"မင်း အားဂူးနဲ့ လမ်းလျှောက်မလား?"

ကျစ်ရှုကဘာမှမပြောဘဲ လည်ပတ်ကြိုးအား လွဲယူလိုက်ရင်းမျက်နှာလေးပေါ်တွင်
ရွှင်မြူးတက်ကြွမှုနှင့်အတူ ဂရုတစိုက်သတိထားလျက်လမ်းလျှောက်လာခဲ့သည်။

"မင်းက ခွေးတွေကို သဘောကျရက်နဲ့
ဘာလို့ မင်း စိတ်ကို ချုပ်တည်းပြီး
မမွေးတာလဲ?"

အိုက်ကျိယွီသည် ကျစ်ရှု၏ဘေးတွင်
လမ်းလျှောက်လျက်လိုက်ပါလာရင်း
ပြုံးလျက်မေးလိုက်သည်။

ဟယ်ကျစ်ရှုသည်ခေါင်းလေးခါလိုက်ရင်း,

"ကျွန်တော့်မိသားစုက ခွေးမွေးရတာကို
မကြိုက်ကြဘူး"

အိုက်ကျိယွီထိုစကား၏အဓိပ္ပာယ်ကို သဘောပေါက်လိုက်ရင်းချက်ခြင်းပင် ကျန်းဝမ်ရွှီကိုလည်းမနာလိုပင်ဖြစ်နေမိသည်။ထိုအခိုက်အတန့်သူဘာဆက်ပြောရမှန်းမသိရှိနေခဲ့သည်။

အိုက်ကျိယွီသည် ပတ်ဝန်းကျင် ရှိ
ပူနွေးသောလေထု၏အထိအတွေ့အား
ကားထဲက မထွက်ခင်ကပင်ရခဲ့သည်။ကျစ်ရှု သည် ကုတ်အကျီကို ခေါက်တင်လိုက်ရင်း ထိုအကျီလေးအား သူတန်ဖိုးထားမှုကိုတော့မူ
မစွန့်လွတ်နိုင်လျက်။

"မင်းက သူပျော်ဖို့ အတွက်အမြဲကြိုးစားနေခဲ့ရပုံဘဲ ...ကျစ်ရှု....ကိုယ် အဲလိုလူမျိုးတွေအကြောင်း ကောင်းကောင်းသိတယ်၊
သူတို့မှာ တစ်ယောက်ထက်ပိုတဲ့ ချစ်သူတွေ
ရှိကြပြီး လူတိုင်းကို လဲ စကားချိုချိုလေးနဲ့
သိမ်းသွင်းကြတယ် ,မင်းက ကလေးမှ
မဟုတ်တော့တာ မင်းရဲ့ အနာဂတ်အတွက်
မင်းစဥ်းစားသင့်တယ်"

ထိုစကားကြောင့်ပင် ကျစ်ရှုရုတ်တရက် ရယ်လာခဲ့ရင်း တကယ့်တကယ်တွင်လဲ သူ့အတွက်မူ ထိုစကားလုံးများကရယ်စရာ သက်သက်ပင်။ဟယ်ကျစ်ရှုသည်အိုက်ကျိယွီအား ခေါင်းလေးစောင်းလျက်ကြည့်လိုက်သည်။

"မင်း ပြောတာက ...သူ့ကို ငါက
မမေ့နိုင်ဘူးလို့ ထင်နေတာလား"

"ငါက မင်းလှည့်စားခံရမှာစိုးလို့ပါ"

ဟယ်ကျစ်ရှုသည် အဝေးပြေးလမ်းမပေါ်မှ
အိမ်များ၏ပြတင်းပေါက်မှ မီးမှိန်မှိန်များကို
ငေးနေရင်း အိုက်ကျိယွီကားမောင်းသည်မှာ အလွန်မြန်လွန်းသည်ဟု တွေးလိုက်မိရာမှ
မျက်မှောင်ကြုတ်လိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Kde žijí příběhy. Začni objevovat