" အင်း ငါကိုယ်တော်မြတ်ကျေနပ်အားရတော်မူတယ် အခုပင် အိပ်ဆောင်ဆီကြွမြန်းတော်မူမယ်ကွဲ့ ငယ်ကျွန်ကြီးရဲ့ "

" စောက်ကျိုးနည်းလေး "

အကိုကြီးကင်မ်စီးထားတဲ့အိမ်စီးဖိနပ်အပါးသည် သားလေးကင်မ်၏ ကျောပြင်နှင့် kissing ပြေးဆွဲသည်။

" ဆော့ဂျင် သား အေးဆေးနားနော် လိုတာရှိရင် ဟိုအကောင့်ကို ပြောလိုက် သိလား ကလေးလေးတွေရောပဲ လွတ်လွတ်လပ်လပ် နေကြ "

" ဟုတ် အန်ကယ် "

ဆော့ဂျင် ရင်လေးမိသည်။ဒီမျောက်သားအဖနဲ့သူနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ သူသေချာမသိ။

ဒီကြားထဲ ကင်မ်နမ်ဂျွန်းရဲ့မိထွေးဆိုတဲ့တစ်ယောက်ကရှိသေးသည်။အမယ်လေး စိတ်တွေချမ်းသာလိုက်တာ။ဒီပုံစံအတိုင်းဆို ကင်မ်ဆော့ဂျင်လေးသေချာပေါက်ဂေါက်သွားမှာပဲ။

ဥပမာ ကင်မ်နမ်ဂျွန်းတို့သားအဖလိုပေါ့။
ဟိုနားလွတ် ဒီနားလွတ်နဲ့ ဦးနှောက်တစ်ခန်းလွတ်နေကြတာ။

" တိမ်သေးသေးငယ်လေး အဲ့မှာရပ်မနေနဲ့ မောင်နဲ့လိုက်ခဲ့ "

" ဟုတ် "

" ကလေးတို့ရောပဲ ကိုယ်အခန်းလိုက်ပြမယ် "

" ကိုကြီး ငယ်လေးတို့မောင်နှမတစ်ခန်းထဲတူတူနေလို့ရတယ်မလား "

" အင်းရတယ် ငယ်လေး စိတ်ကြိုက်နေကြနော် "

" ဟုတ်ကိုကြီး ကျေးဇူးပါ "

" တိမ်ငယ် ဒါမောင့်အခန်း ဝင်ပြီး စောင့်နေလိုက် ကလေးတွေကို အခန်းပြပြီးပြန်လာခဲ့မယ် "

" ဟုတ် မောင် "

ဆော့ဂျင် မောင့်အခန်းဆိုတဲ့ အခန်းထဲဝင်သွားလိုက်သည်။

ရွှေပေါ်မြတင်သူဌေးသားတစ်ဦးရဲ့ အခန်းက သူအတွေးတွေထဲက နဲ့တော့သိပ်မတူလှ။ တစ်ခုမှမတူဘူးဆို ပိုမှန်မလား။

အဖြူရောင်လင်းလင်းကြီး မဟုတ်ဘဲ ဆယ်စွယ်ရောင်လိုလို နို့နှစ်ရောင်လိုလို အခန်းနံရံလေးကရိုးရိုးရှင်းရှင်းလေးဖြစ်သည်။

မိုးပြာရောင် ခန်းဝင်ပစ္စည်းတွေကအများဆုံးရှိပြီး အကုန်လုံးကိုသူနေရာနဲ့သူ သပ်သပ်ရပ်ရပ်လေးစီထားသ​ည်။

တိမ်ငယ်-တိမ္ငယ္(uni>zawgyi)complete Where stories live. Discover now