မတွေ့ရမချင်း စိတ်မချရတာကို
ဟန်မင်းဆက်က ညကတည်းက ph ဆက်တာကိုလည်း မနက်ရောက်မှ ပြောတယ်

တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်
တွေးရင်းလူက ဒေါသထွက်လာပြန်ပြီ

"စောစောတည်းက ပြောလို့ရရဲ့သားနဲ့ မနက်ရောက်မှ ပြောတယ်"

" ....... "

"ရောက်သင့်တဲ့ အချိန်မှာ မရောက်တော့ဘူး"

" ........ "

ကြည့် လူကိုနည်းနည်းလေးမှ အဖတ်မလုပ်ဘူး

"ခန့်ညားထည်ဝါ ပြောနေတယ်ကြားလား"

" ....... "

"ခန့်ညားထည်ဝါကြီး"

"အင်းပါ ခွန်းရယ်
ကိုယ်တောင်းပန်ပါတယ်ကွာ နော်
သူက ညသန်းခေါင်မှ ဆက်တာလေကွာ
အဲ့တာကြောင့် ကိုယ်က ခွန်းကို မနှိုးချင်လို့ပါ
သူလည်း သွားနေပြီပဲကို အရမ်းစိတ်မပူပါနဲ့ နော်

ကိုယ်တောင်းပန်ပါတယ်ကွာ"

" ....... "

"စိတ်မဆိုးပါနဲ့ကွာ နော်
ခွန်း စိတ်ဆိုးရင် ကိုယ်ဘယ်လိုနေရမှာလဲ"

" ...... "

"မောင်တောင်းပန်ပါတယ် မောင့်အချစ်ရယ် နော်"

"တော်ပါ အပိုတွေ
လုပ်ချင်ရာလုပ် ပြီးမှ မျက်နှာငယ်လေးနဲ့ အမြဲအဲ့တိုင်းပဲ"

"မဟုတ်ရပါဘူးကွာ"

"ဟုတ်ပါတယ်"

ဟန်မင်းဆက် ဟန်မင်းဆက်
မင်းနဲ့ငါနဲ့ တွေ့မယ်

At last night,

"အေး မင်းဆက်ပြော"

"ခန့်ညား ငါ နေရာကိုသိပြီ"

"တကယ်လား ဘယ်နေရာလဲ စိတ်ချရလား"

"နေရာက တိကျတယ်
လူလည်း ဘာမှ မဖြစ်ဘူး
ငါ လိပ်စာကို ပို့ထားလိုက်မယ်

ပြီးရင် ခွန်းကို ခေါ်ပြီးလာခဲ့"

"ကောင်းပြီ ငါခွန်းကိုခေါ်ပြီး အခုထွက်လာခဲ့မယ်"

"မဟုတ်ဘူး"

"ဘာ"

"မင်းကလည်းကွာ
ငါနဲ့ အမရာနဲ့ မတွေ့ရတာ နှစ်ရက်ကျော်ပြီကွ"

You had me at helloWhere stories live. Discover now