Chapter 11 _ အမျိုးသမီးဝတ်စုံ

Start from the beginning
                                    

ရဲမက်ခေါင်းဆောင်က ဒူးတစ်ဖက်ထောက်လိုက်ကာ ရင်ဘတ်ပေါ် လက်တင်လိုက်သည်။ ထို့နောက် နယ်စားမင်း ဂါဆီယာအား ဆိုလိုက်၏: "အရှင် တော်ဝင်နယ်စားမင်း၊ ဒါကတော့ စွန့်စားသူ လောရင့်စ်ပါ။ သူက အရည်အချင်း တော်တော်ရှိပါတယ်။ နှစ်ယောက် အသေအရှင် တိုက်ခိုက်ရမယ်ဆိုရင်၊ ကျွန်တော်မျိုးကတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ပါဘူး"

"စစ်သည် ဝေါကာ၊ ငါ မင်းအပေါ် အလေးစားဆုံးအရာက မင်းရဲ့ ရိုးသားမှုနှင့် မျှတမှုပဲ" နယ်စားမင်း ဂါဆီယာက သူ့လက်ထဲတွင် ကိုင်ထားသည့် ဝိုင်ခွက်ကို ချလိုက်ပြီး ရဲမက်ခေါင်းဆောင်ကို ထူပေးလိုက်သည်။ "ငါ မင်း ထောက်ခံပေးတာကို ယုံကြည်ပါတယ်။ ကျန်တဲ့ စစ်သည်တွေက ဘာမှ မကန့်ကွက်ဘူးဆိုရင်၊ ငါ အခုချက်ချင်း ရဲမက်တံဆိပ်ပြားကို ချီးမြှင့်ပေးလိုက်မယ်"

ရဲမက်ခေါင်းဆောင်က လှိုက်လှဲစွာ ကျေးဇူးတင်လိုက်သည်: "အရှင့်ရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

လူတွေရဲ့ စိတ်ကို ကြိုးကိုင်တဲ့နေရာမှာ တော်တာပဲ။ ရှင်ယဲ့ နယ်စားမင်း ဂါဆီယာကို သုံးသပ်လိုက်သည်။ ထိုလူမှာ ရည်မှန်းချက်ကြီးသည့် လူဖြစ်ပံုရလေသည်။

အခန်းထဲ မရောက်လာခင်တုန်းက၊ ရှင်ယဲ့ နယ်စားမင်း ဂါဆီယာ၏ ရဲမက် ဖြစ်သင့်မဖြစ်သင့်ကို သေချာမဆုံးဖြတ်ရသေးပေ။ ယခု ဒီနယ်စားမင်းက အလကားလူ မဟုတ်ဘူးဆိုတာကို အတည်ပြုပြီးသည့်အခါတွင် သူ့စိတ်ကို ဆုံးဖြတ်လိုက်တော့သည်။

"အရှင် နယ်စားမင်း" ရှင်ယဲ့ အသာလေး အလေးပြုလိုက်ကာ၊ နယ်စားမင်း ဂါဆီယာကို ပြောလိုက်သည်။ "ရဲမက်တစ်ယောက်မဖြစ်လာခင်၊ ကျွန်တော် နယ်စားမင်းကို သီးသန့် တင်ပြစရာရှိပါတယ်။ ကျွန်တော်ပြောမယ့် စကားကို နားထောင်ပြီး ကျွန်တော့်ကို ရဲမက်အဖြစ် လက်ခံချင်သေးတယ်ဆိုရင်၊ ကျွန်တော် နယ်စားမင်းအတွက် အသက်စွန့် တာဝန်ထမ်းဆောင်ဖို့ ဝန်မလေးပါဘူး"

"‌တော်တော် အတင့်ရဲတဲ့ လူပဲ!" နယ်စားမင်း ဂါဆီယာ နောက်တွင်ရပ်နေသည့် အိမ်တော်ထိန်းက ကြိမ်းမောင်းလိုက်လေ၏။ "မင်းလို သရုပ်မှန် သေချာမသိတဲ့ လူတစ်ယောက်ကို၊ နယ်စားမင်းနဲ့ နှစ်ယောက်တည်း ထားခဲ့ဖို့ ဘယ်လိုလုပ် ခွင့်ပြုရမှာလဲ?"

High Energy QR Code [ Myanmar translation ]Where stories live. Discover now