11(ZG)

137 5 0
                                    

ဒီနေ့က december 23ကျောင်းပြပွဲမစခင် တစ်
ရက်အလိုဖြစ်သည်။ ရှဗ်ထိုအတွက်ပြင်ဆင်နေတာ အခုထိမပြီးသေး၊ သူမှာထားတာတွေလည်း အခုမှရောက်တုန်း။
ရှဗ်မှာတဲ့ပစ္စည်းတွေများလွန်တော့ ဒေးဗစ်ပေးတဲ့ပိုက်ဆံတွေတောင်ကုန်လုနီးပါး၊အခုတောင် သူသုံးတော့မယ့်ဟာတွေနဲ့ဆိုကုန်လောက်မည်။

သူလွန်ခဲ့တဲ့ 7ရက်လောက်ကတည်းက တိုက်ခန်းတစ်ခုကိုငှားကာ ပွဲအတွက်တိုးတိုးတိတ်တိတ်ပြင်ဆင်နေတာဖြစ်သည်။ သူ့မိဘတွေကတော့ ဆေးရုံမှာတစ်ပတ်လောက်နေပြီးတာနဲ့ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ဆင်းလာသည်။ သူအိမ်ပြောင်းမယ်ပြောတော့ စိတ်ပူစွာခွင့်ပြုလိုက်သည်။

အော်ပြီးတော့ ဟိုတစ်ခေါက်သူစစ်ခိုင်းတဲ့DNAရလာဒ်ကတော့ မကိုက်ညီဘူးဆိုတာထွက်လာသည်။ လုံးဝမကိုက်ညီတာမဟုတ်ဘဲ အမျိုးနီးသူတွေဖြစ်သည်။ ဒါပေမယ့်ထိုအဖြေက ဇတ်ညွန်းကိုပြောင်းစေတာမဟုတ်တော့ သူစိတ်ထဲမထားတော့။

သူအခု ကျောင်းစာတွေကို တစ်ချက်တောင်လှန်မကြည့်တော့၊ ဘာလို့လည်း..?
ဟိုကောင်မကသေသွားပြီကော.!!

သူစာကြိုးစားခဲ့တာက သူလူတော်ဖြစ်လာပြီး ထိုကောင်မကသူ့ကိုလက်လွတ်လိုက်ရလို့ နောင်တရအောင်လုပ်ဖို့လေ
အဲ့တာဟိုသောက်....

"NOW count it 5,10
yeah 15,20..
25,30 yeah get the money.
Throw it in the furnace.
Yeah this SHIT be funny.
Earn it just to burn it
Swag drippi......"

သူစဉ်စားရင်ဒေါပွနေတုန်းမြူးကြွနေတဲ့ဖုန်းသံလာတော့ အတွေးကပြတ်သွားသည်။

သူ့ဖုန်းသံက..?အော် အရင်ဖုန်းသံက နည်းနည်းဆွေးရလို့ စိတ်အခြေအနေနဲ့မကိုက်တာနဲ့ ချိန်းလိုက်တာ၊
သူဖုန်း contactကိုကြည့်လိုက်တော့ 'ငလူးအရက်သည်'
ကုတင်ပေါ်ကဆင်းကာ ဝရန်တာ အပြင်ထွက်ပြီးကိုင်လိုက်သည်၊

"အင်..ဘာလဲ"

ရက်ပိုင်းအတွင်း ကြားနေရသည့် ထိုကောင်၏ အမြင်ကပ်စရာကောင်းသည့်အသံက ထွက်ပေါ်လာပြန်သည်။

"ဟျောင်~~ လာသောက်ကူဦးလေ"

ဘာလို့လည်း..?
အသည်းကွဲနေလို့တဲ့..ဟုတ်တယ်
သူနဲ့ ဟိုသောက်jakeက ပြတ်သွားတာ...ပြောရရင်တော့...သောက်jakeရဲ့ သောက်အချစ်ဦးက ပေါ်လာပြီး သောက်jakeက ပြန်ကြွေသွားတာကြောင့် ငါ့သောက်ကောင်ကို သောက်စိတ်ကစားတာဆိုပြီးဖြတ်လိုက်တော့ ငါ့သောက်ကောင်ကလည်း အသည်းကွဲဟန်ဆောာငျတာပေါ့ တစ်ကယ်တော့ ဘယ်လိုမှမခံစားရဘူးတဲ့

NATHAN (System)[Uni &Zg]Where stories live. Discover now