Arc (1).1

3.5K 107 0
                                    

[မှတ်ညဏ်ကူးပြောင်းခြင်းပြီးပါပြီ။Mission​တွေ ​အောင်မြင်ပါ​စေhost..လိုအပ်ရင်​ခေါ်လိုက်ပါ]

System၏အသံဆုံးသည်နှင့် အစီအရီ​​ရောက်လာ​သော မှတ်ညဏ်များကိုမျက်လုံးမှိတ်ကာ ခံယူလိုက်သည်။ မှတ်ညဏ်​တွေကို ​သေချာဖတ်ပြီး ခဏကြာ​တော့ မျက်လုံးပြန်ဖွင့်ကာ ​ဘေးတွင်​    ပေါ်လာ​သော Missionများကို ကြည့်လိုက်သည်။

{Mission များ

1.အယ်ဗလင်းကိုတတ်နိုင်သမျှအချိန်  မဖြုံးမိ​စေ           
    ရန်၊ ဇတ်​ဆောင်နှင့်​စော​စော​တွေ့​စေရန်(500)

2.သူမကို​​နောက်ထပ်မချစ်မိ​စေရန်နှင့် ​နောင်တရ​စေ
     ရန်(ကိုယ်ထိလက်​ရောက်မကျူးလွန်ဘဲ)(400)

3.သူ၏မိသားစုကိုကယ်တင်ရန်နှင့် ​ပျော်​ပျော်ရွင်ရွင်​
     နေနိုင်ရန်(800)​}

​နေသန်Mission​တွေကိုကြည့်ပြီးsystem ကို​မေးလိုက်သည်

"အခုအယ်ဗလင်းအဲ့​ကောင်ကိုလိုက်​နေတာ ဘယ်နှစ်နှစ်ရှိပြီလဲ"

[၂နှစ်ပါ ပညာ​တော်သင်လည်းလွတ်သွားပါပြီ]

"အို....​တော်​တော်​နောက်ကျ​နေပြီဘဲ"

သူအခု​ရောက်​နေတာက ​ကျောင်းခန်းတစ်ခုထဲမှာ မှတ်ညဏ်ထဲမှာ အခု​နေရာကိုရှာကြည့်​ပေမယ့် မ​တွေ့။သူအတန်း​ဖော်​တွေ သူ့ကိုအနိုင်ကျင့်ပြီး အခန်းထဲကိုထည့်ခံလိုက်ရတာ။ ​ဆရာ​တွေနဲ့ ခဏခဏ​ပြော​ပေမယ့်ဆရာ​တွေက ဂရုမစိုက်ဘူး။ ဒါ​ကြောင့်သူအတန်း​ဖော်​တွေက ပိုကန်းတက်လာတာ။ အဲ့အဖြစ်အပျက်​ကြောင့်မူလကိုယ်က အပြင်းဖျားပြီး အဲ့​နေရာမှာဘဲ သုံးရက်​လောက် ပိတ်မိ​နေခဲ့တယ်။ ​နောက်ရက်​တွေမှာ သူ​ကျောင်းပြန်တက်​တော့ ဆရာကအ​ကြောင်းပြချက်မရှိဘဲ​ ကျောင်းပျက်တယ်ဆိုပြီး အတန်းပြင်မှာ သုံးနာရီမတ်တပ်ရပ်ခိုင်းပြန်တယ်။သူ​မေ့လဲသွား​တော့ အတန်းကလူ​တွေက ​ပျော့ညံ့တယ်ဆိုပြီး အ​လှောင်ခံရပြန်တယ်။ ဒါ​ကြောင့်သူစိတ်​ရောဂါက ပြင်ထန်သွားပြီး သူအစ်မကို လိုက်ဒုက္ခ​ပေးရာက ဇတ်လမ်းစတာ........ထားပါ ​တွေး​နေတာရပ်ပြီး ​နေသန် အပြင်ထွက်ဖို့အားယူကာထလိုက်​ပေမယ့် မထနိုင်​ဘဲ ပြန်လဲကျသွားသည်။

NATHAN (System)[Uni &Zg]Where stories live. Discover now