.4(ZG)

243 8 0
                                    

"လိမ်ေမျာသီးက သိပ်မချိုဘူး နောက်တခါဝယ်ရင် ဈေးကြည့်ပြီး မဝယ်နဲ့ "

"ဒီဖေ...."

"ဟင်..ဆက်ပြောလေ"

"ကျစ်..မင်းတစ်ယောက်ထဲလား ဟိုကောင်တွေကော"

"ကျွန်တော်နဲ့ ဟိုကောင်လေ...နာမည်မေ့သွားပြီ အဲ့ကောင်နဲ့က စတီဗင်းဆိုတဲ့ကောင်ကို ကျောင်းလာထုတ်မလို့"

"ဟိုကောင်ဆိုတာ ဘယ်....."

"ဟျောင်...ငါ့နာမည်ဟိုကောင်မဟုတ်ဘူး ငါတို့တွေ့တာ ဒီတစ်ခါပါပေါင်းရင် သုံးခါတောင်ရှိပြီလေ ငါ့နာမည်တော့မှတ်ထားသင့်ပါတယ် "

ပြောတာတောင်မပြီးသေး ပေါ်လာသောကောင်ကြောင့် ကျောင်းအုပ်ကြီးခေါင်းကိုက်သွားသည်။
ထိုနှစ်ကောင်ပေါင်းရင်တော့ ဘယ်သူမှမနိုင်နိုင်တော့

"သုံးခါလုံးမင်းဘဲ ငါ့ကိုလာတွေ့တာလေ ငါမင်းကို လာရှာတာမို့လို့ မှတ်ထားရမှာလား"

ပြောရင်း သူ့လိမ်ေမျာသီးကိုထပျ လာနှိုက်သော ကောင်ကို မကြည်တော့

"ငါမင်းကို မတက်ခိုင်းရင် မင်းညကစောစောရောက်မှာမို့လို့လား ပြီးတော့ ကျေးဇူးတင်စကားကိုပြောခိုင်းတာတောင် ငါမင်းကိုတောင်းဆိုလို့လားတဲ့ သောက်ကျေးဇူးကန်းကောင်"

ဟော အဲ့ကောင်လည်းလာနှိုက်ပြန်ပြီ

"သိရင်ဘာလို့ လာပြောနေသေးတာလည်း "

"ရှီး.....ကျောင်းအုပ်လိမ်ေမျာသီး ဖိုးတောင်မတတ်နိုင်ဘူးလားဗျာ ဝယ်ရင်လည်း ရတဲ့လစာနဲ့ ကိုက်အောင်ဝယ်လေ မဟုတ်ရင် ပန်းသီး ဝယ်လိုက်ပေါ့ လိမ်ေမျာသီးဆို အဲ့လိုအမှိုက်တွေပွကုန်မှာဗျ.."

ဒေးဗစ်က စားတာတောင်မပြီးသေး အပြစ်ရှာနေသည်

"သောက်ကလေးတွေ စားတာလည်းမင်းတို့ဘဲ ပွတော့ ငါ့ကိုလာပြောတာပေါ့ တံခါးဘေးမှာအမှိုက်ပုံးရှိတယ် အဲထဲထည့် အခုချက်ချင်း"

သန့်ရှင်းရေးလုပ်ခိုင်းတာနဲ့ ဒေးဗစ်က ချက်ချင်း

"ဟယ်ဟယ် ကျောင်းအုပ် ကျွန်တော်တို့စားလို့မပြီးသေးဘူးလေ ပြီးရင် ရှင်းပါမယ်ဗျာ"

NATHAN (System)[Uni &Zg]Where stories live. Discover now