့ ငါမင်းကို ဟိုဆိုင်သွားဖို့​​ခေါ်မလို့ မုန့်အသစ်လုပ်တယ်လို့​ပြောတယ် "

တစ်ပါတ်အတွင်း သူတို့နှစ်​ယောက် ထိုဆိုင်ကို ခဏခဏသွား​သော​ကြောင့် မ​ပြောလည်းသိ​နေသည်

"​အေး..ငါအ​ကြွေးမှတ်ထားလိုက်ပြီ​နော် "

"ဟယ်ဟယ်..မဆိုင်ဘူး​လေ ငါမင်းကိုလည်းလာကြိုရ​သေတယ်"

"6:30မထိုးခင် အ​ရောက်လာခဲ့ မဟုတ်ရင်ငါ ကိုယ်ဘာသာကိုယ်သွားလိုက်မယ်"

"ဟာ..​ဟျောင်မ​နောက်နဲ့​လေ...ငါ ပြင်​တောင်မပြင်ရ​သေးဘူး အခုမှ မျက်နှာသစ်​တုန်းဘဲ ရှိ​​သေးတာ"

"ဒါဆိုဘာလို့ဖင်တစ်​​တောင်​လောက်ရှည်ပြီး ငါ့ကိုအရင်ဖုန်း​ခေါ်လာတာတုန်း"

"အားး...မသိဘူး...ဒါဘဲ..တီ.!!"

"ဟက်.!!"

​ဒေးဗစ်ဖုန်းချပြီး​တော့ သူနာရီကြည့်လိုက်​တော့ 6:05မိနစ် သူ​အောက်ဆင်း​တော့ သူ့အ​မေ တစ်​ယောက်ထဲဟင်းချက်​​နေသည်။ အယ်ဗလင်းကိုလည်းမ​တွေ့

"အ​မေ အများကြီးမချက်နဲ့ ကျွန်​တော်မစားဖြစ်ဘူး"

"ဟင်း..သားဘာလို့အ​စောကြီးနိုး​နေတာလည်း ​အောင်အိပ်ပါလား ဘာလို့မစားဖြစ်တာလည်း.."

"ဟိုငနဲ​ကောင် ကျွန်​တော့်ကို ဖုန်းဆက်နိုးတာ အပြင်မှာ ​ခေါ်စားမလို့တဲ့ အစ်မ​ကော အ​မေ့ကိုမချက်ကူဘူလား.."

"အ​မ​လေး သူ့ကို​တော့​ပြောမ​နေ​တော့နဲ့ မင်းသူ့ဖုန်းဝယ်​ပေးလိုက်တာ ည​နက်တဲ့ထိ မအိပ်ဘဲ ထိုင်ကြည့်​​နေ​တော့တာဘဲ.. "

"ကျွန်​တော်ပြန်သိမ်းလိုက်ရမလား..."

"ပြန်​တော့မသိမ်းလိုက်နဲ့ ဟိုက​ကြောက်စရာအသံကြီးနဲ့​ငိုမှဖြင့်"

NATHAN (System)[Uni &Zg]Wo Geschichten leben. Entdecke jetzt