part-1(U+Z)

8.2K 188 0
                                    

(Unicode)

မှောင်မဲနေတဲ့ အခန်းကျဥ်းလေးထဲမှာ
သေးငယ်လွန်းတဲ့ ကုတင်လေး
စတိုခန်းလောက်ပဲ ရှိတဲ့ အဲ့အခန်းလေးမှာ
ပြတင်းပေါက်လေး ထဲက ကျလာတဲ့
ဖျော့တော့တော့ အလင်းရောင်လေးသာ။
ဖျော့တော့တော့ အလင်းရောင်လေးနဲ့တောင်
ဖြူဝင်းနေသော 14 နှစ်အရွယ်
ကောင်လေးတစ်ယောက်။
အခန်းကျဥ်းထဲမှာ ရှိနေပင်မဲ့
အဲ့ကလေးရဲ့ အတွေးထဲမှာ
သူဟာ အရမ်းကျယ်လွန်းတဲ့
ဟောပြောပွဲခန်းမကြီးလို
မြင်ယောင်နေမိတယ်။
လက်ကလေးကို မိုက်ပုံစံလေး
ဆုတ်ထားလျက် ဘယ်သူ့မှ
မရှိတဲ့ အဲ့အခန်းရဲ့ နံရံကို
ကြည့်လျက် စတင်နှုတ်ဆက်ခဲ့တယ်။

အားလုံး... မင်္...လာပါ။
Oh!sorry ကျွန်တော်ပြောတာ
နည်းနည်းမြန်သွားတယ်။
အမေကတော့ အမြဲပြောတယ်

"နင့်အနောက်ကျားလိုက်နေလို့လားတဲ့"

ကျွန်က အရမ်းသွက်တာပါ။
အဲ့လိုဆိုလို့ မလန့်သွားနဲ့ဦး
ခင်များတို့ကို ဖြေးဖြေးခြင်း
ကြိုးစားပြီး ​ပြောပြပေးမယ်နော်။
ဘယ်ကနေ စပြောရမလည်း
မသိလို့ ကျွန်တော့ အကြောင်းကနေ
စပြောလိုက်တော့မယ်နော်။
ကျွန့်တော့ နာမည်ကတော့
*တေဇာရဲမာန်* ပါ။
အသက်ကတော့ 14 ပါဗျ။
ကျွန်တော့ အ​ေဖကတော့
*ဦးတေဇာ*ပါ။
မြန်မာနိုင်ငံရဲ့ အချမ်းသားဆုံး
သူ​ဌေးတွေထဲက တစ်ယောက်ပေါ့ဗျ။
ကျွန်တော့ အဖေနဲ့ အမေရဲ့အကြောင်းကို
ပြန်ပြောရမယ်ဆိုရင်။သုံးပတ်လောက်
အရင်က ကျွန်တော်အတိတ်ကို
သွားရလိမ့်မယ်။ဘာလို့လည်းဆိုတော့
သူတို့က ကျွန်တော့နားမှာ
မရှိကြတော့လို့ပါ။
မရှိကျတော့ဘူး ဆိုတာထက်
အဝေးကို ပို့ခံလိုက်ရတာဆိုရင်
ပိုမှန်မယ် ထင်ပါတယ်။
အခုတော့ ကျွန်တော့ရဲ့
သုံးပတ်အရင်က အတိတ်ကို
စိတ်ကူးနဲ့ပဲ ပြန်ခံစားပြီး
ပြောပြပေးမယ်နော်။
ကျွန်တော်ပြောသမျှကို စိတ်ကူးနဲ့
ပုံဖော်ရင်း ခံစားကြည့်ပေးပါနော်။

ကျယ်ဝန်းလွန်းတဲ့ ခြံဝန်းကြီးနဲ့
ခန့်ညားထယ်ဝါတဲ့ အိမ်ကြီးကြီးက
အလည်မှာ နေရာယူထားလျက်ပေါ့။
အဲ့ဒါကတော့ ကျွန်တော့တို့ အိမ်ပါ။
ဒီအရုပ်လေးတွေ အများကြီးနဲ့
အိပ်လိုက်ရင် လူပါ
နစ်ဝင်သွားလောက်အောင်
နူးညံ့အိစက်နေတဲ့ ကုတင်ကြီးက
အလယ်မှာ နေရာယူထားပြီး
ပတ်ပြေးပြီး ကစားလို့ရအောင်
ကျယ်ဝန်းတဲ့ အခန်းကြီးက
ကျွန်တော့ အခန်း​ပေါ့။
ခုဏ အဖေ့အေကြာင်းပဲ
ပြောရသေးတယ်နော်။
အမေကတော့.....

အမုန်းလွန်၍...(Completed)(U+Z)Where stories live. Discover now