အမှန်အတိုင်းဆိုရလျှင် လုထောင်သည် ၎င်းနည်းလမ်းအား အပြည့်အဝ သဘောမတူမိပါချေ။ လေ့လာမှုများအရ Zerg မျိုးစိတ်ပေါင်း 30,000 ကျော်ခန့်ရှိ၍ ၎င်းတို့အနက်မှ 5,000 ကျော်ခန့်ကသာ အဆိပ်ရည်အား ထုတ်လွှတ်နိုင်ခြင်း ဖြစ်၏။ ထိုမျိုးစိတ် 5,000 လုံးအား တစ်ကောင်ချင်းစီ ဖမ်းဆီး၍ အဆိပ်ရည်အသီးသီး ထုတ်ယူကာ စမ်းသပ်ခြင်းကသာ ပို၍ ထိရောက်မည်ဟု သူက ထင်မိလေသည်။

သို့သော် ၎င်းထက် ပိုထိရောက်သည့်နည်းလမ်းကလည်း ရှိသေး၏။ Zerg များနေထိုင်ရာ ကမ္ဘာအား ဖျက်ဆီးပစ်ခြင်းပင်။ လူသားမျိုးနွယ်၌ Zerg များနှင့် သမန်းဝံပုလွေများ၏ နေထိုင်ရာ ကမ္ဘာအသီးသီးအား ဖျက်ဆီးပစ်နိုင်ပါသော အဆင့်မြင့်လက်နက်များ ရှိသည့်တိုင် ၎င်းနည်းလမ်းက အသုံးပြု၍မရပါချေ။ အကယ်၍ လက်နက်သုံး၍သာ ၎င်းကမ္ဘာနှစ်ခုအား ဖြိုခွဲလိုက်ပါက အာကသတစ်ခုလုံးအတွင်း ပမာဏကြီးမားသော ပြောင်းလဲမှုတို့ ဖြစ်လာမည်ဖြစ်ကာ တစ်လောကလုံးလည်း အချိန်တစ်ခုကြာသည်အထိ ရုန့်ရင်းဆန်ခတ် ဖြစ်သွားလိမ့်လေမည်။ ထိုအခါ မိမိတို့လူသားများလည်း ဒုက္ခရောက်ရမည် ဖြစ်၏။

ထို့ကြောင့် ၎င်းနည်းလမ်းမှာ မူလအစကတည်းက အပယ်ခံလိုက်ရတော့သည်။ ယခုအချိန်၌ ကျန်ရှိနေသည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ အခြားကမ္ဘာများအား မထိခိုက်စေပါဘဲ Zerg မျိုးနွယ်ကိုသာ အပြတ်ရှင်းနိုင်မည့် လက်နက်အား တီထွင်နိုင်ဖို့ ဖြစ်၏။ သို့သော် ထိုကဲ့သို့သော လက်နက်ဖွဲ့စည်းပုံမှာ အကောင်အထည်ဖော်ရန် ခက်ခဲလွန်းလှသဖြင့် ၂၅ ကြိမ်တိုင်တိုင် စမ်းသပ်စစ်ဆေးမှုက ကျရှုံးခဲ့ရပြီးလေပြီ။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ မျှော်လင့်ချက်က ရှိလာပြီဖြစ်၏။ လုထောင်၏ ဦးနှောက်အတွင်းမှ အဆိပ်ရည်သည်ကား ၎င်းနည်းလမ်းအတွက် အခြေခံ လိုအပ်ချက် ဖြစ်လိမ့်လေမည်။

အမှန်မှာမူ Zerg နှင့် သမန်းဝံပုလွေမျိုးနွယ်များအား မျိုးတုန်းသုတ်သင်ချင်သည်မှာ လူသားမျိုးနွယ်တိုင်း၏ဆန္ဒ မဟုတ်ရပါချေ။ အချို့လူများသည် ၎င်းရန်သူများနှင့် ပတ်သက်၍ အချင်းချင်း ဖျက်ဆီးဖို့မဟုတ်ပါဘဲ ထိုအစား နှစ်ဦးနှစ်ဖက် ညီမျှစွာဖြင့် နောက်အနာဂတ်၌ အတူတကွ ယှဉ်တွဲနေထိုင်လိုကြပြန်သည်။ ဒေါက်တာထျန်သည်လည်း ထိုကဲ့သို့သော လူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်ကာ သူသည် အခြားမျိုးနွယ်ဝင်များအား အမြစ်ဖြတ်သုတ်သင်ရန် သဘောမတူခဲ့ပါပေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now