Chapter 27 ( Merry christmas) Z/U

1.5K 195 15
                                    

Zawgyi

ဟော့မိတ်စ်၏ လှပသောမနက်ခင်းက ကုန်ဆုံးသွားပြီး နေ့လည်ပိုင်းသို့ကူးပြောင်းလာပြီဖြစ်သော်လည်း နှင်းပေါက်များက အခုထိ ကျနေတုန်း....။

နောက်နာရီဝက်လောက်ဆို ဟော့ဝပ်သို့ ပြန်ရတော့မည်ဖြစ်သဖြင့် ဟယ်ရီတစ်ယောက် ဟော့မိတ်စ်ကို နှုတ်ဆက်သည့်အနေဖြင့်ရပ်ကြည့်နေမိသည်...။

"ဟယ်ရီ!"

'ဟယ်ရီ'ဟုခေါ်သံနှင့်အတူ ဒရေကို့ရဲ့ နွေးထွေးတဲ့ လက်တစ်စုံက ဟယ်ရီ့ရဲ့ ခါးသွယ်လေးပေါ် သိုင်းဖက်လာသည်...။

"ပြောလေ!ဒရေကို.."

သူ့အား သိုင်းဖက်ထားသော ဒရေကို့ရဲ့ လက်ဖမိုးလေးပေါ် သူ့လက်ဖဝါးလေးနဲ့ ပြန်လည်အုပ်မိုးစေလိုက်ပြီး ဒရေကို့ကို စကားဆိုစေလိုက်သည်..။

"ငါတို့ပြန်ရတော့မယ်လေ..."

"အင်းပါ..ငါသိပါတယ်!"

ဟယ်ရီက ဒရေကို့ရဲ့လက်ဖဝါးလေးကို ကိုင်ပြီး ဒရေကို့ကို မျက်နှာချင်းဆိုင်လိုက်ကာ နီစွတ်စွတ် နှုတ်ခမ်းပါးလေးသို့ အနမ်းတစ်ပွင့်ချွေလိုက်သည်...။

"ဟော့ဝပ်မှာဆို ဒီလိုလုပ်ဖို့ မသေချာဘူး..."

ဟယ်ရီ့ရဲ့ အပြုအမူကြောင့် ဒရေကို တစ်ယောက် အံသြသလို ပျော်လည်း ပျော်မိသည်...။

သူ့ကို မချစ်နိုင်ဘူးဆိုပြီး ချစ်သူရှိသည်လို့တောင် လိမ်ညာပြောခဲ့တဲ့ ကောင်လေးက အခုတော့....

'အော်...အချစ်က လူကို ပြောင်းလဲစေတာပါလား?"

_________________________

"ဟယ်ရီ!"

ဟော့ဝပ်သို့ ပြန်ရောက်ရောက်ချင်း အသံပေးလာသော ဟာမွန်နီ့ကို ဒရေကိုနဲ့ ဟယ်ရီတို့ ပြန်နှုတ်ဆက်လိုက်သည်... ။

"Hi...ဟာမွန်နီ! "

"Hi!ဟော့မိတ်စ်မှာပျော်ခဲ့ရဲ့လား?ဟယ်ရီ!"

ဟာမွန်နီက ဒရေကိုနဲ့ဟယ်ရီတို့ကို တစ်လှည့်စီ ကြည့်ပြီး ပြုံးစိစိနဲ့ မေးသည်...။

"အမ်...ပျော်ခဲ့ပါတယ်!"

"အေးပါ...ပျော်ခဲ့လို့ ငါ့တောင် သတိမရဘူးမလား?"

It's called Drarry ✔✔ ( completed)Donde viven las historias. Descúbrelo ahora